အမေရိကန်စင်တာရန်ကုန်မှ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်မည်

အမေရိကန်စင်တာရန်ကုန်မှ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်မယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို အမေရိကန်စင်တာ အသင်းဝင်တွေတက်ရောက်နိုင်ပြီး ကွန်ပျူတာကျွမ်းကျင်သူကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက် မှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ သောကြာနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အပတ်စဉ်သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်း ၈ ပတ်စလုံးတက်ရောက်နိုင်သူကိုသာ သင်တန်းအောင်လက်မှတ်ပေးမှာဖြစ်ပြီး သင်တန်းကိုလည်း မြန်မာဘာသာနဲ့ ပို့ချသွားမှာဖြစ်ပါတယ်။ သင်တန်းမှာ Hardware Basics, Software Basics, Internet Basics, Using Microsoft Windows, Multimedia and Printing, Set up and Maintenance တွေကို သင်ကြားရမှာပါ။

သင်တန်းသား ဦးရေ ၂၂ ဦးသာ လက်ခံမှာဖြစ်ပြီး ဒီနေရာမှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။

-သန္တာ