အရပ်ဘက်၊ စစ်ဘက်၌ အသုံးပြုမှုများပြားလာသည့် စွမ်းအားဖြည့် အထောက်အကူပြု ဝတ်စုံစနစ်တီထွင်အသုံးချမှု

စွမ်းအားဖြည့်အထောက်အကူပြု ဝတ်စုံဟူ၍ ကြားလိုက်ရသည်နှင့် သိပ္ပံဇာတ်ကားများတွင် တွေ့မြင် နေရသည့် Iron Man ကဲ့သို့သော ဝတ်စုံမျိုးကိုမြင်ယောင်နေမိ ကြပေလိမ့်မည်ဟု ယူဆမိလျှင် မှားပေးလိမ့်မည် ဖြစ်သည်။သို့သော် အဆိုပါ ဝတ်စုံကိုဝတ်ဆင်လျက် မိုးပေါ်ပျံတက်ခြင်း၊ လက်နက်ပစ်လွှတ်ခြင်းများကို ပြုလုပ်နိုင်စွမ်းရှိမည် မဟုတ်သော်လည်း လေးပင်သော အရာများကို မတင်နိုင်ခြင်းနှင့် အချိန်ကြာမြင့်စွာ သယ်ဆောင်သွားလာစေရန်အတွက်မူ ထိုဝတ်စုံအနေဖြင့် စွမ်းဆောင်ပေးနိုင်လိမ့်မည် ဖြစ်သည်။ အဆိုပါ၀တ်စုံသည် ၀တ်ဆင်အသုံးပြုနိုင်သော ဝတ်စုံတစ်ခုဖြစ်ပြီး ၎င်းတွင် လျှပ်စစ်မော်တာများ၊ လီဗာစနစ်များ၊ အာရုံခံစနစ်များကို အသုံးပြုထားပေသည်။ ၎င်း၀တ်စုံ၏ အလုပ်လုပ်ဆောင်ပုံသည် ရိုးစင်းမှုရှိသည်ဟုဆိုရမည် ဖြစ်သည်။ ဝတ်စုံတွင်တပ်ဆင်ထားသော အာရုံခံစနစ်များအနေဖြင့် အလေးအပင်တစ်ခုကို ဝတ်ဆင်သူကမတင်ရန် လှုပ်ရှားမှုတစ်ခုကို ဆောင်ရွက်လိုက်သည့်အခါ လိုအပ်သော အလေးချိန်ကို မတင်နိုင်စေရန်အတွက် မော်တာဆီသို့ ပေးပို့ခြင်းဖြင့် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ဝတ်စုံသည် ပခုံး၊ ခါး၊ ပေါင်တို့ကို အလေးအပင် မတင်စေရန်အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်သလို နောက်ကျောအပေါ် သက်ရောက်မှုဖြစ်စေခြင်းကိုလည်း နည်းပါးစေမည်ဖြစ်သည်။

အဆိုပါဝတ်စုံ တီထွင်မှု သမိုင်းကြောင်းကို ပြန်လည်လေ့လာ ကြည့်မည်ဆိုလျှင် ၁၉၈၀ ခန့်က ရုရှားသိပ္ပံပညာရှင်ဖြစ်သူ Nicholas Yagin က လမ်းလျှောက်ခြင်း၊ ခုန်ခြင်းနှင့်ပြေးခြင်းများအတွက် အထောက်အကူဖြစ်စေရန် စတင်တီထွင်ခဲ့သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။ ၎င်း၏စနစ်တွင် ထိုသို့ပြုလုပ်နိုင်ရန်အတွက် ဓာတ်ငွေ့စနစ်ကို အသုံးပြုခဲ့ပေသည်။ ၁၉၁၇ ခုနှစ်သို့ ရောက်ရှိသည့်အခါတွင်မူ အမေရိကန်နိုင်ငံသား တီထွင်သူတစ်ဦးဖြစ်သည့် Leslie C.Kelley က Pedometer ဟု အမည်ရသည့် ရေနွေးငွေ့အားဖြင့် စွမ်းအင်ထောက်ပံ့ပေးနိုင်မည့် စနစ်တစ်ခုကို တီထွင်ခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ် ခန့်သို့ ရောက်ရှိလာသည့်အခါတွင်မူ General Electric နှင့် အမေရိကန်တပ်မတော်တို့ ပူးပေါင်းလျက် Hardi-man ဟူသော စွမ်းအားဖြည့်အထောက်အကူပြု ဝတ်စုံကို ပထမဦးဆုံးစတင်တီထွင် ထုတ်လုပ်နိုင်ခဲ့ကြပြီး အဆိုပါဝတ်စုံသည် အရည်ဖိအားသုံး (Hydraulics) စနစ်နှင့် လျှပ်စစ်စနစ်ကို ပေါင်းစပ်ကာ ဝတ်ဆင်သူအနေဖြင့် အလေးချိန် ၂၄၀ ပေါင်ချိန်ကို မတင်ရာတွင် ၁၀ ခန့်ကိုမသည့်အလေးချိန်ကဲ့သို့ပင် ခံစားရစေမည်ဖြစ်သည်။ ၎င်းဝတ်စုံအနေဖြင့် အလေးချိန် ပေါင် ၁၅၀၀ ခန့်ကို မတင်နိုင်ခြင်းအထိ အများဆုံးပြုလုပ်နိုင်ရန်အတွက် တီထွင်စမ်းသပ်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေသည်။ ၁၉၈၅ ခုနှစ်သို့ ရောက်ရှိသည့်အခါတွင်မူ Los Alamos National Laboratory မှ အင်ဂျင်နီယာများက Pitman ဟုခေါ်သော ၀တ်စုံကို စစ်ဘက် ဆိုင်ရာ အသုံးပြုမှုအတွက် စတင်တီထွင်ခဲ့ကြပါသည်။ ၂၀၀၁ ခုနှစ် နောက်ရှိလာခဲ့သည့်အခါတွင်မူ Life suit ဟူသော စွမ်းအားဖြည့် အထောက်အကူပြု ဝတ်စုံစနစ်ကို တီထွင်နိုင်ခဲ့ကြပြီး အလေးချိန် ၂၀၃ ပေါင်ကို ၁.၆ ကီလိုအကွာ အဝေး (၁ မိုင်) အထိ သယ်ဆောင်နိုင်မည်ဖြစ်သည်။

ယနေ့အချိန်အခါတွင် အဆိုပါဝတ်စုံစနစ်များကို ဆေးဘက်ဆိုင်ရာ၊ စစ်ဘက်၊ အရပ်ဘက်၊ စက်မှုအစရှိသည့် နေရာဒေသမျိုးစုံတွင် အသုံးပြုနေခဲ့ပြီဖြစ်သလို ကုမ္ပဏီ အဖွဲ့အစည်းပေါင်းများစွာက လည်း သုတေသနပြုတီထွင် ဆောင်ရွက်နေခဲ့ကြပြီလည်း ဖြစ်သည်။ ဆေးဘက်ဆိုင်ရာတွင် တစ်ဦးချင်းအနေဖြင့် လမ်းလျှောက်ရန် အခက်အခဲရှိနေသူများအတွက် အဆိုပါဝတ်စုံကို ဝတ်ဆင်လျက် လမ်းလျှောက်နိုင်စေရန်အတွက် အထောက်အပံ့ပြုနေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် လေဖြတ်ခြင်းကဲ့သို့သေ ာလမ်းမလျှောက်နိုင်သည့် လူနာများအတွက် ရည်ရွယ်ကာ တီထွင်ထုတ်လုပ်ခဲ့ကြခြင်းလည်းဖြစ်ပြီး လက်ရှိအချိန်အထိ ပိုမိုကောင်းမွန်သည့်စနစ်များကို ကြိုးစားတီထွင် ဆောင်ရွက်နေကြဆဲလည်း ဖြစ်သည်။

မကြာသေးမီက ဂျပန်နိုင်ငံတွင် အသက်အရွယ်ကြီးရင့်သူများသည် အဆိုပါ စွမ်းအားဖြည့်ဝတ်စုံကိုဝတ် ဆင်လျက်လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နိုင်သေးကြောင်းကို လက်တွေ့သက်သေ ပြသခဲ့ကြပေသည်။ ဂျပန်နိုင်ငံတွက် အသက် ၆၅ အထက် လူဦးရေသည် ၂၈ ရာခိုင်နှုန်းခန့်ရှိပေသည်။ ဂျပန်တို့၏ နေထိုင်စားသောက်မှုစနစ် မှန်ကန်မှုကြောင့် အသက် အရွယ်ကြီးမြင့်လာသော်လည်း လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နိုင်နေကြဆဲဖြစ်ရာ ဂျပန်အစိုးရ အနေဖြင့် ပင်စင်စားအသက်ကို ရ၀ အထိတိုးမြင့်ရန်အတွက်ပင် စဉ်းစားဆောင်ရွက်လာခဲ့ကြပေသည်။ အသက်အရွယ် ရ၀ အထိတိုးမြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဂျပန်ကုမ္ပဏီတစ်ခု အနေဖြင့် Every Muscle Suit ဟု အမည်ပေးထားသော စွမ်းအားဖြည့်အထောက်အကူပြုဝတ်စုံကို ထုတ်လုပ်ရောင်းချခဲ့ပေသည်။ လက်ရှိ အချိန်တွင် အဆိုပါဝတ်စုံပေါင်း ၄၀၀၀ ကျော်ကို ဂျပန်နိုင်ငံတွင် ရောင်းချရခဲ့ပြီးလည်း ဖြစ်ပေသည်။ ၎င်းဝတ်စုံအနေဖြင့် အလေးချိန် ၅၅ ပေါင်ကို ၁၀ ခန့်အလေးချိန်သာ ခံစားရရန် မတင်နိုင်စွမ်းရှိမည် ဖြစ်သည်။ ဝတ်စုံအနေဖြင့်လည်း ဝတ်ဆင်ရမှု ရှင်းလင်းလွယ်ကူမှုရှိသည့်အတွက် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ဆောင်ရာတွင် ကန့်သတ်ချက်ဖြစ်ပေါ်စေခြင်း လည်းမရှိပေ။ ယခုအခါ ဂျပန်နိုင်ငံရှိအိမ်များတွင် ပင်စင်စား ဘဝဖြင့် နေထိုင်လျက်ရှိကြသည့် အသက်အရွယ် ကြီးရင့်သူများအနေဖြင့် စွမ်းအားဖြည့်ဝတ်စုံကိုဝတ်ဆင်လျက် အိမ်တွင်းလုပ်ငန်း ကိစ္စရပ်များကို ကူညီလုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိနေခဲ့ပြီဖြစ်သည်။

မကြာသေးမီကလည်း Sar-cos Robotics ကုမ္ပဏီက စွမ်းအားဖြည့် အထောက်အကူပြုဝတ်စုံ (Exoskeleton Suit) ကို တီထွင် ထုတ်လုပ်ဖော်ပြခဲ့ပါသေးသည်။ အဆိုပါဝတ်စုံကို Guardian XO ဟုအမည်ပေးထားပြီးအလေးချိန် အားဖြင့် ပေါင် ၂၀၀ ခန့်ကိုအ လွယ်တကူသယ်မနိုင်ရန်အတွက် ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ် သည်။ ထို့အပြင်အဆိုပါဝတ်စုံကို ဝတ်ဆင်သူတစ်ဦးသည် သာမန် လူတစ်ဦး လမ်းလျှောက်သည့် အမြန်နှုန်းဖြင့်ပင် လမ်းလျှောက်နိုင်မည်လည်း ဖြစ်သည်။ ထိုကဲ့သို့ တီထွင်နိုင်ခဲ့ခြင်းကြောင့် ယနေ့ အချိန်အခါတွင် ကြုံတွေ့ နေရသည့် လုပ်သားရှားပါးမှု ပြဿနာကိုဖြေရှင်းပေးနိုင်လိမ့် မည်ဟုလည်း မျှော်လင့်ထားကြပေသည်။

ဂျပန်နိုင်ငံနည်းတူ တရုတ်နိုင်ငံတွင်လည်း အဆိုပါဝတ်စုံမျိုးကို စမ်းသပ်တီထွင်ထုတ်လုပ်ခဲ့ပြီးလည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ သင်္ဘော တည်ဆောက်ရေးနှင့် ကုန်ထုတ်လုပ်မှုအဖွဲ့အစည်း -CSIC အနေဖြင့်လည်း သင်္ဘောတည်ဆောက်ရေ းလုပ်ငန်းများ၌ အသုံးပြုရန်အတွက် စွမ်းအားဖြည့် အထောက်အကူပြု ဝတ်စုံကို တီထွင်ထုတ်လုပ် ပြသခဲ့ပါသည်။ အဆို ပါလျှပ်စစ်စွမ်းအင်သုံး ဝတ်စုံစ နစ်သည် တရုတ်တပ်မတော်အ တွက်လည်း အသုံးပြုနိုင်လိမ့်မည် ဟု ဆိုသည်။ စွမ်းအားဖြည့်အ ထောက်အကူပြုဝတ်စုံထုတ်လုပ် မှု၏မူလရည်ရွယ်ချက်သည် စစ် ဘက် ဆိုင်ရာပစ္စည်းများကို သယ် ဆောင်သွားလာနေရသည့် စစ် ဆင်ရေး တာဝန်ထမ်းဆောင် နေရသည့် စစ်သည်များအတွက် ဦးစားပေး ရည်ရွယ်ထုတ်လုပ် ခဲ့ကြခြင်းလည်း ဖြစ်သည်။ ယနေ့အချိန်အခါတွင် အမေရိကန်၊ ရုရှားနှင့် တရုတ်ကဲ့သို့သော အင်အားကြီး တပ်မတော်များတွင် အဆိုပါဝတ်စုံမျိုးကို ၎င်းတို့၏ စစ်သည်များအတွက် တီထွင်စမ်းသပ်ထုတ်လုပ်မှုများကို ပြုလုပ်နေခဲ့ကြပြီး လည်းဖြစ်သည်။

တရုတ်နိုင်ငံမှ စစ်ဘက်ပညာရှင်များကလည်း အဆိုပါ ဝတ်စုံကို ခက်ခဲကြမ်းတမ်းသော ရှေ့တန်း စစ်မြေပြင်များတွင် အသုံးပြုနိုင်ရန်အတွက် မျှော်လင့်ထားကြသည်ဟု ဆိုသည်။ CSIC က ထုတ်ဖော်ပြသခဲ့သည့် ဝတ်စုံသည် အသုံးပြုသူအားပေါင် ၁၀၀ အထက် သယ်ဆောင်နိုင်ရန်အတွက် အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး ဘက်ထရီအားအပြည့် သွင်းထားမည်ဆိုပါက တစ်နာရီလျှင်  ၄.၅ ကီလိုမီတာ နှုန်းဖြင့် ကီလိုမီတာ ၂၀ အထိ လမ်းလျှောက်စေနိုင်မည် ဖြစ်သည်။ ထို့အပြင် ဘေးတိုက်ရွေ့လျားနိုင်ခြင်း၊ ရန်သူ့ဘက်မှ ပစ်ခတ်နေစဉ် အချိန်အတွင်းရွှံနွံများထဲ၌တွားသွား နိုင်ခြင်းတို့ကို လျင်မြန်စွာ လုပ် ဆောင်နိုင်စွမ်းရှိမည်ဟုဆိုသည်။

စွမ်းအားဖြည့် အထောက်အကူပြုဝတ်စုံများ၏ အနာဂတ်နှင့်ပတ်သက်၍ ခန့်မှန်းသုံးသပ်ရလျှင် ပိုမိုအသုံးပြုလာသည့်နယ်ပယ်ကျယ်ပြန့် လာလိမ့်မည်ဖြစ်သည်ဟု ယူဆရပေသည်။ ထို့အပြင် အလေးအပင်မခြင်းဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်နေရသူများ အတွက် ခန္ဓာကိုယ်ထိခိုက်ခြင်း ဆိုင်ရာများကိုလည်း ဖြစ်ပေါ်စေနိုင်တော့မည် မဟုတ်သည့်အ တွက် များစွာအသုံးတည့်လာနိုင် မည်လည်း ဖြစ်ပေသည်။ ထိုအားသာချက်များကြောင့် ယနေ့အချိန်အခါတွင် ကုမ္ပဏီစွာအနေဖြင့် အသီးသီး တီထွင်ထုတ်လုပ်နေ ကြပြီဖြစ်ရာ နောင်အခါတွင် စွမ်းအားဖြည့် အထောက်အကူပြုဝတ်စုံသည် တွင်ကျယ်စွာ ရောင်းချမှုဖြစ်ပေါ်လာနိုင်သည့် ဝတ်စုံတစ်ခုဖြစ်လာနိုင်ကြောင်းသုံးသပ်ရေးသားဖော်ပြလိုက်ရပါသည်။

-ကျော်လင်း (အမိမြေ)