စမတ်ဖုန်း IR Blasters နည်းပညာ

IR Blasters ဆိုတာကတော့ ၂၀၁၃ ခုနှစ်ပိုင်းကစပြီး Android OS စနစ်သုံး စမတ်ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုလာတဲ့ ဟာ့ဒ်ဝဲပိုင်းနည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ IR ရဲ့ အရှည်ကတော့ infrared ဖြစ်ပြီး သက်တံရောင်စဉ်တွေမှာ သာမန်မျက်စိကနေ မမြင်နိုင်တဲ့ အနီအောက်ရောင်ခြည်လှိုင်းလို့ အဓိပ္ပာယ်ရပါတယ်။

အခုနောက်ပိုင်းမှာ ဒီစနစ်ကို စမတ်ဖုန်းတွေမှာသာ မကဘဲ Tablet PC၊ PDA နဲ့ Smart watches လို့ခေါ်တဲ့ စမတ်လက်ပတ်နာရီတွေမှာပါ ထည့်သွင်းအသုံးပြုလာပါတယ်။ ဒီစနစ်ကို စမတ်ဖုန်းတွေမှာ ဘာလို့ ထည့်သွင်းအသုံးပြုလာခဲ့သလဲဆိုတော့ စမတ်ဖုန်းကို ယူနီဗာဆယ်ရီ မုတ်ကွန်ထရိုးတစ်ခု အနေနဲ့ အသုံးပြုနိုင်အောင်နဲ့ အခြားသော တုံ့ပြန်လုပ်ဆောင်နိုင်မှုစနစ်တွေအတွက် ဖြစ်ပါတယ်။

ဒီစနစ်ကို Android စမတ် ဖုန်းတွေမှာ AV remote app တွေ နဲ့ တွဲဖက်ပြီး TV, Cable Box, AV receiver, DVD player, Blu-ray player, Projector, Air Conditioner စတဲ့ လူသုံးကုန်အီလက်ထရွန်းနစ်ပစ္စည်းတွေကို မိုဘိုင်းဖုန်းကနေ ထိန်းချုပ်အသုံးပြုနိုင်ဖို့ အတွက် ဖန်တီးထားတာဖြစ်ပါတယ်။
စမတ်ဖုန်းထုတ်လုပ်သူ တွေက ဒီစနစ်ကို သူ့တို့ကိုယ်ပိုင်နာမည်တွေ ပေးထားကြပါတယ်။ ဥပမာ LG စမတ်ဖုန်းမှာ ဆိုရင် QuickRemote ဆိုပြီး သိရှိနိုင်မှာ ဖြစ်ပါတယ်။

IR Blaster စနစ် ထည့်သွင်းအသုံးပြုတဲ့ စမတ်ဖုန်းကုမ္ပဏီတွေကတော့ HTC, Huawei, LG, LG G2 Mini, LG G3, LG G3 S, LG Volt, Samsung, Xiaomi, OPPO စတာတွေပဲဖြစ်ပါတယ်။ စမတ်လက်ပတ်အနေနဲ့ကတော့ Samsung Gear 2 နဲ့ Sony SmartWatch 3 တွေမှာ ထည့်သွင်းအသုံးပြုထားပါတယ်။