ပြည်တွင်း အစားအသောက်နှင့် ခရီးသွားလာမှုအခန်းကဏ္ဍအတွက် Chatbot ဝန်ဆောင်မှု Balobot ကို မိတ်ဆက်

ပြည်တွင်း အစားအသောက်နဲ့ ခရီးသွားလာမှုအခန်းကဏ္ဍကို ပိုမိုလျင်မြန်လွယ်ကူစေမယ့် Chatbot ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ Balobot ကို Go With Me နဲ့ပူးပေါင်းကာ စတင် မိတ်ဆက်လိုက်ပါတယ်။

“ကျွန်မတို့ Balobot က Cloud based chatbot ပလက်ဖောင်းတစ်ခုဖြစ်ပြီး Messenger/Viber စတဲ့ Chat app တွေရဲ့ အချက်အလက်တွေ အလွယ်တကူ့ ရယူနိုင်ဖို့အတွက် အဓိက ဝန်ဆောင်မှု ပေးတာဖြစ်ပါတယ်။ လက်ရှိ အစားအသောက်နဲ့ ခရီးသွား Review တွေရေးတဲ့ Go With Me Blog နဲ့ ပူးပေါင်းပြီး Review တွေရဲ့ အမျိုးအစားအလိုက် အကြောင်းအရာတွေကို လျင်လျင်မြန်မြန်နဲ့ အလွယ်တကူ ရှာနိုင်မယ့် Chatbot တစ်ခုကို တည်ဆောက်ပေးထားပါတယ်” လို့ Balobot ရဲ့ Business Director တစ်ဦးဖြစ်သူ မနှင်းသွဲ့ချိုက ပြောပါတယ်။

Go With Me ရဲ့ တည်ထောင်သူဖြစ်သူ မခင်မြတ်မြတ်နိုင်က “ညီမတို့ရဲ့ Go With Me ရဲ့ Review တွေကို Balobot ရဲ့ Chatbot နည်းပညာသုံးပြီး စာဖတ်သူတွေအနေနဲ့ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ Go With Me ရဲ့ fan တွေအနေနဲ့ စားစရာအမျိုးအစားအလိုက်၊ မြို့အလိုက် အကြောင်းအရာတွေ ရှာဖွေဖတ်ရှုနိုင်မှာဖြစ်သလို ဟိုတယ်တွေ၊ ဘားတွေနဲ့ Go With Me ရဲ့ Top Picks နဲ့ ပတ်သက်တာတွေကိုလည်း ရှာဖွေဖတ်ရှုနိုင်မှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Balobot ရဲ့ ဝန်ဆောင်မှုကို အသင်းဝင်ကြေး တစ်လ ၇ဝဝဝဝ ကျပ်နဲ့ စတင် အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ Balobot လုပ်ငန်းစုဟာ The Blink Agency ရဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး Balobot တွင် စာပို့ App တွေမှာ လျင်မြန်တိကျတဲ့ စာပို့မှုတွေ ဖြစ်စေဖို့အတွက် Keywords Detection, Customized Flows, Broadcasting နဲ့ Allocating User’s Information စတဲ့ ဝန်ဆောင်ဆောင်မှုကို ရယူအသုံးပြုနိုင် မှာဖြစ်ပါတယ်။