သြစတြေးလျနိုင်ငံရှိ Central Queensland University (Australia) မှ ပညာသင်ဆုပေးအပ်မည်

သြစတြေးလျနိုင်ငံရှိ Central Queensland University (Australia) မှ ပညာသင်ဆု ၂၀ ရာခိုင်နှုန်းကို ကျောင်းလခအတွက် ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

သြစတြေးလျ ဘွဲ့ဒီဂရီကို CQ University မှာ မြန်မာနိုင်ငံမှ (၁၀) တန်းနဲ့ IGCSE ‘O’ Level အောင်မြင်ထားသူတွေ အနေနဲ့ ဒီပလိုမာတန်းမှ စတင် တက်ရောက်နိုင်ပြီး အစိုးရတက္ကသိုလ်များမှ ပထမနှစ်အောင်မြင်ထားသူတွေ၊ International School မှ Year 12 ပြီးဆုံးထားသူတွေနဲ့ GCE ‘A’ Level ပြီးဆုံးထားသူတွေအနေနဲ့ Foundation တက်ရောက်သင်ယူစရာ မလိုဘဲ Bachelor တန်း ပထမနှစ်က စပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Allied Health, Business and Accounting, Creative, Performing and Visual Arts, Digital Media, Communication and Arts, Education and Teaching, Information Systems and Technology, Nursing, Paramedicine and Health, Service Industries, Transport and Safety Sciences စတဲ့ ဘာသာရပ်အပိုင်းတွေကို သင်ကြား ပို့ချပေးလျက်ရှိပြီး ဘွဲ့ကြို (Foundation)Diploma တန်းများ၊ Certificate တန်းများနဲ့ Master တန်း၊ Ph. D တန်းများအပြင် Master တန်းများမတက်မီ Graduate Diploma တန်းများနဲ့ Certificate တန်းတွေကို တက်ရောက်နိုင်ပါတယ်။

အတန်းတွင်းသင်ကြားမှုများ အပြင် (၁၀) ပတ်ကြာမြင့်မယ့် Internship program များ၊ လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိနိုင်တဲ့ Work-integrated Learning program များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနဲ့ ပညာရှင်များထံမှ လက်တွေ့ အတွေ့အကြုံများနဲ့ အဆက်အသွယ်များ ရရှိနိုင်တဲ့ Residential Schools program တွေ၊ Volunteer လုပ်ငန်းတွေနဲ့ လူမှုရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

CQ University ကျောင်းလျှောက်ရန် ကျောင်းအကြောင်းအသေးစိတ်သိရှိလိုပါက MSI ပညာရေးဝန်ဆောင်မှု ရန်ကုန်ရုံးချုပ် ဖုန်း – ၀၉၅၁၀၃၉၁၅၊ မန္တလေးရုံးခွဲ – ဖုန်း – ၀၉၉၇၆၀၅၈၆၂၆ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ