အားနည်းချက်တွေ ပြင်ဆင်ထားတဲ့ iOS 13.2.3 ကို Apple ဖြန့်ချိ

Apple ဟာ iOS 13 မိတ်ဆက်တုန်းက ထူးခြားတဲ့ အားနည်းချက်တွေပြင်ဆင်မယ့် iOS နဲ့ iPad OS 13.2.3 ကိုမိတ်ဆက်ခဲ့ပါတယ်။ အခု update မှာ သုံးစွဲသူတချို့ ကြုံတွေ့ခဲ့ရတဲ့ Spotlight စနစ် ရှာဖွေမှုကို ပြင်ဆင်ထားခဲ့ပါတယ်။ Mail, Files နဲ့ Notes app အတွင်းနဲ့ စနစ်အတွင်း ရှာဖွေမှုတွေကို ကိုက်ညီအောင် ပြုလုပ်ပေးခဲ့ပါတယ်။

တကယ်လို့ နောက်ကွယ်ကနေ content ကို download လုပ်တဲ့ app ကိုအသုံးပြုမယ်ဆိုရင် iOS 13.2.2 မှာ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အခုဆိုရင် update အသစ်နဲ့ ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ Mail မှာ Exchange account ကနေ message အသစ်တွေ ရယူတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာကိုလည်း ဖြေရှင်းခဲ့ပါတယ်။ iMessages အသေးစိတ်မြင်ကွင်း အတွင်း ဓာတ်ပုံတွေ၊ လင့်ခ်နဲ့ အခြား attachment တွေ မဖော်ပြတာကိုလည်း iOS 13.2.3 မှာပြင်ဆင်ထားပါတယ်။

Apple အနေနဲ့ အားနည်းချက်ရှိတဲ့ iOS 13 ကို ဆက်လက်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ Apple ဟာ iOS 13.3 beta ကိုစမ်းသပ်နေပြီး USB, Lightning ဒါမှမဟုတ် NFC တို့အသုံးပြုတဲ့ လုံခြုံရေးသော့ချက် FIDO2 အတွက် ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့မှုပေးသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge