ဧည့်ဝတ်နှင့်ခရီးသွားလာရေး စီမံခန့်ခွဲမှုမဟာဘွဲ့(Master of Hospitality and Tourism Management – MHTM) ဝင်ခွင့် လိုအပ်ချက်များ

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဧည့်ဝတ်နှင့်ခရီးသွားလာရေး စီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Hospitality and Tourism Management – MHTM) သင် တန်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။သင်တန်းကိုတော့ ၂၀၂၀ ခုနှစ်မတ် ၂ ရက်မှစတင်ဖွင့် လှစ်သွားမှာဖြစ်ပါတယ်။

ဘယ်သူတွေ တက်ရောက်နိုင်လဲ?

-အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူတွေ

-ဧည့်ဝတ်နှင့် ခရီးသွားလာ ရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်း ခွင် (အလယ်အလတ်အဆင့်စီမံ ခန့်ခွဲမှု)၊ အတွေ့အကြုံ (လုပ် သက်) အနည်းဆုံး ၂ နှစ်ရှိသူတွေ

-၂၀၂၀ ခုနှစ် မတ်လ ၂ ရက်တွင် အသက် ၂၅ နှစ်ပြည့် ပြီးသူတွေ တက်ရောက် နိုင်ပါတယ်။

လျှောက်လွှာတွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ် နယ်မြေ) အခန်း ၂၀၆ မှာ ဇန်နဝါရီ ၁၃ ရက်မှ စတင်ရယူနိုင်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ

သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)မှာ ကျင်းပသွားမှာပါ။

လိုအပ်သော စာရွက်စာတမ်းများ

-First Degree အမှတ်စာ ရင်းမိတ္တူ (မူရင်းပြရန်)

-ဘွဲ့လက်မှတ်မိတ္တူ (မူရင်း ပြရန်)

-နိုင်ငံသားစိစစ်ရေး ကတ် ပြားမိတ္တူ (မူရင်းပြရန်)

-စုစုပေါင်းဓာတ်ပုံ ၆ ပုံ

-Admission Form တစ် စောင် ဓာတ်ပုံ ၂ ပုံကပ်ပြီး

-အလုပ်နှင့်ပတ်သတ်သော လုပ်ငန်းရှင်း၏ထောက်ခံစာ

-ပညာရေး (ပထမဘွဲ့) နှင့် ပတ်သက်သော သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ထောက်ခံစာ

-အကျင့်စာရိတ္တကောင်း မွန်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ထောက်ခံစာ

-လုပ်သက်အနည်းဆုံး ၂ နှစ်ပြည့်ကြောင်း ထောက်ခံစာ (Company Letter Head)

လျှောက်လွှာလက်ခံမည့်ရက်

ဇန်နဝါရီ၁၃ ရက် မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ လျှောက်လွှာ တစ်စောင်ကို တစ်သောင်းကျပ် ကျသင့်မှာဖြစ်ပါတယ်။

ဝင်ခွင့်သင်တန်း ဖွင့်လှစ်မည့်ရက်

ဇန်နဝါရီ ၂၀ ရက်မှ ဖေ ဖော်ဝါရီ ၁၃ ရက်အထိ

Identity Card ထုတ်ပေးမည့်ရက်

ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့)

ဝင်ခွင့်စာမေးပွဲ ကျင်းပမည့်ရက်

ဖေဖော်ဝါရီ ၁၆ ရက် (တနင်္ဂနွေနေ့)

ဝင်ခွင့်သင်တန်းကြေး ကတော့ ၅၅,၀၀၀ ကျပ် (ငါးသောင်းငါးထောင်) ကျသင့်မှာဖြစ်ပါတယ်။

Entrance Exam Result ထုတ်ပြန်မည့်ရက်

ဖေဖော်ဝါရီ ၂၀ ရက် (ကြာသပတေးနေ့)

လူတွေ့စစ်ဆေးမည့်ရက်

ဖေဖော်ဝါရီ ၂၅ ရက် မှ ၂၆ ရက် (အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့)

ဝင်ခွင့်ရရှိသူများ စာရင်း ထုတ်ပြန်မည့်ရက်

ဖေဖော်ဝါရီ ၂၈ ရက် (သောကြာနေ့)

ဆက်သွယ်စုံစမ်းရန်

အသေးစိတ် အချက်အလက်တွေကို ဖုန်း ၀၁-၅၂၆၆၁၃ (သင်တန်းရေးရာ ဌာန)၊ ၀၁-၅၁၃၄၅၇ (MHTM ရုံးခန်း)၊ ၀၁-၅၁၃၅၇၆ (ဝါဏိဇ္ဇဗေဒဌာနရုံးခန်း)

-သန္တာ