ဥရောပသမဂ္ဂမှ ပေးအပ်မည့် Eramus Mundus Full Scholarship အတွက် လျှောက်လွှာခေါ်ယူ

ဥရောပသမဂ္ဂရဲ့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Eramus Mundus ပညာသင်ဆုကို မြန်မာကျောင်းသား၊ ကျောင်းသူများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ (၁) ရက်က ဥရောပသမဂ္ဂမှ ကြေညာထားပါတယ်။

ဥရောပတစ်ဝန်းရှိ တက္ကသိုလ်များမှာ မဟာတန်းနဲ့ ပါရဂူတန်း တက်ရောက်မယ့် မြန်မာကျောင်းသား/သူတွေအတွက် ပညာသင်ဆု ပံ့ပိုးမှာဖြစ်ပြီး ဒီနေရာမှ တစ်ဆင့် ပညာသင်ဆု လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် တိရစ္ဆာန်ကုသရေးဆိုင်ရာ ဘာသာရပ်များ၊ အင်ဂျင်နီယာ၊ ကုန်ထုတ်လုပ်မှုနှင့် အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များ၊ ကျန်းမာရေးနှင့် လူမှုကူညီထောက်ပံ့ရေးဆိုင်ရာ ဘာသာရပ်များ၊ အနုပညာဘာသာရပ်များ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာရပ်ဆိုင်ရာဘာသာရပ်များ၊ သိပ္ပံ၊ သင်္ချာနှင့် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘာသာရပ်များအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ လျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုအစီအစဉ်မှာ ရွေးချယ်ခံရပါက လစဉ် နေထိုင်စရိတ်၊ ကျောင်းလခ၊ ခရီးစရိတ်နဲ့ အာမခံကြေးများ ရရှိမှာဖြစ်ပြီး သင်တန်းဝင်ခွင့်လိုအပ်ချက်ကို မိမိတက်ရောက်မယ့် တက္ကသိုလ်က သတ်မှတ်ချက်တွေနဲ့ ပြည့်စုံရမှာဖြစ်ပါတယ်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဘာသာရပ်အများစု၏ ပညာသင်ဆု လျှောက်ထားနိုင်မယ့်ကာလကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအထိ သတ်မှတ်ထားပါတယ်။

-ဝေဝေ