မကြာမီ Samsung Galaxy A51 ကိုမိတ်ဆက်နိုင်

ပြီးခဲ့တဲ့လက မော်ဒယ်နံပါတ် SM-A515F ဖြစ်တဲ့ Samsung Galaxy A51 ဟာ Geekbench စွမ်းဆောင်ရည် ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်အနည်းငယ်က Samsung Galaxy A51 ဟာ Wi-Fi Alliance ကနေ အသိအမှတ်ပြု လက်မှတ်တစ်ခုလည်း ရရှိခဲ့ပါတယ်။

Samsung ကတော့ Galaxy A51 နဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ Samsung ရဲ့ရုရှား တရားဝင်ဝက်ဘ်ဆိုက်ကတော့ Galaxy A51 ရဲ့ support page ကိုတင်လိုက်ပါတယ်။ ဒါကြောင့် Samsung Galaxy A51 ဟာ မကြာမီထွက်ရှိလာနိုင်ပါတယ်။

အခုဆိုရင် Galaxy A51 သရုပ်ဖော်ပုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှေ့ဘက်မှာ ၆.၅ လက်မ display နဲ့အတူ 32MP selfie ကင်မရာ ပါဝင်လာတာ တွေ့ရပါတယ်။ ကျောဘက်မှာတော့ ကင်မရာ ၄လုံးကို L ပုံသဏ္ဍာန် ထည့်သွင်းထားပါတယ်။ ကင်မရာ ၄ လုံးကတော့ အဓိက ကင်မရာ 48MP, ultrawide 12MP, 12MP telephoto နဲ့ 5MP depth sensor တို့ဖြစ်ပါတယ်။

Galaxy A51 မှာ ဘက်ထရီ 4,000mAh ပါဝင်လာနိုင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ Galaxy A51 မှာ Exynos 9611 SoC, RAM 4GB နဲ့ Android 10 အသုံးပြုထားတယ်လို့ Geekbench ကဖော်ပြထားပါတယ်။

စိုးထက်
Ref:GSMArena