ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ Digital Marketing လုပ်ငန်းဆိုင်ရာဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ခရီးမြှင့်တင်စရိတ် (Digital Marketing) အသုံးစရိတ်တွေအတွက် ခွင့်ပြုချက်ဖြင့် Google Marketing နဲ့ Social Media Marketing, Post Boosting လုပ်ငန်များဆောင်ရွက်ရန် အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေပါတယ်။

စိတ်ပါဝင်စားတဲ့ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ တင်ဒါဈေးနှုန်း အဆိုပြုလွှာတွေ တင်သွင်းနိုင်ပြီး တင်ဒါပုံစံတွေကို နိုဝင်ဘာ ၂၀ ရက် မှစတင်ကာ ရောင်းချနေပါတယ်။ တင်ဒါပုံစံ တစ်စောင်လျှင် တစ်သောင်းကျပ်နှုန်းဖြင့် eGovernment Office၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအမှတ် ၃၃၊ နေပြည်တော်မှာ ဝယ်ယူရရှိနိုင်ပါတယ်။

တင်ဒါလျှောက်လွှာတွေကို ဒီဇင်ဘာ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်ကို eGovernment Office၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၃၃၊ နေပြည်တော် ဖုန်း – ၀၆၇၃-၄၀၆၄၇၆ ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ