အောက်တိုဘာ ၃၁ ရက်မှစ၍ အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ခေတ်မီဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် လက်ရှိအသုံးပြုနေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်တွေကို ဂဏန်း (၇) လုံးပါရှိတဲ့ အော်တိုတယ်လီဖုန်းနံပါတ်အသစ်တွေနဲ့ ပြောင်းလဲ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်း စက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီး ဖြစ်တဲ့အတွက် အောက်တိုဘာ ၃၁ ရက်မှာ အော်တိုတယ်လီဖုန်းနံပါတ်တွေကို ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ၂၀၂၀ ခုနှစ် ဧပြီလအကုန်အထိ အခမဲ့ ပေးထားမှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ် ကာလအတွင်းမှာ လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ