Home » 

Mobile

0, 22 July 2014

ဒီဂိမ်းကတော့ လေယာဉ်မောင်းတဲ့သူတွေ အရေးပေါ်လေယာဉ် ပျက်ကျနိုင်တဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရာသီဥတုကြောင့် လေယာဉ်ကို ထိန်းကျောင်းနေရတဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့လေယာဉ်မှာ ပါဝင်တဲ့ခရီးသည်တွေရဲ့လုံခြုံစိတ်ချမှုရအောင် ထိန်းသိမ်းဆော့ကစားရမယ့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကို ဆော့ကစားသူဟာ တကယ့်လေယာဉ်မှူးအတိုင်း ခံစားပြီးဆော့ကစား ရမှာဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုလို သူများအနေနဲ့ iTunes ကနေ အခမဲ့ ထည့်သွင်းဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 38.3 MB ရှိမှာဖြစ်ပါတယ်။

 

-သီဟ

0, 22 July 2014

Dino Hunter ဂိမ်းဟာတောထဲမှာ ခိုအောင်းနေပြီး အန္တရာယ်ရှိတဲ့ Dinosaur တွေကို ပစ်ခတ်ရမယ့် ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ လက်နက်မျိုးစုံကို ဝယ်ယူနိုင်မှာဖြစ်ပြီး ဝယ်ယူထားတဲ့လက်နက်တွေနဲ့ အခန်းအလိုက် အောင်မြင်အောင် ဆော့ကစားရမယ့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ Download ပြုလုပ်လိုသူတွေအနေနဲ့ iTunes ကနေ Download လုပ်ယူနိုင်မှာဖြစ်ပြီး Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 71.2 MB ရှိမှာဖြစ်ပါတယ်။ အခမဲ့ဆော့ကစားနိုင်ပြီး iOS Version 5.1 နောက်ပိုင်းမှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

 

-သီဟ

0, 22 July 2014

iOS အသုံးပြုတဲ့သူတွေ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ပေါင်းစပ်ပြီး ပြင်ဆင်ချင်တယ်ဆိုရင် အလွယ်တကူနဲ့ လုပ်ဆောင်နိုင်မယ့် App တစ်ခုဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ပုံတွေကို လူမှုကွန်ရက်ဝက်ဘ်ဆိုက် ဖြစ်တဲ့ Facebook, Instagram, Twitter အစရှိတဲ့နေရာတွေမှာ ပြန်လည်ဝေမျှ နိုင်မှာဖြစ်ပါတယ်။ Download ပြုလုပ်လိုပါက iTunes ကနေ Download လုပ်ယူနိုင်မှာဖြစ်ပြီး Download ပြုလုပ်ရမယ့်ဖိုင် အရွယ်အစားကတော့ 13.8MB သာရှိမှာဖြစ်ပါတယ်။ iOS Version 7.0 နဲ့ နောက်ပိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

-သီဟ

0, 22 July 2014

ဖုန်းများတွင် အလှဆင်ကီးချိန်း အနေဖြင့် အသုံးပြုနိုင်တဲ့ ELE COM အမှတ်တံဆိပ် TB-TPLM 01 မော်ဒယ် Touch Pen တစ်မျိုးဝင်ရောက် လာပါတယ်။ Tablet၊ Smartphone များရဲ့မျက်နှာပြင်ကို Touch Pen ဖြင့်အသုံးပြုပါက အစင်းရာအခြစ်ရာထင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ Pen အောက်ခြေတွင် နူးညံ့ပျော့ပျောင်းတဲ့ ဆီလီကွန်ပါဝင်မှာ ဖြစ်သလိုဖုန်းများတွင်လည်း အလှဆင်ကီးချိန်းအဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ အရောင်အနေနဲ့ အနက်၊ အစိမ်းဆိုပြီး အရောင်နှစ်ရောင်ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၂,၀၀၀ ကျပ်ရှိပြီး ဖုန်း ၀၁-၂၂၇ ၅၉၃၊ ၀၉-၇၃၀၅၆၄၈၃ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

 

-ဝေဝေ

0, 22 July 2014

ဂျပန်နိုင်ငံထုတ် ELECOMအ မှတ်တံဆိပ် LPA-CC2U01 မော် ဒယ် Cigar Charger တစ်မျိုးဖြစ်ပါတယ်။ ကားမောင်းနေစဉ် အတောအတွင်း မိမိရဲ့မိုဘိုင်းဖုန်း အမျိုး မျိုးနဲ့ iphone, ipad များကို အလွယ်တကူ အားပြန်လည်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဝင်ဗို့အားအနေနဲ့ 12V အထိလက်ခံနိုင်ပြီး အထွက်ဗို့အားအနေနဲ့ 5V/1A ကိုထုတ်လုပ်ပေးနိုင်ပါတယ်။ USB ကြိုးရှိရုံနဲ့ ဘယ်လို Device မျိုးတွေနဲ့မဆို ချိတ်ဆက်အားသွင်းနိုင်မှာ ပါ။ ဈေးနှုန်းအနေနဲ့ ၂၃,၀၀၀ ကျပ်ရှိမှာဖြစ်ပြီး ဖုန်း ၀၁-၂၂ ၁၇၉၂၊ ၀၉-၇၃၀၅၆၄၈၃ မှာဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

 

-ဝေဝေ

Pages