ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာဒီပလိုမာသင်တန်း ဖွင့်မည်

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in Tourism Studies and Management (DTSM)) အတွက် လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလ ၉ လ ကြာြမင့်မှာ ဖြစ်ပါ တယ်။ သင်တန်းချိန်က နံနက် ၇ နာရီမှ ၉ နာရီ၊ တနင်္လာမှ သောကြာအထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို နိုဝင်ဘာ ၅ ရက် မှ ၂၀ ရက်အထိ ထုတ်ပေးမှာြဖစ်ပါတယ်။ သင်တန်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို နို၀င်ဘာ ၂၅ ရက်၊ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုပ်မှာဖြစ်ပြီး Tourism ဆိုင်ရာ ဗဟုသုတနှင့် အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ ၂ နာရီမေးခွန်းကို ဖြေဆိုရမှာြဖစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ အသေးစိတ်ကို လေးထပ်စာသင်ဆောင်၊ ဗိုလ်တထောင်ဘုရားလမ်း၊ အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ်ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ