နိုင်ငံတကာပညာသင်ဆုပြပွဲ ရန်ကုန် ၂၀၂၀ ကျင်းပမည်

နိုင်ငံတကာပညာသင်ဆုပြပွဲ ရန်ကုန် ၂၀၂၀ ကို ဇန်နဝါရီ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီ မှ ညနေ ၅ နာရီအထိ City Hotel Yangon မှာကျင်းပသွားမှာဖြစ်ပါတယ်။

ပြပွဲမှာ သြစတြေးလျ၊ ယူရုတ်၊ အိန္ဒိယ၊ ပိုလန်၊ ဂျာမန်၊ ယူအက်(စ်)အေ၊ ကနေဒါ၊ ယူကေ၊ နယူးဇီလန်၊ ထိုင်း အစရှိတဲ့ နိုင်ငံများမှ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုများအကြောင်းကို သိရှိရမှာဖြစ်ပြီး High School, Bachelor Degree, Master Degree, Ph.D ရရှိထားသူတွေအနေနဲ့ လျှောက်ထားတက်ရောက်နိုင်မှာဖြစ်ပါတယ်။

ပညာသင်ဆုစာမေးပွဲတွေကိုလည်း စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာလည်း မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အသေးစိတ်ကို Schlorships for Burmese People ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-သန္တာ