မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် မှ ပထမနှစ် ဒီပလိုမာတန်းနှင့် မဟာဝိဇ္ဇာသင်တန်းသားများ ခေါ်ယူ

မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ် ဒီပလိုမာ (အချိန်ပြည့်/အချိန်ပိုင်း) သင်တန်းနဲ့ မဟာဝိဇ္ဇာသင်တန်းသားတ ွေခေါ်ယူနေပါတယ်။

ခေါ်ယူမယ့်သင်တန်းတွေကတော့ ဒီပလိုမာအချိန်ပိုင်း လေးနှစ်သင်တန်း (တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား) ၊ Diploma in English (one year full – time course), Diploma in Thai (Two year full time course), မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်ဘာသာ) သင်တန်းတွေပဲဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ အသိအမှတ်ပြုထားတဲ့ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရှိပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

ဝင်ခွင့်လျှောက်လွှာတွေကို နိုဝင်ဘာလ ၆ ရက်နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းအားလုံးအတွက် အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲကို နိုဝင်ဘာ ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၂-၄၀၆၁၄၀၂၊ ၀၉၃၃၀၃၉၉၇၅ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ