စက္တင္ဘာလအတြင္း Huawei Mate X ကုိမိတ္ဆက္မည္

[ Zawgyi ]

Huawei ဟာ ကုမၸဏီရဲ႕ ပထမဆုံး Mate X ကုိ ေဖေဖာ္ဝါရီလက မိတ္ဆက္ခဲ့ပါတယ္။ Huawei Mate X ကို ဇြန္လ အကုန္မွာ ျဖန္႔ခ်ိဖို႔ စီစဥ္ထားေပမယ့္ အေမရိကန္ကုန္သြယ္ေရး ပိတ္ပင္မႈေၾကာင့္ အစီအစဥ္ေတြ ပ်က္သြားပါတယ္။ ဒါေၾကာင့္ Huawei ရဲ႕ Mate X ကုိ စက္တင္ဘာလမွပဲ ျဖန္႔ခ်ိဖို႔ စီစဥ္ထားတယ္လို႔ CNBC နဲ႔ The Wall Street Journal ကေျပာခဲ့ပါတယ္။

Mate X ကုိ 5G အေျခခံအေဆာက္အအုံရွိတဲ့ေနရာမွာ ဦးစားေပးျဖန္႔ခ်ိမယ္လို႔ Huawei ေျပာေရးဆိုခြင့္ရွိသူက ေျပာဆိုခဲ့ပါတယ္။ Mate X ကုိေသခ်ာစမ္းသပ္ၿပီးမွပဲ ျဖန္႔ခ်ိသြားမယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာထားပါတယ္။ Huawei အေနနဲ႔ ထုတ္ကုန္အေတြ႕အႀကဳံပိုင္း ေကာင္းမြန္ဖုိ႔ မုိဘိုင္းကုမၸဏီေတြနဲ႔ app developer ေတြနဲ႔ လုပ္ကုိင္ေနပါတယ္။

Huawei ကိုအမည္ပ်က္စာရင္းမသြင္းခင္မွာ Mate X မိတ္ဆက္ထားတာေၾကာင့္ Android နဲ႔ Google app ေတြ မ်ားစြာပါဝင္လာၿပီး အေမရိကန္အစိုးရရဲ႕ ပိတ္ပင္မႈ မသက္ေရာက္ဘူးလို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာထားပါတယ္။ အျပာေရာင္ Mate X ကုိ ေဒၚလာ ၂,၆၀၀ နဲ႔ေရာင္းခ်မယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Mate X ကို ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့ပါတယ်။ Huawei Mate X ကို ဇွန်လ အကုန်မှာ ဖြန့်ချိဖို့ စီစဉ်ထားပေမယ့် အမေရိကန်ကုန်သွယ်ရေး ပိတ်ပင်မှုကြောင့် အစီအစဉ်တွေ ပျက်သွားပါတယ်။ ဒါကြောင့် Huawei ရဲ့ Mate X ကို စက်တင်ဘာလမှပဲ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ CNBC နဲ့ The Wall Street Journal ကပြောခဲ့ပါတယ်။

Mate X ကို 5G အခြေခံအဆောက်အအုံရှိတဲ့နေရာမှာ ဦးစားပေးဖြန့်ချိမယ်လို့ Huawei ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။ Mate X ကိုသေချာစမ်းသပ်ပြီးမှပဲ ဖြန့်ချိသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။ Huawei အနေနဲ့ ထုတ်ကုန်အတွေ့အကြုံပိုင်း ကောင်းမွန်ဖို့ မိုဘိုင်းကုမ္ပဏီတွေနဲ့ app developer တွေနဲ့ လုပ်ကိုင်နေပါတယ်။

Huawei ကိုအမည်ပျက်စာရင်းမသွင်းခင်မှာ Mate X မိတ်ဆက်ထားတာကြောင့် Android နဲ့ Google app တွေ များစွာပါဝင်လာပြီး အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှု မသက်ရောက်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။ အပြာရောင် Mate X ကို ဒေါ်လာ ၂,၆၀၀ နဲ့ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSMArena