စတင် ဖြန့်ချိတဲ့ရက်မှာ နည်းပညာအခက်အခဲတွေနဲ့ ကြုံတွေခဲ့တဲ့ Disney+

Disney ဟာ နိုဝင်ဘာ ၁၂ ရက်မှာ Disney+ ဗီဒီယိုလွှင့်တင်ရေးဝန်ဆောင်မှုကို စတင် ဖြန့်ချိလိုက်ပါတယ်။ Disney အနေနဲ့ Disney+ ကိုအမြည်းမိတ်ဆက်အပြီး ၁ နှစ်အကြာ ဖြန့်ချိခဲ့ပြီး သုံးစွဲသူတွေအတွက် များပြားတဲ့ content တွေပါဝင်မယ်လို့ ကတိပေးထားပါတယ်။ အခုဆိုရင် သုံးစွဲသူတွေက Disney+ ကို အခမဲ့ စမ်းသပ်သုံးစွဲနိုင်ပြီး လစဉ်ကြေးပေးသွင်းကာ ရုပ်ရှင်နဲ့ တီဗီအစီအစဉ် ရာပေါင်းများစွာ ကြည့်နိုင်ပါတယ်။

ဒါပေမဲ့လည်း Disney+ ဟာ စတင်နေ့မှာပဲ နည်းပညာအခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။

ပထမဆုံး သုံးစွဲသူအများအပြားဟာ error message တွေနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။ သုံးစွဲသူများစွာက login ဝင်လို့မရဘူးလို့ DownDetector ကဖော်ပြခဲ့ပါတယ်။ တချို့ထုတ်ကုန်တွေမှာ Disney+ ကိုအသုံးပြုလို့မရသလို အခြားထုတ်ကုန်မှာလည်း error တွေနဲ့ ကြုံတွေ့နေရပါတယ်။

နည်းပညာအခက်အခဲတွေနဲ့ပတ်သက်ပြီး သုံးစွဲသူတချို့ Disney ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေဘူးလို့ သိရပါတယ်။ Disney+ ဖြန့်ချိမှုက မျှော်မှန်းထားတာထက် ကျော်လွန်ခဲ့ပြီး လက်ရှိပြဿနာတွေကို အလျင်အမြန် ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ Disney က Twitter မှာ ရေးသားခဲ့ပါတယ်။

စိုးထက်
Ref: TheNextWeb