နာမည်အဆိုးဝါးဆုံးလို့ ဆိုနိုင်တဲ့ Android ဖုန်း ၁၅ မျိုး

Android သတင်းတွေ ဖော်ပြပေးနေတဲ့ Android Authority က ထွက်ရှိပြီးသား Android ဖုန်းတွေထဲက နာမည်အဆိုးဝါးဆုံး ထုတ်ကုန် ၁၅ ခုကို ရွေးချယ်ခဲ့ပါတယ်။ Android ထုတ်ကုန်အမည်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁၅) HTC First

အခုစာရင်းထဲက ပထမဆုံး ပါဝင်လာတဲ့ ထုတ်ကုန်ကတော့ HTC First ဖြစ်ပါတယ်။ HTC First ဟာ HTC ရဲ့ဈေးကွက်ထဲ ဖြန့်ချိလိုက်တဲ့ ၅၁ ခုမြောက် ထုတ်ကုန်ဖြစ်ပါတယ်။ ဒါပေမဲ့ Facebook ရဲ့ interface ဖြစ်တဲ့ Facebook Home ထည့်သွင်းထားတဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ အဲဒီ interface ကြောင့် Face-book ကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ HTC First ဟာ Facebook Home ထည့်သွင်းထားတဲ့ တစ်ခုတည်းသောနဲ့ နောက်ဆုံးဖုန်း ဖြစ်ပတယ်။

(၁၄) Kodak Ektra

၂၀၁၂ ခုနှစ်မှာ Kodak က ဒီဂျစ်တယ် ကင်မရာလုပ်ငန်း ကို စွန့်လွှတ်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ကင်မရာပိုင်း အာရုံစိုက်ထားတဲ့ စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပါတယ်။ Kodak Ektra ဆိုတဲ့အမည်က ၁၉၄၀ ခုနှစ်
လောက်က ထုတ်လုပ်ခဲ့တဲ့ 35mm  ကင်မရာ circa ကနေ ယူထားတာ ဖြစ်ပါတယ်။ Kodak Ektra ဖုန်းမှာအလွန်မိုက်တဲ့ ဆက်စပ်ပစ္စည်းတွေရှိပြီး classic ကင်မရာတစ်လုံးနဲ့ တူအောင်ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ Kodak Ektra ဓာတ်ပုံတွေကအရည်အသွေးနိမ့်ပါးပါတယ်။ ဈေးနှုန်းလညး်ကြီးမားပြီး spec တွေကလည်း အလယ်အ လတ်ဆင့်ပဲရှိပါတယ်။

(၁၃) Motorola Flipout

Motorola Flipout ထုတ်ကုန်မှာ ၂.၈ လက်မ စတုရန်း display ပါဝင်လာပါတယ်။ Motorola Flipout ရဲ့ display အောက်ဘက်မှာ ဖုံးကွယ်ထားတဲ့ QWERTY keyboard ဒီဇိုင်းကို အစွဲပြုပြီး ထုတ်ကုန်ကို အမည်ပေးထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ keyboard အရွယ်အစားကလည်း ၂.၈ လက်မပဲ ရှိပါတယ်။ အဲဒီကာလတုန်းက Motorola Flipout ထုတ်ကုန်အတွက် အမည်ရွေးချယ်စရာ သိပ်မရှိပါဘူး။

(၁၂) Lenovo Phab 2 Pro

Lenovo Phab 2 Pro ဟာ မျက်နှာပြင် အရွယ်အစား အလွန်ကြီးမားပြီး ၆.၄ လက်မ အထိရှိပါတယ်။ ဒါ့အပြင် Google Tango AR စနစ်ပါဝင်တဲ့ ပထမဆုံးထုတ်ကုန်ဖြစ်ပါတယ်။ Google Tango AR ဟာARCoreနည်းပညာမပေါ် ခင်က နည်းပညာ တစ်ခုဖြစ်ပါတယ်။ Lenovo Phab 2 Pro ဟာ Pro အမည်ကို အစောဆုံးအ သုံးပြုခဲ့တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ကုန်အရည် အသွေးက သာမန်အဆင့်ပဲရှိပါတယ်။

(၁၁) LG V30S ThinQ

LG V30S ThinQ ဟာThinQ အမှတ်တံဆိပ် အသုံးပြုတဲ့ ပထမ ဆုံးဖုန်းဖြစ်ပါတယ်။ နာမည်ခေါ်ဆိုရတာ ကိုးရိုးကားရားနိုင်ပါ တယ်။ LG အနေနဲ့ အငြင်းပွား ThinQ အမှတ်တံဆိပ်နဲ့ ဖုန်းတွေ ဆက်လက်ထုတ်လုပ်နေပါတယ်။

(၁၀) RoyoleFlexPai

ကမ္ဘာ့ပထမဆုံးခေါက်စမတ် ဖုန်းကို Royole အနေနဲ့ နာမည် ကောင်းကောင်း ပေးလို့ရပါတယ်။ ဒါပေမယ့် FlexPai လို့ပဲပေးခဲ့ပါတယ်။ ထုတ်ကုန်ရဲ့ မျက်နှာပြင် ပျော့ပျောင်းတဲ့အတွက် FlexPai လို့ ပေးပုံရပါတယ်။ လနည်းငယ်အကြာမှာတော့ Samsung က ကိုယ်ပိုင်ခေါက်စမတ်ဖုန်းကို Fold လို့အမည်ပေးခဲ့ပါတယ်။ Royole အနေနဲ့ ကမ္ဘာ့ပထမဆုံး ခေါက်စမတ်ဖုန်းဖြစ်တဲ့ FlexPai ကို ထုတ်လုပ်နိုင်ခဲ့ပေမယ့် အမည်ကတော့ ဆိုးဝါးလွန်းပါတယ်။

(၉) Palm Palm

Palm Palm ဟာ Verizon က ဖုန်းနဲ့ချိတ်ဆက်ပြီး အသုံးပြုရတဲ့ ဖုန်းဖြစ်ပါတယ်။ Palm Palm ဖုန်းဟာ Palm အမှတ်တံဆိပ်ရဲ့ အကျစ်လျစ်ဆုံး ဖုန်းအဖြစ် ထုတ်လုပ်ဖို့ ပထမဆုံး ကြိုးစားမှု ဖြစ်ပါတယ်။ ၃.၃ လက်အရွယ်ဖုန်းကို စမတ်ဖုန်းအတိုင်း အသုံးမပြုနိုင်ပေမယ့် ဈေးနှုန်းကတော့ မကွာခြားခဲ့ပါဘူး။ အားသာချက်က သုံးစွဲသူက ဖုန်း ၂ လုံး အသုံးပြုနိုင်တာ ဖြစ်ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။

(၈) ZTE Iconic Phablet

အမေရိကန်ဈေးကွက်ကနေ အပိတ်မခံရင်စဉ်က ZTE ဟာ ၂၀၁၄ ခုနှစ်မှာ Iconic Phablet ဖုန်းကို ဖြန့်ချိခဲ့ပါတယ်။ အခု ခေတ်မှာ ဖုန်းအားလုံးနီးပါးက phablet ဖုန်းတွေဖြစ်လာပါတယ်။ အရင်ကာလတုန်းကတော့ ၅.၇ လက်မ
အရွယ် ZTE Iconic Phablet  ဟာ အကြီးမားဆုံး ဖုန်းဖြစ်ပါတယ်။ Iconic Phablet ဖုန်းဟာ Samsung Galaxy Note နေရာ ဝင်ရောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

(၇) Motorola Quench

Motorola Quench အမည် က ကြမ်းတမ်းပြီးမလှပပါဘူး။ Motorola Quench ဟာ keyboard မပါဝင်တဲ့ အခြားထုတ်ကုန်ဖြစ်ပြီး အမေရိကန်နိုင်ငံပြင်ပမှာ ရောင်းတဲ့ Motorola CLIQ XT ဒါမှမဟုတ် Motorola Dext တို့လိုပါပဲ။ ဖုန်း ၃ မျိုးစလုံးရဲ့အမည်ကဆိုးရွားလွန်းပါတယ်။

(၆) HTC ChaCha/Salsa

HTC ChaChaဟာ HTC Salsa နဲ့ဒီဇိုင်းပိုင်းသိပ်မကွာတဲ့ ဖုန်းဖြစ်ပြီး ၂၀၁၁ ခုနှစ်လောက် Android Gingerbread နဲ့ ထုတ်လုပ်ခဲ့ပါတယ်။  ChaCha နဲ့ Slasa မှာ Facebook အတွက် ရည်ရွယ် ထားတဲ့ ခလုတ်ပါဝင်လာပါတယ်။ ဒါအပြင် Facebook မှာတင်တဲ့ status တိုင်းမှာ Posted from by HTC ChaCha လို့ပါဝင်နေ ပါတယ်။

(၅) WickedleakWammy Passion X

Wickedleak ဟာ ဂျူလီယန်အက်ဒ်ဆန်ရဲ့ ထိပ်တန်းစာရွက် စာတမ်းတွေ ဖြန့်ချိပေးတဲ့ အဖွဲ့အစည်းနဲ့ အသံထွက်ဆင်ပါ တယ်။ ဒါပေမဲ့ Wicekdleak ဟာ အိန္ဒိယအတွင်းက ထုတ်ကုန်ဖြန့်ချိတဲ့ ကုမ္ပဏီအသေးစား လေးပါ။ ၂၀၁၄ ခုနှစ်မှာ Wammy Passion  Z နဲ့ Z Plus ဖုန်းတွေထုတ်လုပ်အပြီး Wickedleak Wammy Passion X ကို ထုတ်လုပ်ခဲ့ပါတယ်။ Wickedleak Wammy Passion X ရဲ့အဓိက feature ကတော့ ဖုန်းကို နေ့စဉ်အ သုံးပြုတဲ့အခါ အန္တရာယ်မရှိစေဖို့ superhydrophobic ကို အသုံးပြုထားပါတယ်။

(၄) Samsung Galaxy SII Epic 4G Touch

၂၀၁၁ ခုနှစ်ရဲ့ Samsung Galaxy S II Epic 4G ဟာ အကောင်းဆုံး ဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖုန်းမှာ ၄.၅ လက်မ Super AMOLED display နဲ့ မြန်ဆန်တဲ့ 1.2Gz dual ပရိုဆက်ဆာလည်း ပါဝင်လာပါတယ်။ ဒါပေမဲ့
ထုတ်ကုန်အမည်ကို Xbox Live  ပေါ်က ဆယ်ကျော်သက် အဖွဲ့ကပေးဖို့ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

Epic 4G Touch မှာ Samsung ရဲ့ Touchwiz interface ကို အသုံးပြုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Samsung ရဲ့ Touchwiz ဟာ အကောင်းဆုံး interface တွေထဲက တစ်ခုဖြစ်ပါတယ်။

(၃) VeryKool Apollo Quattro

၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ VeryKool Apollo Quattro မှာ RAM 1GB နဲ့ internal storage 8GB ပါဝင်လာပါတယ်။ ထုတ်ကုန်အမည်နဲ့ မလိုက်ဖက်အောင် ဖုန်းကအရည် အသွေးနိမ့်ပါးပါ တယ်။ ဒါပေမဲ့ အဲဒီဖုန်းမှာ fingerprint sensor ပါဝင်လာပါတယ်။

(၂) Acer Liquid Zest Plus

Acer Liquid Zest Plus မှာ ဘက်ထရီ 5,000mAh ပါဝင်လာပါတယ်။ ဖုန်းအမည် ကတော့ ဆိုးဝါးလှပြီး သာမန်အ ဆင့်ပဲရှိပါတယ်။

(၁) Casio G’zOne Commando

နာမည်အဆိုးဝါးဆုံး Android ဖုန်းကတော့ Casio G’zOne Commando ဖုန်းဖြစ်ပြီး ဂျပန် NEC မိုဘိုင်းဆက်သွယ်ရေးက ဖြန့်ချိတဲ့ စမတ်ဖုန်း အနည်းငယ် အထဲက တစ်ခုဖြစ်ပါတယ်။ နာမည်က ဆိုးဝါးလှပေမယ့် ၂၀၁၁
ခုနှစ်မှာထွက်ရှိခဲ့တဲ့ အကြမ်းအခံဆုံး ဖုန်းတွေထဲကတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇိုင်းအပိုင်း အဆိုး ဝါးဆုံး ဖုန်းတွေထဲကတစ်ခု ဖြစ်ခဲ့ ပါတယ်။

-စိုးထက်
Ref: AndroidAuthority