မသန်စွမ်းသူများအတွက် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်မည်

သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ သင်ကြားလေ့ကျင့်ရေးစင်တာ (ICT Training Center) မှာ မသန်စွမ်းသူတွေ အတွက် အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၄) ကို ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပါတယ်။

သင်တန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ အခြေစိုက် The Nippon Foundation တို့ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး အနိမ့်ဆုံး အခြေခံအင်္ဂလိပ်စာ ရေးတတ် ဖတ်တတ်သူ၊ အခြေခံပညာအထက်တန်း အထိ သင်ယူပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပြီး လူတွေ့စစ်ဆေးမှုလည်း ပြုလုပ်မှာဖြစ်ပါတယ်။

သင်တန်းကာလမှာ ၁၀ ပတ် ဖြစ်ပြီး အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဖြစ်ပါတယ်။

အသေးစိတ်ကို အမှတ် ၆၄၊ ကမ္ဘာအေးဘုရားလမ်း နှင့် ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း – ၀၉၉၅၅၃၂၉၂၉၅ နဲ့ [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ