ကဏ္ဍပေါင်းစုံဖတ်ရှုနိုင်မည့် 7Day News Digital ဝန်ဆောင်မှုရယူနိုင်မည်

သတင်းနဲ့ ကဏ္ဍပေါင်းစုံဖတ်ရှုနိုင်မယ့် 7Day News Digital ဝန်ဆောင်မှုကို Information Matrix ကုမ္ပဏီနဲ့ MPT တို့ ပူးပေါင်းမိတ်ဆက်ခဲ့ပါတယ်။

ဒီဝန်ဆောင်မှုမှာ နောက်ဆုံးရသတင်း၊ အထူးသုံးသပ်ချက်တွေပါဝင်တဲ့ အယ်ဒီတာအာဘော်၊ သေချာစွာစုံစမ်းထုတ်ဖော်ရေးသားထားတဲ့ သတင်း၊ သတင်းတိုက်ရိုက် ထုတ်လွှင့်မှု၊ ဒီဂျစ်တယ်၊ မိုဘိုင်းနဲ့ လူမှုကွန်ရက်ပလက်ဖောင်းကနေ တစ်ဆင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုတွေ ပါဝင်မှာဖြစ်ပါတယ်။ တိကျသေချာတဲ့ အချက်အလက်တွေနဲ့ ရေးသားထားတဲ့ ပြည်တွင်းသတင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ ဖျော်ဖြေရေးနဲ့ အားကစားသတင်းတွေကို ရယူဖတ်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဝန်ဆောင်မှုဟာ ပြည်သူတွေဆီ စစ်မှန်တဲ့သတင်းတွေသိနိုင်ခွင့်ကို အားပေးမြှင့်တင်နိုင်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကိုသိနိုင်မှာပါ၊ ဒီဝန်ဆောင်မှုကနေ မြန်မာနိုင်ငံနဲ့ ကမ္ဘာအနှံ့က စာဖတ်သူတွေအတွက် သတင်းဖတ်ရှုတဲ့ အတွေ့အကြုံကောင်းတွေတိုးတက်စေမှာပါ” လို့ Information Matrix ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသောင်းစုငြိမ်းက ပြောကြားခဲ့ပါတယ်။

“အခုဝန်ဆောင်မှုရယူထားတဲ့သူတွေ အနေနဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်မှာပါ၊ ဒီအတွက် သတင်းစာတွေကိုစောင့်ပြီး ဖတ်နေစရာမလိုတော့ပါဘူး၊ ဒီဝန်ဆောင်မှုရယူထားသူတွေအတွက်ကတော့ အခုဖြစ်တာတွေကို ခုချက်ချင်းသိရမှာ ဖြစ်ပါတယ်၊ ဝန်ဆောင်မှုကိုရယူလိုသူအနေနဲ့ MTP အသုံးပြုထားတဲ့သူ ဖြစ်ဖို့ လိုပါတယ်” လို့ 7 Day TV ရဲ့ Editor in Chief ဖြစ်သူ ဒေါ်ငြိမ်းငြိမ်းနိုင်က ပြောကြားခဲ့ပါတယ်။

အဆိုပါဝန်ဆောင်မှုကို ရယူလိုသူတွေအနေနဲ့ MPT ဖုန်းနံပါတ်နဲ့ SMS 8377 ကို ON ဟုပေးပို့ကာ ရယူနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုအတွက် တစ်ရက် ၉၉ ကျပ်နှုန်း ကျသင့်ပြီး တစ်ပတ်ရယူမည်ဆိုပါက ၅၉၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

-အောင်သက်ကို