စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှု အတတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း အပတ်စဉ် (၅) ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှကြီးမှူးပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် စာပေဖန်တီးရေးသားမှုနှင့် တည်းဖြတ်မှုအတတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Creating Writing and Editing) အပတ်စဉ် (၅)ကို ဒီဇင်ဘာ ၉ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

သင်တန်းတွင် စာပေအမျိုးအစား၊ စာပေသဘောတရား၊ စာပေဖန်တီးရေးသားခြင်း၊ ရသပညာ၊ စာပေတည်းဖြတ်ခြင်း၊ ဘာသာပြန်၊ စာပေပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း အခြေခံတွေကို သင်ကြားရမှာဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ဖြစ်ပါတယ်။ သင်တန်းချိန်မှာ နံနက် ၇ နာရီခွဲ မှ ၉ နာရီခွဲ အထိ ဖြစ်ပြီး တနင်္လာမှ သောကြာ အထိ တက်ရောက်ရမှာပါ။ နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားသူတွေ တက်ရောက်နိုင်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၁၈ ရက် မှစတင်လက်ခံမှာ ဖြစ်ပါတယ်။

လျှောက်လွှာနဲ့အတူ ဘွဲ့လက်မှတ် မိတ္တူနှစ်စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှစ်စောင်၊ ဓာတ်ပုံ ၅ ပုံကို ပူးတွဲ တင်ပြရမှာဖြစ်ပြီး မြန်မာစာဌာန၊ တောင်ငူဆောင်၊ အခန်းအမှတ် T-12 မှာလက်ခံပေးမှာ ဖြစ်ပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉၇၉၆၆၀၃၉၅၄၊ ၀၉၅၀၅၃၁၄၇၊ ၀၉၅၁၆၄၅၂၃ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ