ဒီဇင်ဘာ ၂ ရက်မှာ ပွဲတစ်ခုပြုလုပ်သွားမယ့် Apple

Apple ဟာ ဒီဇင်ဘာ ၂ ရက်၊ နယူးယောက်စီးတီးမှာ ပွဲတစ်ခုပြုလုပ်သွားပါမယ်။ Apple ဟာ ပွဲအတွက် ဖိတ်စာတွေ ဝေငှနေပြီး ဖိတ်စာထဲမှာ ရွှေရောင် App Store လိုဂိုဖော်ပြထားပါတယ်။ ပွဲပြုလုပ်မယ့်အကြောင်းကို 9to5mac ကလည်း ဖော်ပြခဲ့ပါတယ်။

ဖိတ်စာမှာ “Loved by millions. Created by the best” ဆိုတဲ့အရေးအသား ပါဝင်လာပါတယ်။ ၂၀၁၉ ရဲ့ စိတ်ကြိုက် app တွေနဲ့ ဂိမ်းတွေကို ဂုဏ်ပြုတဲ့ Apple အထူးပွဲလို့လည်း ရေးသားထားပါတယ်။

ဖိတ်စာထဲက စာသားတွေအရ Apple နှစ်ကုန်ပွဲမှာ app တွေနဲ့ ဂိမ်းတွေအပေါ် အာရုံစိုက်သွားဖွယ်ရှိပါတယ်။ အခုပွဲက Apple ရဲ့စက်တင်ဘာလပွဲနဲ့ မတူပါဘူး။ စက်တင်ဘာလပွဲမှာ iPhone 11, iPhone 11 Pro, iPhone 11 Pro Max, Watch Series 5, iPad 2019 နဲ့ Apple Arcade ဂိမ်းဝန်ဆောင်မှုတို့ကို မိတ်ဆက်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက ၁၆ လက်မ MacBook Pro ကိုမိတ်ဆက်ထားပါသေးတယ်။

စိုးထက်
Ref: CNET