ခေါက်သိမ်းနိုင်တဲ့ OLED မျက်နှာပြင်ပါဝင်တဲ့ Lenovo ThinkPad X1 Fold

Lenovo ဟာ ပြီးခဲ့တဲ့နှစ်က စာအုပ် ဒါမှမဟုတ် laptop လိုခေါက်သိမ်းနိုင်တဲ့ OLED tablet ရှေ့ပြေးပုံစံကို ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်ကို ကမ္ဘာ့ပထမဆုံး ခေါက်သိမ်းနိုင်တဲ့ ကွန်ပျူတာလို့ ခေါ်ခဲ့ပါတယ်။

ဒီနှစ်ရဲ့ CES 2020 ပြပွဲမှာတော့ ခေါက်ထားနိုင်တဲ့ ကွန်ပျူတာထုတ်ကုန်ကို ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်ကို ThinkPad X1 Fold လို့ခေါ်ဆိုပြီး ဒီနှစ်အတွင်းရောင်းချမှာ ဖြစ်ပါတယ်။

ThinkPad X1 Fold မှာ ဘေးဘောင်မှာ Windows Hello အသုံးပြုနိုင်တဲ့ကင်မရာ ပါဝင်လာပါတယ်။ ထုတ်ကုန်မှာ သားရေနဲ့ ပတ္တာပါဝင်ပြီး display ကတော့ ၁၃.၃ လက်မ 4:3 OLED panel ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးကတော့ 2048x 1536 ဖြစ်ပါတယ်။ LG Display ကတော့ panel ကို ဖန်တီးပေးထားပါတယ်။ LG နဲ့ ၄ နှစ်ကျော် ပူးပေါင်း လုပ်ကိုင်ခဲ့တယ်လို့ Lenovo ကပြောထားပါတယ်။

X1 Fold မှာ Windows 10 Pro ကိုအသုံးပြုထားပြီး ခေါက်မျက်နှာပြင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားပါတယ်။ သုံးစွဲသူက X1 Fold ကိုဖွင့်လိုက်ရင် taskbar icon မှာ pop-up menu ကိုမြင်တွေ့ရပြီး single full-screen view ဒါမှမဟုတ် dislay တစ်ဝက်စီမှာ app ကို pin လုပ်နိုင်မယ့် dual-screen mode အကြား ပြောင်းလဲနိုင်ပါတယ်။

ဒါမှမဟုတ် portrait mode ဆိုရင် မျက်နှာပြင်အောက်ခြေမှာ on-screen keyboard ပေါ်လာပြီး laptop လိုမျိုး စာရိုက်နိုင်ပါတယ်။ X1 Fold အတွက် Bluetooth keyboard ကိုလည်းထုတ်လုပ်ထားပြီး သံလိုက်နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ Windows 10 Pro အသုံးပြုထားတဲ့ X1 Fold ကို ၂၀၂၀ နှစ်လည်ပိုင်းအတွင်း ဒေါ်လာ ၂,၄၉၉ နဲ့ ရောင်းချဖွယ်ရှိပါတယ်။

စိုးထက်
Ref: TheVerge