အွန်လိုင်းကစားသူတွေ အချင်းချင်း တိုက်ပွဲဆင်နွှဲနိုင်မယ့် Pokemon Go League Battle

Pokemon Go ကိုထုတ်လုပ်တဲ့ Ninantic ဟာ ပရိသတ်တွေ စောင့်မျှော်နေတဲ့ အွန်လိုင်း battle mode ကို ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ အွန်လိုင်းကစားသူ အချင်းချင်း တိုက်ပွဲဆင်နွှဲနိုင်မယ့် Go Battle League ကို ၂၀၂၀ခုနှစ်ကျရင် ထည့်သွင်းသွားမယ်လို့ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့က Niantic ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ Pokemon Go ဂိမ်းမှာ ကစားသူတွေက Pokemon တွေနဲ့ ဒေသတွင်းကစားသူတွေနဲ့ပဲ တိုက်ခိုက်နို်ငပါသေးတယ်။ ဒါမှမဟုတ်လည်း အနီးအနားက Pokemon Go ဂိမ်းကစားသူနဲ့ တိုက်ခိုက်နိုင်တာပါ။
“ကျွန်တော်တို့အနေနဲ့ Trainer Battles တည်ဆောက်နိုင်သွားမယ့် feature ဖန်တီးမှုကို ကြေညာရတာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ အဲဒီ feature ကို GO Battle League လို့ခေါ်သွားမှာပါ” လို့ Nianti က blog post ကထုတ်ပြန်ခဲ့ပါတယ်။

ကစားသူအနေနဲ့ league ထဲဝင်ရောက်ဖို့ credit တွေရရှိဖို့ လမ်းလျှောက်ရပါမယ်။ “Go Battle League က Pokemon နဲ့တကယ့်ကမ္ဘာကြီးထဲကို ဝင်ရောက်စူးစမ်းဖို့ ကစားသူတွေကို အားပေးပါတယ်။ ထရိန်နာတွေက Go Battle League ထဲဝင်ရောက်ဖို့ လမ်းလျှောက်ရမှာဖြစ်ပြီး အွန်လိုင်းယှဉ်တွဲမှုစနစ်က တစ်ဆင့် ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရကာ league အဆင့်သတ်မှတ်ချက်တွေ မြင့်မားအောင် ကစားရပါမယ်” လို့ Ninantic က ပြောခဲ့ပါတယ်။

Go Battle League ကို ၂၀၂၀ ခုနှစ် အစောပိုင်းမှာ Pokemon Go app ထဲဖြန့်ချိသွားမယ်လို့ ပြောခဲ့ပါသေးတယ်။ Niantic ဟာ နိုဝင်ဘာ ၁၅ ရက်မှာ Switch ဂိမ်းစက်အတွက် Pokemon Sword and Shield ကို ဖြန့်ချိသွားမှာဖြစ်ပါတယ်။

စိုးထက်
Ref: CNET