ရန်ကုန်တက္ကသိုလ်မှ အလှကုန်လုပ်ငန်း အတတ်ပညာသင်တန်း အတွက် လျှောက်လွှာခေါ်ယူ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနမှာ အလှကုန်လုပ်ငန်း အတတ်ပညာ ( Certificate in Cosmetic Tehnology) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ သင်တန်းကာလ မှ ၃ လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကို ဒီဇင်ဘာ ၃ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းချိန်က တော့ နံနက် ၇ နာရီမှ ၉ နာရီဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ကုန်ထုတ် ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်မှာ စုံစမ်းနိုင်ပါတယ်။ လျှောက်လွှာတွေကို နိုဝင်ဘာ ၁ ရက် မှ ၂၂ ရက်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှာ ရယူလျှောက်ထားနိုင်ပါတယ်။