ဖုန်းထဲမှာ ဆောင်ထားသင့်တဲ့ အသုံးဝင်လှတဲ့ Android App များ (၂)

ပြည်တွင်းက App ရေးသားသူတွေရဲ့ အသုံးဝင်လှတဲ့ Android OS စနစ်သုံး App တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဖုန်းထဲကနေ ၂၀၂၀ ပြည့်နှစ် မြန်မာပြက္ခဒိန်၊ ဖျော်ဖြေရေးဆိုင်ရာ၊ မြန်မာ့သမိုင်းဆိုင်ရာ၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီတာခကြည့်ရှုတာတွေ၊ အော်ပရေတာ အားလုံးရဲ့ ဆင်းမ်ကတ်တွေကို ငွေဖြည့်သွင်းတာတွေ၊ အလုပ်အကိုင် ရှာတာတွေ၊ ဂီတာကော့ဒ်နဲ့ သီချင်းတွေရှာဖွေတာတွေ၊ တွဲဖက်မစားသင့်တဲ့ အစားအစာဆိုင်ရာစတဲ့ အသုံးဝင်လှတဲ့ App တွေအပြင် အဝတ်အထည်၊ စားသောက်ဆိုင်၊ အလှအပဆိုင်ရာ၊ ဖုန်းနှင့်လျှပ်စစ်ပစ္စည်း လက်ဆောင်ပစ္စည်း၊ ခရီးသွား၊ ပရိဘောဂစတဲ့ ပစ္စည်းမျိုးစုံနဲ့ အစားအသောက်တွေရဲ့ အပတ်စဉ် အထူးပရိုမိုးရှင်း အကြောင်းအရာတွေကို ကြည့်ရှုနိုင်မယ့် App တွေပါဝင်မှာဖြစ်ပါတယ်။

၂၀၂၀ ပြက္ခဒိန် (2020 Calendar)

၂၀၂၀ ပြည့်နှစ်အတွက် ပြက္ခဒိန် App ဖြစ်ပါတယ်။ သာသနာနှစ်၊ မြန်မာသက္ကရာဇ်၊ ခရစ်နှစ်သုံးမျိုးစလုံး ကြည့်ရှု အသုံးပြုနိုင်မှာဖြစ်ပြီး App ကို အင်္ဂလိပ်-မြန်မာ ဖော်ပြချက်နှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့ အပြင် တစ်နှစ်တာ အစိုးရရုံးပိတ်ရက်များ၊ လပြည့်-လကွယ်နှင့် ရက်ရာဇာ-ပြဿဒါး စတာတွေကိုလည်း ကြည့်ရှုနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Buddha (Myanmar)

အိတ်ဆောင်တရားစာအုပ်သဖွယ် အသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။ ပရိတ်ကြီး၊ ပဌာန်း၊ ဂုဏ်တော်ကွန်ချာ၊ ၂၄ ပစ္စည်းစတဲ့ တရားတော်တွေနဲ့ ဗုဒ္ဓဝင်အကျဉ်း၊ ဇာတ်ကြီးဆယ်ဘွဲ့၊ အောင်ခြင်း ရှစ်ပါး၊ ဘုရားသမိုင်း စတာတွေကိုဖတ်ရှုနိုင်မယ့်အပြင် တရားတော် FM လိုင်းကိုလည်း App ကနေ တိုက်ရိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြည်ညိုဖွယ်ရာ ဗုဒ္ဓပုံတော်တွေကိုလည်း အယ်လ်ဘမ်အနေနဲ့ ထည့်သွင်းထားပါသေးတယ်။ App ကို Android version  4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Mobile Guide App – မိုဘိုင်း လမ်းညွှန်

မိုဘိုင်းဖုန်းသုံးသူတိုင်း ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။ လူသုံးများတဲ့ ဆိုရှယ် App တွေ ဖြစ်တဲ့ Facebook, Viber, VK စတဲ့ App အသုံးပြုနည်းများ၊ Gmail အသုံးပြုနည်း၊ မိမိကိုယ်ပိုင် share လင့်ခ်များ ပြုလုပ်နည်း၊ ပြန်လည်မျှဝေနည်းမျိုးစုံကို မြန်မာဘာသာနဲ့ လေ့လာနိုင်မှာဖြစ်ပြီး App ကို Zawgyi / Unicode ဖောင့်စနစ်နှစ်မျိုးလုံးနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ Appကို Android version 4.0.3နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

MM TopUp (ငွေဖြည့်ကတ် စကင်နာ)

ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MPT, Ooredoo, Telenor, MyTel ငွေဖြည့်ကတ်တွေမှာ ပါဝင်တဲ့ ပင်နံပါတ်ကို စကင်ဖတ်ကာ အလွယ်တကူဖုန်းကို ငွေဖြည့်နိုင်မယ့် App ဖြစ်ပါတယ်။ ဒါ့အပြင်အော်ပရေတာ လေးခုလုံးရဲ့  ဆားဗစ်တွေဖြစ်တဲ့ ငွေလက်ကျန်စစ်ခြင်း၊ Call Centre သို့ ဆက်သွယ်ခြင်း၊ ဖုန်းနံပါတ်စစ်ခြင်း၊ အင်တာနက်ဝန်ဆောင်မှုများ ဝယ်ယူခြင်း၊ ဖုန်းငွေချေးခြင်း၊ ဖုန်းငွေလွှဲခြင်းစတာတွေကို App ကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံး ပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Myanmar Electric Bill Calculator

လစဉ်သုံးစွဲတဲ့ ယူနစ်ပေါ်မူတည်ကာ မိမိအသုံးပြုတဲ့ လျှပ်စစ်မီတာခကို အလွယ်တကူ တွက်ချက်ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ အိမ်သုံးမီတာ၊ လုပ်ငန်း မီတာနှစ်မျိုးစလုံးအတွက် တွက်ချက်ကြည့်နိုင်မှာဖြစ်ပြီး လျှပ်စစ်မီတာရုံး ဖုန်းနံပါတ်တွေကိုလည်း ထည့်သွင်း ပေးထားပါတယ်။ App ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

GoodShal

မြန်မာဇာတ်ကား၊ အင်္ဂလိပ် စာတန်းထိုးသီချင်း၊ စာပေဟောပြောပွဲ၊ တရားစတဲ့ စုံလင်လှတဲ့ အကြောင်းအရာ ပေါင်းစုံကို ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဒါ့အပြင် Channel 7, MRTV-4, မဟာဗောဓိစတဲ့ ရုပ်သံလိုင်းတွေက Live ထုတ်လွှင့်မှုတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပြီး နိုင်ငံခြားဇာတ်လမ်းတွေ၊ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေနဲ့ စာအုပ်စာပေဆိုင်ရာတွေကို ကဏ္ဍအလိုက် ခွဲခြားထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

မြန်မာ့သမိုင်း – History of Myanmar

မြန်မာ့သမိုင်းကို အင်္ဂလိပ်-မြန်မာဘာသာနှစ်မျိုးနဲ့ လေ့လာဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ သက္ကရာဇ် ၁၃ဝဝဝ ပြည့်နှစ်သမိုင်းကြောင်း၊ ၉ ရာစု အစောပိုင်းကာလပုဂံခေတ်၊ ၁၆ ရာစု ကာလ တောင်ငူခေတ်၊ ၁၇ ရာစု ကုန်းဘောင်ခေတ်ဆိုင်ရာ သမိုင်းကြောင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

DAN Myanmar

UNDP နဲ့ Adaptation Fund တို့ရဲ့ ပံ့ပိုးမှုနဲ့ ရေးဆွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်အသိပေးချက်တွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနှုန်းများပြားတဲ့  သဘာဝဘေးအန္တရာယ် ၈ မျိုးနဲ့ဆိုင်တဲ့ အသိပေးချက်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်အောင် ဖန်တီးထားပြီး စာနဲ့သာမကဘဲ အသံနဲ့ပါ နားထောင်နိုင်မှာဖြစ်ပါတယ်။ ကြုံတွေ့နိုင်တဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်အသိပေးချက်တွေအပြင် ကြုံတွေ့နိုင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ သိရှိနိုင်မှာဖြစ်ပါတယ်။ App ကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Myanmar Bagan

Offline အနေနဲ့ အသုံးပြုနိုင်မယ့် ပုဂံဘုရားလမ်းညွှန် App ဖြစ်ပါတယ်။ ပုဂံဘုရားတွေရဲ့ သမိုင်းကြောင်း အချက်အလက်တွေကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ ဖတ်ရှုနိုင်အောင် ဖန်တီးထားပြီး ပုဂံမှာရှိတဲ့ဟိုတယ်နဲ့ တည်းခိုနိုင်မယ့် နေရာတွေရဲ့ အချက်အလက်တွေကိုလည်း App ကနေ အလွယ်တကူရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေလုပ်ပါ။

PannThee

ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ ဗသုတတွေအပြင် မြန်မာနိုင်ငံရှိ အထက်တန်း ကျောင်းသူ/ကျောင်းသားများ၊ အထက်တန်းပညာရေးကို ပြန်လည်လေ့လာလိုသူတွေအတွက် သင်ခန်းစာပို့ချချက်တွေကို Video အနေဖြင့် လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ၉ တန်း၊ ၁၀ တန်း သင်ရိုးများဖြစ်တဲ့ English, Chemistry, Mathematics ဘာသာရပ် ပို့ချချက်သင်ခန်းစာတွေအပြင် ဗဟုသုတရဖွယ် သိကောင်းစရာ အကြောင်းများကိုလည်း စုံစုံလင်လင်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Applicatiion မှ သင်ခန်းစာပို့ချချက်များကိုလည်း youtube တွင် ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

B&F Weekly Promotions

အဝတ်အထည်၊ စားသောက်ဆိုင်၊ အလှအပဆိုင်ရာ၊ ဖုန်းနှင့်လျှပ်စစ်ပစ္စည်း လက်ဆောင်ပစ္စည်း၊ ခရီးသွား၊ ပရိဘောဂစတဲ့ ပစ္စည်းမျိုးစုံနဲ့ အစားအသောက်တွေရဲ့ အပတ်စဉ် အထူးပရိုမိုးရှင်း အကြောင်းအရာတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အွန်လိုင်း၊ Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို ဒီဂျစ်တယ်ပွိုင့်စနစ်နဲ့ ဖန်တီးထားပြီး မိမိအသုံးပြုမှုအလိုက် ရရှိတဲ့ပွိုင့်နဲ့ လက်ဆောင်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ အသုံးပြုပြီး App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Myanmar TV : myanTV

တိုက်ရိုက်ထုတ်လွှင့်တဲ့ ဘောလုံးပွဲ၊ ရုပ်သံလိုင်းပေါင်းစုံမှ ဗီဒီ ယိုများ၊ အွန်လိုင်းရေဒီယိုလိုင်း ပေါင်းစုံကို အသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ မဟာ၊ Channel 7၊ MRTV – 4၊ Channel 9၊ mntv၊ mrtv စတဲ့ရုပ်သံလိုင်းများ၊ Cherry FM၊ Padamyar FM၊ Mandalay FM၊ Thazin FM၊ MI Radio စတဲ့ အွန်လိုင်းရေဒီယိုများနဲ့  ThitHtooLwin၊ LwinPyin၊ Shwemom စတဲ့ အွန်လိုင်း သတင်းဆိုက်က သတင်းတွေကို App တစ်ခုကနေ အသုံးပြုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Weight Cha Mal

မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ မိမိတို့ရဲ့ ကိုယ်အလေးချိန်ကို လျှော့ချသူတွေ ဆောင်ထားသင့်တဲ့ App ဖြစ်ပြီး မိမိအနေနဲ့ တစ်နေ့ကယ်လိုရီစားသုံးနိုင်မှု ပမာဏ၊ တစ်နေ့တာအတွက် စားသုံးခဲ့တဲ့ ကယ်လိုရီအနည်းအများ၊ စားသုံးတဲ့အစားအစာမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏစတာကို ကြည့်ရှုနိုင်မှာ ဖြစ်သလို မိမိအနေနဲ့လုပ်ဆောင်တဲ့ လေ့ကျင့်ခန်းများနဲ့ လေ့ကျင့်ခန်း အမျိုးအစားပေါ်မူတည်ပြီး လောင်ကျွမ်းသွားတဲ့ ကယ်လိုရီ ပမာဏစတာတွေကို တွက်ချက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရက်အလိုက်၊ စားသုံးစာရင်း၊ လေ့ကျင့်ခန်း၊ နည်းလမ်းစတာတွေကို ကဏ္ဍအလိုက် ခွဲခြားမှတ်သားပေးထားမှာ ဖြစ်ပါတယ်။ App ကို Android version 5.0 နဲ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Yatasone

ဆရာတော်ကြီးများရဲ့ တရားတော်စာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်အပါအဝင်စာအုပ်ပေါင်း တစ်သောင်းခွဲကျော်ကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ တရားတော်စာအုပ်များကို MP3, MP4 App ကို နားထောင်နိုင်မှာဖြစ်ပြီး Buddha Channel ကိုလည်း တိုက်ရိုက် Live အနေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ စာအုပ်များကိုလည်း အွန်လိုင်းမှာ ဖတ်ရှုနိုင်သလို ဖုန်းထဲကို Download လုပ်ကာလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေး၊ ဝါသနာ၊ ဟာသ၊ သီချင်းစတာတွေကိုလည်း App ကနေ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 5.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

-ရဲထွဋ်ဝင်း

 

ဖုန်းထဲမှာဆောင်ထားသင့်တဲ့ အသုံးဝင်လှတဲ့ Android App များ (၁)