မျိုးဆက်သစ် Xbox ဂိမ်းစက် ၂ မျိုးကိုထုတ်လုပ်ဖို့ Microsoft စီစဉ်

Microsoft ဟာ ၂၀၂၀ အားလပ်ရက်ရာသီအတွင်း Xbox ဂိမ်းသစ် ၂ မျိုးကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Microsoft ဟာ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည် အသင့်အတင့်ရှိတဲ့ ဒုတိယမြောက် Xbox ဂိမ်းစက်ကို ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက The Verge ကိုပြောခဲ့ပါတယ်။ အဲဒီ ဂိမ်းစက် လျှို့ဝှက်အမည်က “Lockhart” ဖြစ်ပါတယ်။

Microsoft အနေနဲ့ Xbox Project Scarlett တန်ဖိုးကြီးဂိမ်း စီမံကိန်းကို မိတ်ဆက်ခဲ့ပေမယ့် ဒီနှစ်အစောပိုင်း ပြုလုပ်ခဲ့တဲ့ E3 မှာ ဂိမ်းစက် ၂ မျိုး ဖြန့်ချိမယ့် နည်းဗျူဟာကိုတော့ မပြောခဲ့ပါဘူး။ Microsoft ဟာ ဈေးနှုန်းသက်သာတဲ့ Lockhart ဂိမ်းစက်ကို လွန်ခဲ့တဲ့ ၁ နှစ်လောက်က စတင် လုပ်ကိုင်ခဲ့တယ်လို့ Windows Central ကဖော်ပြခဲ့ဖူးပါတယ်။

Microsoft ဟာ Xbox One S နဲ့ Xbox One X နေရာဆက်ခံမယ့် မျိုးဆက်သစ်ဂိမ်းစက်တွေကို အရေးပါစွာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Lockhart မှာ disc drive ပါဝင်မှာ မဟုတ်ဘဲ Xbox One All-Digital Edition နဲ့ဆင်တူမှာ ဖြစ်ပါတယ်။ Microsoft က ဂိမ်းစက် hardware ကို အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ ဒါကြောင့် Project Scarlett အဓိက ဂိမ်းစက်ထက် စွမ်းဆောင်ရည်နိမ့်မှာ ဖြစ်ပါတယ်။ အဓိက ဂိမ်းစက်ရဲ့ လျှို့ဝှက်အမည်ကတော့ Anaconda ပဲဖြစ်ပါတယ်။

လအနည်းငယ်အတွင်း မျိုးဆက်သစ် Xbox စီမံကိန်းမှာ ပါဝင်တဲ့ developer တွေဆီက တုံ့ပြန်မှုကို ရှာဖွေနေပါတယ်။ Microsoft ဟာ Lockhard အစီအစဉ်ကို E3 ပွဲမတိုင်ခင်မှာ အနည်းငယ် မိတ်ဆက်ပေးနိုင်ပါတယ်။ Microsoft ဟာ မျိုးဆက်သစ် Xbox hardware အသေးစိတ် အချက်အလက်အတွက် အပြီးသတ် မဆုံးဖြတ်ရသေးပေမယ့် ၂၀၂၀ အားလပ်ရက်မှာ Lockhard ကိုလည်း မိတ်ဆက်မယ်လို့ သိရပါတယ်။

Microsoft ရဲ့ Anaconda ကအလွန်စွမ်းဆောင်ရည်မြင့်မားတဲ့ ဂိမ်းစက်ဖြစ်လာမှာဖြစ်ပြီး ရုပ်ထွက်ပိုင်းသရုပ်ဖော်မှု 10 teraflops ကျော်အထိ ပါဝင်လာနိုင်ပါတယ်။ Lockhart မှာတော့ 4 teraflos ဝန်းကျင်လောက်ပဲ ပါဝင်မယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge