အဋ္ဌမအကြိမ်မြောက် ကျင်းပမည့် Developer Conference Yangon 2019

မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်းမှကြီးမှူးပြီး မြန်မာ နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏပညာရှင်များ တွေ့ဆုံဆွေးနွေးမယ့် Developer Conference Yangon 2019 ကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၂ ရက် အထိ နှစ်ရက်တိုင်တိုင် MICT Park, Conference Hall မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Developer Conference Yangon 2019 ကျင်းပရခြင်း၏ ရည်ရွယ်ချက်

မြန်မာနိုင်ငံရဲ့ အိုင်စီတီအခန်းကဏ္ဍနဲ့ Industry ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ခေတ်နဲ့ အညီ နည်းပညာအသစ်များကို မျှဝေသုံးစွဲရန် အတွက်လည်းကောင်း၊ Developer Community တိုးတက်စေရန်အတွက် လည်း ကောင်း၊ တိုးတက်ပြောင်းလဲလာ တဲ့ ICT နည်းပညာပေါ် အခြေခံပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ICT ဆားဗစ်များ၊ Skill Level များ၊ ဝန်ဆောင်မှုများ ဖြစ်လာစေ ရန်အတွက် လည်းကောင်း Developer Conference ရဲ့ Theme  ဖြစ်တဲ့ Developer Beyond 2020  ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပါတယ်။

Developer Conference 2019

၂၀၁၁ ခုနှစ်မှ စတင်ကျင်းပ လာခဲ့တဲ့ Developer Conference ကို ရှစ်ကြိမ်မြောက်အဖြစ် ဒီနှစ် မှာလည်း ကျင်းပတော့မှာဖြစ်ပါ တယ်။ အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့တွင် နှစ်စဉ်ကျင်းပ လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျုတာ ပညာရှင်အသင်း(MCPA) မှ ကြီးမှူးကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ကွန်ပျုတာ၊ ဆော့ဖ်ဝဲ၊ Networking နဲ့ အိုင်တီ နည်းပညာလုပ်ငန်းများမှ ပညာ ရှင်များ၊ လုပ်ငန်းရှင်များ၊ ကွန်ပျူ တာနှင့်အိုင်တီကျောင်းများ၊ တက္ကသိုလ်များမှပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်း သူများ၊ နိုင်ငံရပ်ခြားရောက်မြန် မာပညာရှင်များ၊ နိုင်ငံခြားတက္က သိုလ်နှင့် လုပ်ငန်းများမှပညာရှင် များ နှစ်စဉ်စုဝေးကာ အသိပညာ၊ အတတ်ပညာ၊ နောက်ဆုံးပေါ် နည်းစနစ်များ၊ နည်းပညာများကို တင်ပြ၊ ဆွေးနွေးဖလှယ်ကြသော စုဝေးဆွေးနွေးပွဲ ဖြစ်တဲ့အတွက် နည်းပညာအသစ်တွေကို တွေ့ရှိ နိုင်မှာ ဖြစ်ပါတယ်။

Developer Conference 2019 မှာပါ၀င်တဲ့ ထူးခြားတဲ့အစီစဉ်များ

Tech debate အစီအစဉ်၊ Panel Discussion အစီအစဉ်အပြင် ပရောဂျက် display အစီအစဉ်တွေ ပါ၀င်မှာဖြစ်ပါတယ်။ ပရောဂျက် display အတွက် ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များကို ဖိတ်ခေါ်ထားပြီး အဆိုပါတက္ကသိုလ်များမှ ဆောင်ရွက်ခဲ့ဖူးတဲ့ ပရောဂျက် တွေကို ပြသမှာဖြစ်ပါတယ်။ Developer Conference 2019 ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Developer Conference ဆိုတာ ဘာလဲ

Developer Conference ဆို တာ မိမိပြောလိုတဲ့ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တဲ့ သဘောဖြစ်ပါတယ်။ Developer Conference တွေကို နိုင်ငံတကာတွင်ကျင်းပရာ အများစုက Google Developer Conference, Web Developer Conference, Blackberry Developer Conference, Android Developer Conference အစရှိသည်ဖြင့် ဆွေးနွေးကျင်းပတဲ့ ခေါင်းစဉ်အပေါ်လိုက်ပြီး ခေါ် ဆိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။ Developer Conference မှာ အ လုပ်ရုံဆွေးနွေးပွဲကဲ့သို့ မဟုတ် ဘဲ မိမိဆွေးနွေးလိုသမျှကို လွတ် လွတ်လပ်လပ်ဆွေးနွေးနိုင်မှာဖြစ် ပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲ မှာ မိမိပြောပြလိုသော အကြောင်းအ ရာကို ပြောဆိုဆွေးနွေး ခြင်းဖြစ်ပြီး Developer Conference က တော့ ပြင်ပမှလာရောက်နား ထောင်သူတွေကလည်း ဝင် ရောက် ဆွေးနွေးနိုင်မှာ ဖြစ်ပါ တယ်။ Developer Conference ကို Developer များ၊ နည်းပညာနှင့် ဆက်နွှယ်နေသူတွေသာ တက် ရောက်ရမယ်လို့ သတ်မှတ်ထား ခြင်းမရှိဘဲ နည်းပညာကို စိတ်ပါ ဝင်စားသူတိုင်း မည်သူမဆိုတက် ရောက်နိုင်မှာဖြစ်ပါတယ်။တက် ရောက်ဖို့အတွက် အသက်အရွယ် ကိုလည်း ကန့်သတ်ထားခြင်းမရှိ ပါဘူး။ Developer Conference တွင်ပါဝင်ဆွေးနွေးဟော ပြောမယ့် သူတွေရဲ့ အချိန်စာရင်း တွေကို သတ်မှတ်နေရာမှာ ကြေညာပေးထားမှာဖြစ်ပြီး အဆိုပါအချိန်စာရင်းတွေကို ကြည့်ရှုပြီး မိမိတက်ရောက်လိုတဲ့အချိန်မှာ တက်ရောက်နိုင်မှာ ဖြစ်ပတယ်။ ပြည်တွင်း နည်းပညာနယ်ပယ် အသီးသီးမှပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ ပြည်တွင်းကုမ္ပဏီကြီးများတွင် ဝင်ရောက်လုပ်ကိုင် နေသူများ၊ နိုင်ငံခြားသားပညာရှင်များ အစရှိသည်တို့မှ ဟောပြောဆွေးနွေးမှာဖြစ်ပါတယ်။ Developer များအတွက် အဓိကကျင်း ပပေးခြင်းဖြစ်၍ Developer အဖြစ် လုပ်ကိုင်နေသူများ၊ Developer လုပ်ငန်းနှင့်ပတ်သက်၍ လေ့လာနေသူများ၊ Developer ဖြစ်ချင်သူများ တက်ရောက်သင့်သော အခမ်းအနားဖြစ်တယ်လို့ သိရပါတယ်။ ကန့်သတ်ချက်မရှိ မည်သူမဆို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ Developer များ၊ Programmer များ၊ Software Programmer များ၊ Software Engineerများ၊ System Integrator များ၊ IT Consultant များနှင့် ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသူများ အစရှိသဖြင့် မည်သူမဆို တက်ရောက်နိုင်ပါတယ်။

တက်ရောက်ဖို့အတွက် ဘာတွေလိုမလဲ

တက်ရောက်ဖို့အတွက် မှတ်ပုံတင်ပြီး လက်မှတ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ လက်ရှိတွင်လက် မှတ်များကို စတင်ဝယ်ယူနိုင်ပြီး ဖြစ်ပြီး Developer Conference Yangon 2019 အတွက်တက် ရောက်ခွင့် မှတ်ပုံတင်ကြေးကို ၁၅,၀၀၀ ကျပ် သတ်မှတ်ထား ပါတယ်။ ပွဲကျင်းပတဲ့နေ့မှာ ၀ယ် ယူမယ်ဆိုရင်တော့ ၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ လက် မှတ်တွင် တက်ရောက်ဆွေးနွေး သူတွေနဲ့ တွေ့ဆုံနိုင်မယ့် networking dinner နဲ့ နေ့လယ် စာတို့ ပါ၀င်မှာ ဖြစ်ပါတယ်။

Developer Conference Yangon 2019 တက်ရောက် ရန်အတွက် လက်မှတ်ဝယ်ယူနိုင် မည့်နေရာများ

Developer Conference Yangon 2019 တက်ရောက်ရန် လက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့

(၁)MCPA Office

(၂)Gusto University

(၃) KMD Center(1)

(၄) KMD Center(2)

(၅) Micro Computer

(၆) Kanaung Hub

(၇) ကွန်ပျူတာတက္ကသိုလ် များ

(၈)နည်းပညာတက္ကသိုလ်များ

(၉) အွန်လိုင်းမှ လက်မှတ်ဝယ်နိုင်မည့် ဝက်ဘ်ဆိုက်လိပ်စာ – www.devconmyanmar.org

လက်မှတ်နှင့်ပတ်သက်၍ ဆက်သွယ်နိုင်မည့်ဖုန်း – ၆၅၂၂၇၆ ၊ ၀၉၅၀၆၇၁၆၈

Developer Conference 2019 အကြောင်း ကြိုတင်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်

DeveloperConference ကျင်းပသည့်အချိန်တိုင်းအခမ်းအနားနှင့် ပတ်သက်၍ လေ့လာ သိရှိနိုင်ရန် ဝက်ဘ်ဆိုက်လွှင့်တင်ထားလေ့ရှိသကဲ့သို့ ယခုနှစ်အတွက်လည်း ဝက်ဘ်ဆိုက်မှာ လွှင့်တင်ထားပြီးဖြစ်ပါတယ်။ လိပ်စာမှာ www.devconmyanmar.org ဖြစ်ပါတယ်။ Developer Conference 2019 Yangon နဲ့ ပတ်သက်ပြီး လေ့လာနိုင်မယ့် အချက်အလက်တွေအားလုံးကို ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Developer Conference Yangon 2019 နဲ့ပတ်သက်ပြီး အသေးစိတ် သိချင်တယ်ဆိုရင်

Developer Conference Yangon 2019 နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင် MCPA ရုံး၊ ဖုန်း – ၀၁-၆၅၂၂၇၆၊ ၀၉၇၃၀၈၈၃၃၀ နဲ့ အီးမေးလ် [email protected] ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ