အကြမ်းခံနိုင်ရည်မြင့်မားတဲ့ CAT S52 ဖုန်း

CAT ကထုတ်လုပ်တဲ့ နောက်ဆုံးပေါ်စမတ်ဖုန်း S52 ဟာ အရင်မော်ဒယ်တွေလိုပဲ အကြမ်း ခံနိုင်ရည်မြင့်မားပါတယ်။ S52 မှာ IP68 အဆင့် ရေနဲ့ဖုန်ဒဏ်ခံနိုင်ပြီး MIL-STD 810G အဆင့်သတ်မှတ်ချက် ရှိပါတယ်။ အထူကတော့ ၉.၆၉ မီလီမီတာပဲရှိပြီး သပ်ရပ်တဲ့ TPU အပြင် အလူမီနီယမ်ကိုယ်ထည်ကို အသုံးပြုထားပါတယ်။

CAT S52 ရှေ့ဘက်မှာ Gorilla Glass 6 ကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ အသုံးပြုထားတဲ့ ပလိတ်ပြားကို ကိုင်တွယ်တဲ့အခါ မချော်ထွက်နိုင်တဲ့ TPU အသုံးပြုထားပြီး ကင်မရာက ၁ လုံးပဲ ပါဝင်လာပါတယ်။ အဲဒီကင်မရာက 12MP f/1.8 Sony ကထုတ်လုပ်တဲ့ 1.4 µm pixels ကိုအသုံးပြုထားပါတယ်။ ရှေ့ကင်မရာကတော့ 8MP ဖြစ်ပါတယ်။

CAT S52 မှာ Android 9 ကိုအသုံးပြုထားပြီး အတွင်းဘက်မှာ MediaTek Helio P35 နဲ့အတူ RAM 4GB အသုံးပြုထားပါတယ်။ ဖုန်းအတွင်းက storage ကတော့ 64GB ဖြစ်ပြီး microSD ကတ်ပေါက် ပါဝင်လာပါတယ်။

CAT S52 ကို နိုဝင်ဘာလ ၁၂ ရက် ဥရောပမှာ ယူရို ၄၉၉ နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena