ဘွဲ့လွန်အသုံးချကွန်ပျူတာ ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနမှ ဘွဲ့လွန်အသုံးချကွန်ပျူတာ ဒီပလိုမာသင်တန်း (Post Graduate Diploma in Computer Application -PGDCA) ကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

သင်တန်းကို ဒီဇင်ဘာ ၇ ရက်မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို လျှောက်ထားတက်ရောက်နိုင်ပါတယ်။ သင်တန်းကာလကတော့ စာသင်နှစ်ဝက် ၂ ခုနဲ့ Project ကာလ ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ စနေ၊ တနင်္ဂနွေ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို နိုဝင်ဘာ ၂၅ ရက်မှ စတင် လက်ခံမှာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက် နောက်ဆုံးထား လျှောက်ထားရမှာပါ။ သင်တန်းသား ဦးရေ ၁၀၀ သာလက်ခံပေးမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို အခန်းအမှတ် U308 (ULB)၊ ရန်ကုန်တက္ကသိုလ် မှာ ရယူနိုင်ပြီး အသေးစိတ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာန ဖုန်း-၅၃၄၃၉၀၊ ၇၀၃၂၃၀၊ ၅၀၃၅၉၉ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ