အိမ္သံုးဖိုက္ဘာကြန္ရက္ျမန္ႏႈန္းကို MPT တိုးျမွင့္

[ Zawgyi ]

အိမ္သံုးဖိုက္ဘာ ကြန္ရက္ျမန္ႏႈန္းျဖစ္တဲ့ FTTH(Fiber to the Home) ရဲ႕ျမန္ႏႈန္းကို ႏွစ္ဆတိုးျမွင့္လိုက္တယ္လို႔ T-KSGM Joint Operations ရဲ႕ Chief Commercial Officer ျဖစ္သူ Mr. Reizo Umeda ကေျပာပါတယ္။

ဝန္ေဆာင္ခႏႈန္းထားကို ယခင္အတိုင္း ျပဳလုပ္ေပးထားေပမယ့္ အသံုးျပဳႏိုင္မယ့္ အင္တာ နက္ျမန္ႏႈန္းကိုေတာ့ ၂ ဆတိုးေပးလိုက္တာ ျဖစ္ပါတယ္။ ယခင္အနိမ့္ဆံုး ဝန္ေဆာင္မႈမွာ အျမန္ႏႈန္း 10Mbps ကေန 50Mbps ရရွိခဲ့ရာမွ ယခု 20Mbps ကေန 100Mbps အထိ ျမန္ႏႈန္းအထိရရွိမွာ ျဖစ္တယ္လို႔သိရပါတယ္။ ဝန္ေဆာင္ခႏႈန္းထားကို ၃၉,၀၀၀ က်ပ္၊ ၆၉,၀၀၀ က်ပ္နဲ႔ က်ပ္ ၁၀၉,၀၀၀ အထိ မိမိႏွစ္သက္ရာကို ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

“အင္တာနက္ျမန္ႏႈန္းဟာ လူတစ္ဦးခ်င္းစီအတြက္ လူမႈဘဝမွာေရာ၊ လုပ္ငန္းခြင္က လုပ္ငန္းေဆာင္႐ြက္မႈေတြမွာပါ အက်ိဳးအျမတ္ေကာင္းေတြ ျဖစ္ထြန္ေစတဲ့အတြက္ ပိုအဆင္ေျပေစႏိုင္မယ့္ လူမႈအဖြဲ႕အစည္းႀကီး ျဖစ္လာေစဖို႔အတြက္ လုပ္သြားမွာပါ” လို႔ Mr. Reizo ကေျပာၾကားခဲ့ပါတယ္။

လက္ရွိအင္တာနက္အျမန္ႏႈန္းကုိ ရန္ကုန္၊ မႏၱေလး၊ မံု႐ြာ၊ ပဲခူး၊ ပုသိမ္၊ ေတာင္ႀကီးနဲ႔ ေမာ္လၿမိဳင္ရွိ ၿမိဳ႕နယ္ေပါင္း ၂၇ ခုမွာ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

အိမ်သုံးဖိုက်ဘာ ကွန်ရက်မြန်နှုန်းဖြစ်တဲ့ FTTH(Fiber to the Home) ရဲ့မြန်နှုန်းကို နှစ်ဆတိုးမြှင့်လိုက်တယ်လို့ T-KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။

ဝန်ဆောင်ခနှုန်းထားကို ယခင်အတိုင်း ပြုလုပ်ပေးထားပေမယ့် အသုံးပြုနိုင်မယ့် အင်တာ နက်မြန်နှုန်းကိုတော့ ၂ ဆတိုးပေးလိုက်တာ ဖြစ်ပါတယ်။ ယခင်အနိမ့်ဆုံး ဝန်ဆောင်မှုမှာ အမြန်နှုန်း 10Mbps ကနေ 50Mbps ရရှိခဲ့ရာမှ ယခု 20Mbps ကနေ 100Mbps အထိ မြန်နှုန်းအထိရရှိမှာ ဖြစ်တယ်လို့သိရပါတယ်။ ဝန်ဆောင်ခနှုန်းထားကို ၃၉,၀၀၀ ကျပ်၊ ၆၉,၀၀၀ ကျပ်နဲ့ ကျပ် ၁၀၉,၀၀၀ အထိ မိမိနှစ်သက်ရာကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

“အင်တာနက်မြန်နှုန်းဟာ လူတစ်ဦးချင်းစီအတွက် လူမှုဘဝမှာရော၊ လုပ်ငန်းခွင်က လုပ်ငန်းဆောင်ရွက်မှုတွေမှာပါ အကျိုးအမြတ်ကောင်းတွေ ဖြစ်ထွန်စေတဲ့အတွက် ပိုအဆင်ပြေစေနိုင်မယ့် လူမှုအဖွဲ့အစည်းကြီး ဖြစ်လာစေဖို့အတွက် လုပ်သွားမှာပါ” လို့ Mr. Reizo ကပြောကြားခဲ့ပါတယ်။

လက်ရှိအင်တာနက်အမြန်နှုန်းကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီးနဲ့ မော်လမြိုင်ရှိ မြို့နယ်ပေါင်း ၂၇ ခုမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။