ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာသင်တန်း (D.C.Sc) သင်တန်းကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းမှာ စနေနေ့တွင် အချိန်ပြည့်သင်ကြားပြီး ကျန်ရက်တွေမှာ E-Learning နဲ့ သင်ယူနိုင်မှာဖြစ်ပါတယ်။ သင်တန်းကာလမှာ တစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းအောင်မြင်ပြီးပါက မဟာသုတသိပ္ပံ (M.I.Sc) သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားနိုင်ပြီး ကွန်ပျူတာတက္ကသိုလ်မှ B.C.Sc နဲ့ ဘွဲ့ရရှိသူတွေ အနေနဲ့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုဘဲ တက်ရောက်နိုင်ပါတယ်။

ဝင်ခွင့်စာမေးပွဲတွေအနေနဲ့ အောက်တိုဘာ ၂၉ ရက်မှာ အင်္ဂလိပ်စာကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ လည်းကောင်း၊ IQ Test ကို နေ့လယ် ၁ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လည်းကောင်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်မှာ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှာ လူတွေ့ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းကို ဒီဇင်ဘာ ၂ ရက်မှ စတင် ဖွင့်လှစ်သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို အောက်တိုဘာ ၂၁ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ပြီး အသေးစိတ်ကို ဖုန်း – ၀၉၄၄၃၄၄၀၄၇၈ နဲ့ ၀၉၂၆၆၉၂၆၉၂၈ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ