၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံးဖုန်း (၆) မျိုး

The Next Web နည်းပညာဝက်ဘ်ဆိုက်က သတင်းထောက်၊ စာရေးသူတွေ၊ သုံးသပ်ချက်ရေးသားသူတွေနဲ့ အယ်ဒီတာတွေက ၂၀၁၉ ခုနှစ် တစ်နှစ်လုံး ထုတ်ကုန်သစ်တွေ အမျိုးမျိုးကို ရေးသားခဲ့ကြပါတယ်။ အခုအခါမှာတော့ The Next Web က ၂၀၁၉ ခုနှစ်မှာ ထွက်ရှိတဲ့ စိတ်ကြိုက် စမတ်ဖုန်း ၆ မျိုး ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီဖုန်းတွေဟာ ၂၀၁၉ ခုနှစ်ထွက် အကောင်းဆုံးဖုန်းလို့လည်း ဆိုနိုင်ပါတယ်။

iPhone 11 Pro Max

iPhone 11 Pro Max ဟာ တော်လှန်ပြောင်းလဲမှု ပြုလုပ်တဲ့ ထုတ်ကုန် မဟုတ်ပါဘူး။ iPhone X လောက် ရောင်းအားမကောင်းခဲ့ပေမယ့် အရည်အသွေးမြင့်မားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

iPhone 11 Pro Max ဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး တောက်ပြောင်တဲ့ အဖြစ် Apple က ဖန်တီးထားပါတယ်။Apple ဟာ iPhone 11 Max မှာ lens အပိုနဲ့ ရုပ်ပုံသရုပ်ဖော်မှုကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ iPhone 11 Pro Max ရဲ့ကင်မရာက ဈေးကွက်ပေါ်က ဘယ်ထုတ်ကုန်နဲ့မဆို ယှဉ်ပြိုင်နိုင်ပါတယ်။ ဘက်ထရီသက်တမ်းကလည်း အလွန်ကောင်းမွန်ပြီး ၂ရက်အထိ သုံးစွဲနိုင်ပါတယ်။

Google Pixel 4

Google Pixel 4 ဟာ fingerprint scanner မပါဝင်ပေမယ့် ဈေးနှုန်းမြင့်မားလွန်းပါတယ်။ ဒါပေမဲ့ Google Pixel 4 ဟာ အလွန်ကျစ်လျစ်သေးငယ်ပါတယ်။ ဒီဇိုင်းပိုင်းကလည်း သပ်ရပ်လှပတဲ့အတွက် သုံးစွဲရတာ ပျော်စရာကောင်းပါတယ်။ ဈေးကွက်ထဲမှာ spec တွေအလွန်ကောင်းမွန်တဲ့ ဖုန်းတွေရှိပေမယ့် Pixel 4 စွမ်းဆောင်ရည်က အလွန်ကောင်းမွန်ပါတယ်။

OnePlus 7 Pro

OnePlus 7 Pro မှာ အလွန်လှပတဲ့ display ပါဝင်ပြီး ကျောဘက် panel နဲ့ဘေးနှစ်ဖက်မှာထူးခြားတဲ့ matte finish ကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်စေဖို့ ကြံ့ခိုင်တဲ့ hardware ကို အသုံးပြုနိုင်ပါတယ်။OnePlus 7 Pro မှာကင်မရာပိုင်းက သိပ်မကောင်းပေမယ့် စမတ်ဖုန်းဈေးကွက်ထဲက အကောင်းဆုံး ကင်မရာတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဖုန်းမှာ lens အမျိုးမျိုးအပြင် အားထားရတဲ့ software နဲ့ ထူးခြားတဲ့ ရုပ်ပုံ ပုံဖော်မှုနည်းပညာပါဝင်လာပါတယ်။

Huawei P30 Pro

၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး ဖုန်းတွေထဲကတစ်ခုကတော့ Huawei P30 Pro ပဲဖြစ်ပါတယ်။ P30 Pro ရဲ့အဓိက ကင်မရာ 40-megapixel ကင်မရာ၊ wide-angle ကင်မရာနဲ့ 5x optical zoom ပါဝင်တဲ့ telephoto အပြင် time-of-flight sensor လည်းပါဝင်လာပါတယ်။ ဖုန်းရဲ့ဘက်ထရီကလည်း 4,000mAh ရှိတဲ့အတွက် ကြီးမားသလို 40W နဲ့ဖုန်းကို လျင်မြန်စွာ အားသွင်းပေးနိုင်ပါတယ်။

Motorola Razr

ဒီနှစ်မှာ Samsung Galaxy Fold က လူစိတ်ဝင်စားမှု အရှိဆုံး ဖြစ်ပေမယ့် Motor Razr ကတော့ ခေါက်စမတ်ဖုန်းတွေကို ရေပန်းစားအောင် ပြုလုပ်ပေးလိုက်ပါတယ်။ ဖုန်းမှာ အလယ်အလတ်တန်းစား ပရိုဆက်ဆာအသုံးပြုထားပြီး ကင်မရာ ၁ လုံးပဲဖြစ်သလို ဘက်ထရီကလည်း သေးငယ်ပါတယ်။ ဒါပေမဲ့ ဖုန်းရဲ့ မျက်နှာပြင်ကတော့ အလွန်ထူးခြားပါတယ်။

Motorola အနေနဲ့ခေါက်စမတ်ဖုန်း မျက်နှာပြင်မှာ သေသပ်စွာ ဒီဇိုင်းဆွဲထားတဲ့ ပတ္တာကို အသုံးပြုထားပါတယ်။ အခြားခေါက်စမတ်ဖုန်းတွေလိုမျိုး မျက်နှာပြင် အလွန်မကြီးမားဘဲ ကျစ်ကျစ်ကျစ်လျစ်ဘောင်နဲ့ မျက်နှာပြင်အကြီးစားကို အသုံးပြုနိုင်ပါတယ်။

Oppo Reno 10x Zoom

Opp Reno 10x Zoom ဟာ ပါးလွှာတဲ့ selfie ကင်မရာကြောင့် ကျော်ကြားပါတယ်။ ရှေ့ကင်မရာကို ဖွင့်လိုက်ရင် ဖုန်းထိပ်ဘက်မှာ သပ်လျိုထားတဲ့ ကင်မရာလေး ထွက်ပေါ်လာပါမယ်။
Oppo Reno 10x Zoom ရှေ့ကင်မရာက သပ်ရပ်လှပသလို မျက်နှာပြင်မှာလည်း ရှုပ်မနေပါဘူး။ လူအများစုကလည်း ကင်မရာဒီဇိုင်းကို သဘောကျပါတယ်။ Oppo Reno 10 Zoom ဖုန်းရဲ့ ဘက်ထရီသက်တမ်းက အလွန်ကောင်းမွန်ပြီး ကင်မရာနဲ့ သုံးစွဲသူအတွေ့အကြုံပိုင်းကလည်း ထူးခြားပါတယ်။

စိုးထက်
Ref: TheNextWeb