မောင်းသူမဲ့ကားများတွင် telematics နည်းပညာထောက်ပံ့ရန် LG နဲ့ Here ပူးပေါင်း

LG နဲ့ Here Maps နောက်ကွယ်က ကုမ္ပဏီ Here တို့ဟာ မောင်းသူမဲ့ကားတွေအတွက် အချက်အလက် ဆက်သွယ်ရေး hub တစ်ခု ဖန်တီးဖို့ LG ရဲ့ telematics နည်းပညာနဲ့ Here ရဲ့ location ဝန်ဆောင်မှုကို ပေါင်းစပ်ဖန်တီးမယ့် စီမံကိန်းအတွက် ပူးပေါင်းခဲ့ပါတယ်။

LG နဲ့ Here တို့ဟာ နည်းပညာတွေကိုပေါင်းစပ်ပြီး မောင်းသူမဲ့ကားက ကင်မရာတွေ၊ ရေဒါတွေ၊ လိုင်ဒါတွေနဲ့ အခြား sensor တွေက အချက်အလက်တွေကို Here ရဲ့ HD Live Map စနစ်ဆီ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ Here ရဲ့ HD Live Map စနစ်ဟာ လမ်းမပေါ်က လမ်းဆိုင်းဘုတ်တွေ၊ လမ်းမီးတိုင်တွေနဲ့ အခြားအတားအဆီးတွေကို ခွဲခွဲခြားခြားသိနိုင်ပါတယ်။ LG က အချက်အလက်အားလုံး စုစည်းရယူနိုင်တဲ့ အနာဂတ်တစ်နေရာကို မျှော်မှန်းခဲ့ပြီး အဲဒီအချက်အလက်တွေကို စိစစ်လေ့လာပြီးနောက် စုဖွဲ့ကားမောင်းတဲ့ ပုံစံအမျိုးမျိုးအတွက် အခြားယာဉ်တွေဆီ telematics စနစ်တွေကို ပေးပို့နိုင်ပါတယ်။

“Here နဲ့ပူးပေါင်းလိုက်တာဟာ mapping နည်းပညာ အဆင့်မြင့်ဆုံး တစ်နေရာကို ရယူလိုက်တာ ဖြစ်ပါတယ်။ မောင်းသူမဲ့ကားတွေမှာ ဆက်သွယ်ရေး နည်းလမ်းသစ်ကို သတ်မှတ်သွားပါမယ်” လို့ LG Electronics က Yonhap News ကိုပြောပါတယ်။

LG ရဲ့ telematics မှာ GPS, Bluetooth, Wi-Fi နဲ့ မိုဘိုင်းဆက်သွယ်ရေးတွေ ပါဝင်လာပါတယ်။

LG အနေနဲ့ 5G ထုတ်ကုန်တွေ တိုးတက်အောင်လည်း လုပ်ဆောင်နေပြီး အဲဒီထုတ်ကုန်တွေက LTE ထက် လေးဆကနေ ငါးဆအထိ မြန်ဆန်သလို latency ကိုလည်း ၉၀ ရာခိုင်နှုန်းလျော့ချပေးနိုင်ပါတယ်။ 5G ဟာမျိုးဆက်သစ် မောင်းသူမဲ့ လုပ်ငန်းဆောင်တာအတွက် စံပြဖြစ်လာမယ်လို့ LG က ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ Audi, BMW နဲ့ Daimler အပါအဝင် ကုမ္ပဏီအစုအဖွဲ့က Here ကိုဝယ်ယူခဲ့ပြီး ကားလုပ်ငန်းအထိ တိုးချဲ့ခဲ့ပါတယ်။ Here ကိုအရင်က Nokia ကပိုင်ဆိုင်ခဲ့ပြီး Google Maps ကိုယှဉ်ပြိုင်ဖို့ မိုဘိုင်း app အဖြစ်ထည့်သွင်းခဲ့ပါတယ်။

“မောင်းသူမဲ့ကားတွေကို လုံလုံခြုံခြုံနဲ့ ထိထိရောက်ရောက် မောင်းနှင်ဖို့ အချက်အလက်ရင်းမြစ်နဲ့ စွမ်းရည်မြင့် ဆက်သွယ်ရေး နည်းပညာအမျိုးမျိုး လိုအပ်ပါတယ်။ ကျွန်တော်တို့ Open Location Platform ထောက်ပံ့မှု ဝန်ဆောင်မှုတွေဟာ မောင်းသူမဲ့ကားတွေအတွက် မျိုးဆက်သစ် telematics နည်းပညာကို ထောက်ပံ့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အခုစီမံကိန်းကို LG နဲ့အကောင်အထည်ဖော်ခွင့် ရတဲ့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်” လို့ Here Technologies ဒုဥက္ကဋ္ဌ မွန်းလီကပြောခဲ့ပါတယ်။

စိုးထက်
Ref: ZDNet