အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ အချိန်ပိုင်းသင်တန်းများ အတွက် သင်တန်းသားခေါ်ယူ

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ အချိန်ပိုင်းသင်တန်း အမှတ်စဥ် (၃) အတွက် သင်တန်းသားခေါ်ယူလျက်ရှိပါတယ်။

ခေါ်ယူထားတဲ့ သင်တန်းတွေကတော့ Certificate in Business Management (CBM), Certificate in Mass Communication (CMC), Certificate in Tourism Managment (CTM) ,Certificate in Business English Level I/Level II/Level III (I CBE, II CBE, III CBE) , Diploma in Computer Application and Desktop Publishing (DCADTP) တို့ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ လျှောက်ထားတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Certificate သင်တန်းကာလတွေကတော့ ၃ လကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးကတော့တစ်လကို ၆၀,၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ဒီပလိုမာသင်တန်း အတွက် သင်တန်းကာလ ၉ လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးက တစ်လ ငါးသောင်းကျပ်ဖြစ်ပါတယ်။ I CBE, II CBE, III CBE သင်တန်းတွေအတွက် တစ်လ ၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

သင်တန်းတွေကို ဒီဇင်ဘာ ၉ ရက်မှာ စတင်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ နံနက် ၁၀ နာရီမှ ညနေ ၂ နာရီအထိ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊ သင်တန်းရေးရာဌာနမှာ ထုတ်ယူနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၁-၂၉၂၅၆၆ ကို ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါတယ်။