ဒီဂျစ်တယ်ဝန်ဆောင်မှု လုပ်ငန်းများပေးရန် Get နှင့် g&g တို့ သဘောတူ လက်မှတ်ရေးထိုး
[ Zawgyi ]
Mobile-first ဒီဂျစ်တယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Get ဒီဂျစ်တယ်ဝန်ဆောင်မှုများဖြစ်တဲ့ ဖုန်းဘီလ်ဖြည့်ခြင်း၊ အဝေးပြေးကားလက်မှတ်ဝယ်ယူခြင်း၊ ပြည်တွင်းသာမက ပြည်ပလေယာဉ်လက်မှတ်များ ၀ယ်ယူခြင်းတို့ကို အချိန်မရွေး အလွယ်တကူ g&g ဆိုင်များမှာ ၀န်ဆောင်မှုရနိုင်မှာ ဖြစ်တဲ့အပြင် ပြည်တွင်းမိုဘိုင်းအော်ပရေတာတွေရဲ့ အင်တာနက် ပလန်၊ ပက်ကေ့ခ်ျများ၊ အင်တာနက်မိုဘိုင်းဂိမ်းကတ်များ၊ လက်ဆောင်ကတ်များနဲ့ ပြည်တွင်းက ရှိုးပွဲလက်မှတ်တွေပါ ၀ယ်ယူနိုင်မယ်လို့သိရပါတယ်။ အဆိုပါဝန်ဆောင်မှုတွေကို မြန်မာပြည်အနှံ့ရှိ g&g စတိုးဆိုင်ပေါင်း ၃ဝဝ ကျော်မှာ ရရှိနိုင်မှာဖြစ်ပါတယ်။
-ရဲထွဋ်ဝင်း
[ Unicode ]
ဒီဂျစ်တယ်စီးပွားရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Get All Myanmar Co., Ltd နဲ့ ၂၄ နာရီ Convenient စတိုး ကွန်ရက်ဖြစ်တဲ့ g&g Co., Ltd. တို့ g&g ဆိုင်များမှာ ဒီဂျစ်တယ် ၀န်ဆောင်မှုလုပ်ငန်းများ ပေးရန်အတွက် သဘောတူ လက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၉ ရက်က Melia ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
“နေရာအတည်တကျနဲ့ ဖွင့်လှစ်ထားတဲ့ စျေးဆိုင်တွေနဲ့ အင်တာနက်ပေါ်ကသွားတဲ့ ဒီဂျစ်တယ် စီးပွားရး ပလက်ဖောင်းတွေက တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတဲ့ ကုန်သွယ်ရေး မိတ်ဖက်တွေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အွန်လိုင်းပေါ်မှာပဲ စီးပွားရေး သက်သက်လုပ်တာ၊ အွန်လိုင်းအသုံးမပြုဘဲ အပြင်မှာချည်းပဲ စီးပွားရေးသက်သက်လုပ်တာရယ် ဆိုတာထက် Omni Channel လို့ခေါ်တဲ့ နည်းလမ်းပေါင်းစုံကို ပေါင်းစပ်တဲ့ ခေတ်ရောက်နေပါပြီ။ Get ဟာ g&g နဲ့ အတူလက်တွဲပြီး ဒီဂျစ်တယ် ၀န်ဆောင်မှုတွေကို စျေးကွက်အမြန်ဆုံးတင်နိုင်အောင် ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် စီးပွားရေးကို စတင်လိုက်တာလဲ ဖြစ်ပါတယ်” လို့ Get ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးငြိမ်းချမ်းစိုးဝင်းက ပြောပါတယ်။
Mobile-first ဒီဂျစ်တယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Get ဒီဂျစ်တယ်ဝန်ဆောင်မှုများဖြစ်တဲ့ ဖုန်းဘီလ်ဖြည့်ခြင်း၊ အဝေးပြေးကားလက်မှတ်ဝယ်ယူခြင်း၊ ပြည်တွင်းသာမက ပြည်ပလေယာဉ်လက်မှတ်များ ၀ယ်ယူခြင်းတို့ကို အချိန်မရွေး အလွယ်တကူ g&g ဆိုင်များမှာ ၀န်ဆောင်မှုရနိုင်မှာ ဖြစ်တဲ့အပြင် ပြည်တွင်းမိုဘိုင်းအော်ပရေတာတွေရဲ့ အင်တာနက် ပလန်၊ ပက်ကေ့ချ်များ၊ အင်တာနက်မိုဘိုင်းဂိမ်းကတ်များ၊ လက်ဆောင်ကတ်များနဲ့ ပြည်တွင်းက ရှိုးပွဲလက်မှတ်တွေပါ ၀ယ်ယူနိုင်မယ်လို့သိရပါတယ်။ အဆိုပါ၀န်ဆောင်မှုတွေကို မြန်မာပြည်အနှံ့ရှိ g&g စတို်းဆိုင်ပေါင်း ၃ဝဝ ကျော်မှာ ရရှိနိုင်မှာဖြစ်ပါတယ်။