ရှေ့ကင်မရာ ၂ လုံးပါဝင်တဲ့ အကောင်းဆုံးစမတ်ဖုန်းများ

အခုကာလမှာ ကျောဘက် ကင်မရာ ၂ လုံးပါဝင်တဲ့ စမတ်ဖုန်းတွေကို နေရာတိုင်းမှာ မြင်တွေ့လာရပါတယ်။ အလားတူပဲ အခုဆိုရင် ရှေ့ကင်မရာ ၂ လုံး ပါဝင်တဲ့ စမတ်ဖုန်းတွေလည်း တဖြေးဖြေး ထွက်ပေါ်လာပါတယ်။ ရှေ့ကင်မရာ ၂ လုံးပါဝင်တဲ့ အကောင်းဆုံးဖုန်းတွေက ရှာဖွေဖို့ အနည်းငယ် ခက်ခဲပါတယ်။ ရှေ့ကင်မရာ ၂ လုံးပါဝင်ပြီး အသုံးလည်း ဝင်သလိုစုံလင်တဲ့ဖုန်းတွေက ပိုခက်ခဲပါတယ်။
ဒါကြောင့် အကောင်းဆုံးဖုန်းတွေထက် စိတ်ကြိုက် ဖုန်းတွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။

တစ်ခု သတိပြုသင့်တာက ရှေ့ကင်မရာ ၂ လုံးပါဝင်တဲ့ ဖုန်းတွေကို အာရှက Huawei, Redmi, Oppo နဲ့ အခြားကုမ္ပဏီ တွေက အများဆုံး ထုတ်လုပ်ထား ပါတယ်။ အခုဆောင်းပါးမှာတော့ အနောက်နိုင်ငံက သုံးစွဲသူတွေ ကို ပစ်မှတ်ထားတဲ့ ရှေ့ကင်မရာ ၂ လုံးပါဝင်တဲ့ စမတ်ဖုန်းတွေကိုပဲဖော်ပြထားပါတယ်။

Google Pixel 3/Pixel 3 XL

Google Pixel 3 နဲ့ Pixel 3 XL ဟာ အခုစာရင်းထဲမှာ ပုံမှန်မ ဟုတ်တဲ့ ဖုန်းတစ်မျိုးဖြစ်ပါတယ်။ အခုစမတ်ဖုန်းတွေရဲ့ ကျောဘက် မှာ ကင်မရာ sensor တွေ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ 12.2MP ကင်မရာတစ် လုံးပဲ ပါဝင်လာပါတယ်။ဖုန်းတွေ ရဲ့ရှေ့ဘက်မှာ 8MP sensor ၂ မျိုးပါဝင်လာပါတယ်။ ရှေ့ ဘက်ကင်မရာတစ် လုံးမှာ f/1.8 aperture နဲ့ ရ၅ ဒီဂရီ field of view ပါဝင်လာပါတယ်။ အခြား sensor တစ်ခုကတော့ f/2.2 aperture နဲ့ ၉၇ ဒီဂရီ field of view နဲ့အတူ wide-angle lens ပါဝင်လာပါတယ်။

Google မှာ Pixel 3 နဲ့ Pixel 3 XL အတွက် selfie အခြေပြု software ၂ ခုပါဝင် လာပါတယ်။ ဖုန်းသုံးစွဲသူတွေက selfie ဓာတ်ပုံထဲမှာ လူများစွာ ပါ၀င်ဖို့ wide-angle sensor ကို အသုံးပြုနိုင်ပါတယ်။ အခြားကင်မရာ feature တွေကတော့ Photobooth Mode ဖြစ်ပြီး သုံးစွဲသူကရယ်လိုက်ရင် ဓာတ်ပုံ တွေကို အလိုအလျောက် ရိုက်ကူးပေးပါတယ်။

Pixel 3 နဲ့ Pixel 3 XL ရဲ့ hardware နဲ့ software ပိုင်း အလွန်ကောင်းမွန်ပါတယ်။ Google ထုတ်ကုန်ဖြစ်တာကြောင့် software update လည်း အချိန်မီ ရရှိနိုင်ပါတယ်။

Google Pixel 3 အသေးစိတ် အချက်အလက်

Display – ၅.၅ လက်မ၊ Full HD+ ကင်မရာ- 12.2MP

SoC- Snapdragon 845 ရှေ့ကင်မရာ- 8 နဲ့ 8MP

RAM- 4GB

ဘက်ထရီ- 2,915mAh

Storage- 64/128GB Software- Android 9.0 Pie

Google Pixel 3 XL အသေးစိတ်အချက်အလက်

Display – ၆.၃ လက်မ၊ QHD+ ကင်မရာ- 12.2MP

SoC- Snapdragon 845 ရှေ့ကင်မရာ- 8 နဲ့ 8MP

RAM- 4GB

ဘက်ထရီ- 2,915mAh

Storage- 64/128GB Software- Android 9.0 Pie

Samsung Galaxy S10 Plus

Samsung Galaxy S10 Plus ဟာ အလွန်ကောင်းမွန်တဲ့ ဖုန်းဖြစ်ပြီး ရှေ့ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ အဓိကင်မရာ မှာတော့ 10MP sensor ပါဝင်ပြီး Dual Pixel Autofocus အပြင် 1.22μm pixel နဲ့ f/1.9 aperture တို့ပါဝင်လာပါတယ်။ ဒုတိယကင်မရာမှာတော့ 8MP depth sensor နဲ့အတူ 1.12μm pixel နဲ့ f/2.2 aperture တို့ ပါဝင်လာပါတယ်။

ရှေ့ကင်မရာရဲ့ sensor တွေက အလွန်ကောင်းမွန်ပြီး dynamic range အပေါ် အာရုံ စိုက်ထားပါတယ်။

Samsung Galaxy S10 Plus အသေးစိတ်အချက်အလက်

Display – ၆.၄ လက်မ၊ QHD+ ကင်မရာ 12, 12, နဲ့ 16MP

SoC- SD 855 ဒါမှမဟုတ် Exynos 9820 ရှေ့ကင်မရာ- 10 နဲ့ 8MP

RAM- 8/12GB

ဘက်ထရီ- 4,100mAh

Storage- 128/512GB နဲ့ 1TB Software- Android 9.0 Pie

Samsung Galaxy Fold

Samsung Galaxy Fold ဟာ အလွန်ထူးခြားပါတယ်။ ရှေ့ဘက်ကင်မရာ ၂ လုံးမှာ အဓိကတစ်ခုက 10MP sensor နဲ့အတူ 1.22μm pixel နဲ့ f/2.2 aperture တို့ပါဝင်လာပါတယ်။ ဒုတိယကင်မရာမှာတော့ sensing depth နဲ့အတူ 8MP sensor နဲ့ f/1.9 aperture တို့ ပါဝင် လာပါတယ်။

ဖုန်းမှာ Snapdragon 855 ပရိုဆက်ဆာအပြင် RAM 12GB, storage 512GB နဲ့ လှပတဲ့ ရ.၃ လက်မ display တို့ပါဝင်လာပါတယ်။

Samsung Galaxy Fold အသေးစိတ်အချက်အလက်

Display – ရ.၃ လက်မ QXGA+ ခေါက်လိုက်တဲ့အခါမှာ ၄.၆လက်မ ကင်မရာ 12, 12, နဲ့ 16MP

SoC- SD 855

ရှေ့ကင်မရာ- 10 နဲ့ 8MP၊ 10MP ကာဗာကင်မရာ

RAM- 12GB

ဘက်ထရီ- 4,380mAh

Storage- 512GB

Software- Android 9.0 Pie

LG V40 ThinQ

Google Pixel 3 နဲ့ Pixel 3 XL တို့မှာ ကျောဘက်ကင်မရာ ၁ လုံးပဲပါဝင်ပြီး ရှေ့ဘက်ကင်မရာ ၂ လုံးပါဝင်တာကို ပြောပြပြီးပါပြီ။ အခုအခါမှာ LG V40 ThinQ ကလည်း Google Pixel 3 လိုပဲ ထူးခြားပြီးကျောဘက် ကင်မရာ ၃ လုံးပါဝင်ပြီး ရှေ့ကင်မရာ ၂ လုံးပါဝင်လာပါတယ်။

ရှေ့ကင်မရာတွေက 8MP sensor, f/1.9 aperture နဲ့ ၈၀ ဒီဂရီ field of view တို့ပါဝင်လာပါတယ်။ အခြားကင်မရာကတော့ 5MP ကင်မရာဖြစ်ပြီး wide angle lens, f/2.2 aperture နဲ့ ၉၀ ဒီဂရီ field of view တို့ပါဝင်လာပါတယ်။

LG V40ThinQ မှာ ကျောဘက်ကင်မရာ ၃ လုံးကို အာရုံစိုက် လုပ်ကိုင်ထားပေမယ့် ရှေ့ကင်မရာနဲ့ selfie ဓာတ်ပုံကောင်းတွေကို အားထုတ် ရိုက်ကူးနိုင်ပါတယ်။ ဖုန်းမှာအဆင့်မြင့် hardware ကို အသုံးပြုထားပြီး Snapdragon 845 ချစ်ပ်နဲ့ LG ရဲ့ လူသိများတဲ့ manual camera mode အပါအဝင် software ကောင်းတွေပါဝင်လာပါတယ်။

LG V40 ThinQ အသေးစိတ် အချက်အလက်

Display – ၆.၄ လက်မ၊ QHD+ ကင်မရာ 12, 12, နဲ့ 16MP

SoC- SD 845

ရှေ့ကင်မရာ- 10 နဲ့ 8MP

RAM- 6GB

ဘက်ထရီ- 3,300mAh

Storage- 64/512GB

Software- Android 8.1 Oreo (Android 9.0 Pie အဆင့်မြှင့်တင်နိုင်)

Asus Zenfone 6

Asus Zenfone 6 မှာ Snapdragon 855, RAM 8GB နဲ့ internal storage 256GB တို့ပါဝင်လာပါတယ်။ Asus Zenfone 6 ရှေ့ကင်မရာကတော့ အလွန်စွမ်းဆောင်ရည်မြင့်မားပြီး ကျောဘက်ကင်မရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Asus Zenfone 6 မှာပါဝင်တဲ့ ကင်မရာ mechanism က flip ဖြစ်ပြီးselfie တွေ ရိုက်ကူးနိုင်ပါတယ်။ အဓိက ကင်မရာကတော့ 48MP sensor
နဲ့အတူ f/1.79 aperture တို့ ပါဝင်လာကာ ဒုတိယကင်မရာမှာ wide-angle နဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။

Asus Zenfone 6 အသေးစိတ်အချက်အလက်

Display – ၆.၄ လက်မ၊ HD+ ကင်မရာ 13 နဲ့ 48 MP

SoC- SD 855 ရှေ့ကင်မရာ- 13 နဲ့ 48MP

RAM- 6/8GB

ဘက်ထရီ- 5,000mAh

Storage- 64/128/256 GB Software- Android 9.0

Redmi Note 6 Pro

Redmi Note 6 Pro ဟာ ဈေးနှုန်းသက်သာပြီး Amazon မှာ ဒေါ်လာ ၁၆၅.၆၇ နဲ့ရောင်းချနေပါတယ်။ ဈေးနှုန်းသက်သာ တာကို ရှာဖွေနေတဲ့ သုံးစွဲသူတွေအတွက် အသင့်တော်ဆုံးဖုန်း ဖြစ်ပါတယ်။ ဖုန်းမှာ Qualcomm Snapdragon 636 ပရိုဆက်ဆာနဲ့ RAM 6GB ပါဝင်လာပါတယ်။

ဖုန်းရဲ့ ရှေ့ဘက်ကင်မရာမှာ 20MP နဲ့ 2MP ပါဝင်လာပါတယ်။ ဒုတိယမြောက် ကင်မရာက depth sensor အဖြစ် အသုံးပြုနိုင်ပါတယ်။ အဓိကကင်မရာကတော့ 4-in-1 pixel binning နည်းလမ်းကို အသုံးပြုထားပြီး 1.8 microns pixel အရွယ်ကို အသုံးပြုထားတဲ့အတွက် Selfie ဓာတ်ပုံတွေကအသေးစိတ် ဖော်ပြပေးနိုင်ပါတယ်။

Redmi Note 6 အသေး စိတ်အချက်အလက်

Display – ၆.၂၆ လက်မ၊ HD+ ကင်မရာ 5 နဲ့ 12 MP

SoC- SD 636

ရှေ့ကင်မရာ- 2 နဲ့ 20MP

RAM- 3/4GB

ဘက်ထရီ- 4,000mAh

Storage- 32/64GB

Software- Android 8.1 Pie

-စိုးထက်
Ref: AndroidAuthority