၂၀၁၉ ရဲ့ သတင်းဒိုင်ယာရီ

ဇန်နဝါရီ

-ဖုန်းပြောဆိုတဲ့အခါ အသံထွက်အရည်အသွေးကောင်းမွန်တဲ့ VoLTE (Voice over Long Term Evolution) ဝန်ဆောင်မှုကို Telenor စတင်ခဲ့ပါတယ်။ အဆိုပါ ဝန်ဆောင်မှုကို VoLTE စနစ်အ ထောက်အပံ့ပါဝင်တဲ့ စမတ်ဖုန်း တွေမှာ အရည်အသွေးမြင့် ဖုန်းခေါ် ဆိုမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အခမဲ့အသုံးပြုနိုင်မှ ာဖြစ်ပါတယ်။VoLTE စနစ်ဟာ 4G ဖြင့် အင်တာနက် အသုံးပြုနေစဉ် ဖုန်းခေါ်ဆိုမှု ပြုလုပ်ပါက 2G/ 3G စနစ်ကိုပြန်လည်ကျဆင်းခြင်းမရှိဘဲ အင်တာနက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးပစ္စည်းအလှကုန်၊ လူသုံးကုန်ဌာနခွဲတွင် Online Booking နှင့် Certificate Information Management System စတင်အသုံးပြုခဲ့ပါတယ်။ လုပ်ငန်းရှင်တွေ၊ ဆေးကုမ္ပဏီတွေအနေနဲ့ အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်ကို www.fdamyanmar.gov.mm (သို့) onlineservices.fda.gov.mm မှာဝင်ရောက်ပြီး ရက်ချိန်းရယူရမှာ ဖြစ်ပါတယ်။

– Global Game Jam 2019 ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အနေနဲ့ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ Global Game Jam မှာနှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ အကြီးမားဆုံး Game Developing Event တစ်ခုဖြစ်ပါတယ်။

-ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူတွေအနေနဲ့ ရက်ချိန်းရယူခြင်းကို အွန်လိုင်းမှလျှောက် ထားနိုင်ခဲ့ပါတယ်။ ယာဉ်မောင်းလိုင်စင် ရယူလိုသူတွေ များပြားလာတဲ့အတွက် လိုင်စင်ဖြေဆိုလိုသူတွေအနေနဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်းစတဲ့ အခက်အခဲတွေ လျော့နည်းသွားစေဖို့အတွက် လူကိုယ်တိုင်လာရောက်ဖို့ မလိုအပ်တဲ့ (Online Booking System) ကို ပြောင်းလဲကျင့်သုံးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

-ပြည်ထောင်စုလွှတ်တော် ၀က်ဘ်ဆိုက်ရဲ့ မိုဘိုင်း Appli-cation ကို စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သတင်းအချက်အလက်တွေကို မိုဘိုင်းဖုန်းနဲ့ အလွယ်တကူကြည့်နိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

-အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အွန်လိုင်းစနစ်မှတစ်ဆင့် တိုင်ကြားစာပေးပို့နိုင်ဖို့အတွက် ကော်မရှင်ရဲ့ ၀က်ဘ်ဆိုက် www.accm.gov.mm မှာ တိုင်ကြားစာပေးပို့ရန် ကဏ္ဍကို ၁-၁၂-၂၀၁၈ ရက်က စတင်စမ်းသပ်ပြုလုပ်ခဲ့ပြီး အဆိုပါကဏ္ဍမှ ကော်မရှင်သို့ တိုင်ကြားစာ တိုက်ရိုက်ပေးပို့နိုင်ကြောင်း ကော်မရှင်ရဲ့ ၀က်ဘ်ဆိုက်မှာ ဇန်နဝါရီ ၂၄ ရက်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ

– အွန်လိုင်းပေါ်မှ ဆေးခန်းပြသနိုင်သော Mobile Application ကို MyanCare မှ မိတ်ဆက်ခဲ့ပါတယ်။ ကျန်းမာရေးကိစ္စတွေကို တိုင်ပင်လိုတဲ့အခါမှာ ဆရာဝန်တွေကို Chat, Voice, Video မိမိကြိုက်နှစ်သက်ရာနဲ့ ကြိုတင်ချိန်းဆိုနိုင်မှာ ဖြစ်ပါတယ်။ MyanCare  Application ကို Android, iOS version ၂ မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။

-နေပြည်တော် လယ်ဝေးမြို့ နဲ့ ပျဉ်းမနားမြို့က အလှမ်းကွာတဲ့ ကျေးရွာအချို့မှာ MPT ဆက် သွယ်ရေးကွန်ရက်ကို ထပ်မံတိုးချဲ့ ခဲ့ပါတယ်။ လယ်ဝေးမြို့နဲ့ ပျဉ်းမနားမြို့မှ အလှမ်းဝေးတဲ့ ကျေးရွာ ၆ ရွာမှာ ဆက်သွယ်ရေးကွန်ရက်ကို တိုးချဲ့လိုက်တာ ဖြစ်ပါတယ်။တိုးချဲ့ခဲ့တဲ့ ကျေးရွာတွေက ကျောက်မီးကူရွာ၊ ချင်ပြစ်ရွာ၊ ဖလောင်းရွာ၊ မဲပေါက်ရွာ၊ ဆန်းသစ်လွင်ရွာနဲ့ ထိန်ပြောင်အောက်ရွာတွေ ဖြစ်ပါတယ်။

-အခွန်ထမ်း ကုမ္ပဏီတွေအနေနဲ့ MPU Debit Card အသုံးပြုပြီး အွန်လိုင်းမှ အခွန်ပေးဆောင်နိုင်ခဲ့ပါတယ်။ အခွန်ပေးဆောင်ရာမှာ ပြည်တွင်းအခွန်များ ဦးစီးဌာနဝက်ဘ်ဆိုက် https://www.ird.gov.mm/ ကိုဝင်ရောက်ကာ Stard Your Tax Online Payment ကို နှိပ်ပြီး https://onlinepayment.irdmyanmar.gov.mm/etax မှာ အခွန်ပေးဆောင်နိုင်ပါတယ်။

မတ်

– ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ကြီးမှူးပြလုပ်တဲ့ Cyber Security Awareness Program ဆွေးနွေးပွဲကို မတ် ၁၂ ရက်က နေပြည်တော်ရှိ Information Access Center (IAC) မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံ အစိုးရဌာန အဖွဲ့အစည်းများရှိ ဝန်ထမ်းများ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးပွားလာပြီး Cyber Risk များလျှော့ချနိုင်စေဖို့ ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။

– မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့မှ www.maas.edu.mm ၀က်ဘ်ဆိုက်ကို လွှင့တင်ခဲ့ပါတယ်။ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာစလုံးနဲ့ ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်မှာ မြန်မာနိုုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေ၊ တာဝန်၀တ္တရားတွေ၊ စာပေဗဟုသုတ ပြန့်ပွားရေး၊ အဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှု သတင်းဓာတ်ပုံတွေနဲ့ အခြားအကြောင်းအရာတွေကို ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးနဲ့ Smart City အကောင်အထည် ဖော်ဆောင်ရေး ကဏ္ဍအတွက် ဆွေးနွေးမှုတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ သံတမန်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ

-ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ www.tourism.gov.mm ကို လွှင့်တင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို ကမ္ဘာက သိရှိစေရန် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အရေအတွက် ပိုမိုတိုးတက်စေရန်၊ မြန်မာနိုင်ငံရဲ့ ထူးခြားလှပတဲ့ ခရီးစဉ်ဒေသများ၊ ပွဲတော်များအကြောင်းကို ပိုမိုသိရှိနိုင်ရန်၊ ဖုံးကွယ်တိမ်မြုပ်နေသော နိုင်ငံရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို သမားရိုးကျစျေး ကွက်မြှင့်တင်ရေးနည်းလမ်းများအပြင် ၂၁ ရာစု ခေတ်နှင့်လိုက်လျောညီထွေစွာ အွန်လိုင်းအသုံးပြု စျေးကွက်မြှင့်တင်နိုင်ရန်အတွက် ထူထောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

-မြန်မာနိုင်ငံ ကွန်ပျူတာသင်းချုပ်မှ ကြီးမှူးကျင်းပတဲ့ International Girls in ICT Day အခမ်းအနားကို ဧပြီ ၂၅ ရက်က MICT Park ရှိ Kanaung Hub မှာ ကျင်းပခဲ့ပါတယ်။ မြန်မာပြည်မှာ လက်တွေ့အသုံးဝင်တဲ့ Mobile Application တစ်ခုဖြစ်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေနဲ့ လိုက်နာရမယ့် အချက်အလက်တွေကို လက်တွေ့စဉ်းစားစေပြီး အမျိုးသမီး Technopreneur တွေကို တစ်ဖွဲ့ချင်းစီ ဆွေးနွေးပေးခဲ့ပါတယ်။

-မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ Cryptocurrency အပါအဝင် Digital Currency များကို တရား၀င်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း သတင်းထုတ် ပြန်ခဲ့ပါတယ်။ ၎င်းတို့ကိုရောင်း၊ ၀ယ်လဲလှယ်ခြင်းတွေကို ဆောင်ရွက်ရန် ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်း မရှိသောကြောင့် Cryptocurrency အပါအဝင် Digital Currency များကို အွန်လိုင်းမှ တစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း ၊ ရောင်း/၀ယ်လဲလှယ်မှုတွေ ဆောင်ရွက်ပါက သုံးစွဲဆောင်ရွက်သူများ ဆုံးရုံးနိုင်ခြေရှိတယ်လို့ ထုတ်ပြန်ချက်မှာပါ ၀င်ပါတယ်။

မေ

– ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ US ICT Council for Myanmar တို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေး ထိုးခဲ့ကြတယ်လို့ သိရပါတယ်။ နားလည်မှုစာချွန်လွှာအရ တစ်နှစ်တာအတွင်း Myanmar- U.S Digital Forum ကျင်းပမယ့် အစီအစဉ်အပြင် US ICT Council အဖွဲ့ဝင် ကုမ္ပဏီများ
က နိုင်ငံဝန်ထမ်းတွေရဲ့ ဒီဂျစ်တယ်စွမ်းဆောင်ရည် မြင့်မားစေဖို့ ရည်ရွယ်ကာ အလုပ်ရုံဆွေးနွေးပွဲများ၊  အိုင်စီတီသင်တန်းများ ဆောင်ရွက်ပေးခြင်း၊ eGovernment နဲ့အိုင်စီတီ best practices guides များ ဖြန့်ဝေပေးခြင်းအစီအစဉ်တွေ ပါ၀င်ပါတယ်။ အခမ်းအနားကို မေ ၇ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဇွန်

ပြည်တွင်းအခွန်ဦးစီးဌာနမှ ဇူလိုင် ၁ ရက်မှစတင်ပြီး မိုဘိုင်းဖုန်းအတွက် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းကို Invoice ပေါ်တွင် ကပ်စရာမလိုတော့ဘဲ တင်သွင်းရောင်းချသူမှ ဖုန်းဘူးခွံပေါ် တွင်သာ ကပ်ရတော့မှာဖြစ်တယ်လို့ ဇွန် ၁၉ ရက်က ပြည်တွင်း အခွန်များဦးစီးဌာနမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ မိုဘိုင်းဖုန်း တင်သွင်းရောင်းချသူ ကုမ္ပဏီအားလုံး (official နှင့် PI တင်သွင်းသူအားလုံး) ကို ညွှန်ကြားခဲ့ပါတယ်။

ဇူလိုင်

မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်းရဲ့ ပထမအကြိမ် သင်းလုံးကျွတ် အစည်းအဝေးကို ဇူလိုင် ၁ ရက်က နေပြည်တော်၊ သင်္ဂဟဟိုတယ် Grand Ball Room မှာကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဖွဲ့စည်းထားတဲ့ မိုဘိုင်းလုပ်ငန်းရှင်များအသင်းတွေရဲ့ ဖွဲ့စည်းမှု လုပ်ငန်းဆောင်တာ ရှင်းလင်းမှုများနဲ့ အခွန်ဆိုင်ရာ အသိပညာမျှ ဝေမှုတွေကိုဆွေးနွေးဟောပြောခဲ့ပါတယ်။ အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတွေတက် ရောက်ခဲ့ပြီး ပြောင်းလဲကောက်ခံတဲ့ မိုဘိုင်းဖုန်း အခွန်စနစ်အကြောင်းရှင်းလင်း ပြောကြားခဲ့ပါတယ်။

– ဆက်သွယ်ရေးအော်ပရေတာတွေ၊ ဟန်းဆက်ထုတ်လုပ်တင်သွင်းသူတွေ၊ ဆားဗစ်စင်တာ၊ နည်းပညာဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ Content Providers တွေအနေနဲ့ အောက်တိုဘာ ၁ ရက်မှစတင်ကာ ယူနီကုတ်မြန်မာ စာစနစ်ကို ပြောင်းလဲအသုံးပြုရတော့မှာဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာထွန်းသူရသက်က ပြောကြားခဲ့ပါတယ်။

-ပြည်တွင်းအဖွဲ့ အစည်းတွေမှာ ကြုံတွေ့ရတဲ့ နည်းပညာအခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် Myanmar Information Security Association (MISA) အဖွဲ့ကို ဇူလိုင် ၉ ရက်က MICT Park Main Building မှာ စတင်ဖွဲ့
စည်းခဲ့ပြီးအဖွဲ့ဝင်ပေါင်း ၂၀ နဲ့ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။

– နေအိမ်၊ ကုမ္ပဏီနဲ့ဟိုတယ်များအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှ Booking လုပ်ပြီး ရယူနိုင်မယ့် BusyBees Application ကို မိတ်ဆက်ခဲ့ပါတယ်။ Busy-Bees Application မှာ Cleaning Services, Electrical Maintenance Services, Plumbing services, Beauty & Personal Care Services အပြင် အခြားသော ၀န်ဆောင်မှုအမျိုးမျိုးကို ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်တွေ ဖော်ပြပေးမယ့် Tourism Web Portal ဖြစ်တဲ့ www.tourisminmyanmar.com.mm ကို ဇူလိုင် ၃၁ ရက် က စတင်လွှင့်တင်ခဲ့ပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနအနေနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်များကို ဖြန့်ဝေပေးရန်ရည်ရွယ်ချက်နဲ့ ယခုလို လွှင့်တင်ရခြင်းဖြစ်ပါတယ်။

သြဂုတ်

-၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ဒွါဒဿမတန်း (Grade-12) ပြီး မြောက်မယ့်သူတွေအနေနဲ့ ပုံမှန်တက္ကသိုလ် ၀င်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲ အောင်မြင်သူတွေဟာ တက္ကသိုလ်သို့ တိုက်ရိုက်တက် ရောက်နိုင်သလို မအောင်မြင်သူများကိုမူ အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ထုတ်ပေးမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

-အလွတ်တန်းအဆင့် Myanmar Cyber Security Challenge 2019 ပြိုင်ပွဲကို သြဂုတ် ၁၁ ရက်က ရန်ကုန်မြို့ရှိသတင်းအချက်အလက်နည်း ပညာတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပြန့် ပွားစေရန်နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာ စေရန်ရည်ရွယ်ပြီး ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့မှ ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။

– နိုင်ငံတော်အစိုးရမူဝါဒလမ်းညွှန်မှုနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့  ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အပါအဝင် ပညာရှင်တွေပူးပေါင်းကာ လာမယ့် အောက်တိုဘာ ၁ ရက်မှာ မြန်မာယူနီကုဒ်စံစနစ်ကို တစ်ပြိုင်တည်းကူးပြောင်းရေးလုပ်ငန်းစဉ် စတင်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ MICT Park Main Building မှာ ပြုလုပ်ခဲ့ပါတယ်။

-ပြည်သူတွေနဲ့ကျန်းမာရေး ၀န်ထမ်းတွေအတွက် အသုံးတည့်မယ့် “MoHS Myanmar” မိုဘိုင်း အပလီကေးရှင်း (Version 1.0.0) ကို Android စမတ်ဖုန်းများနဲ့ Tablet တွေမှာ ထည့်သွင်းအသုံး ပြုနိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ် ပြန်ခဲ့ပါတယ်။

စက်တင်ဘာ

-Google Play Store အသုံးပြုရာမှာ ဖုန်းဘီလ်ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်မယ့် ဝန်ဆောင်မှုကို Google နဲ့ အူရီဒူးမြန်မာတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

-Telenor မှ ထူးချွန်မြန်မာလူ ငယ် ၄ ဦးကို စီးပွားစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ပညာသင်ဆု ပေးအပ်ခဲ့ပါတယ်။ ပညာသင်ကို လျှောက်ထားသူဦးရေလေးရာ ကျော်မှ ၄ ဦးကိုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

-မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများမှ ပညာရှင်တွေ တွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက်က MICT Park ရှိ Main Building မှာ ကျင်းပပြုလုပ်ခဲ့ပြီး ယူနီကုဒ်
ကူးပြောင်းရေးဆိုင်ရာ တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

-မြန်မာအိုင်တီပညာရှင်တွေ ဖန်တီးထားတဲ့ ဆိုရှယ်မီဒီယာ Application ဖြစ်တဲ့ OKPar ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Application ကို facebook ကဲ့သို့ အသုံးပြုနိုင်မှာဖြစ်ပြီး မြန်မာလူမှုကွန်ရက်ကို မြန်မာပြည်သူတွေ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ဖို့ ပြုလုပ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

-မိုင်ဘိုင်းဖုန်းကနေတစ်ဆင့် စွန့်ပစ်ပစ္စည်းတွေ ရောင်းဝယ်နိုင်မယ့် Recycle Myanmar application ကို စက်တင်ဘာ ၂၅ ရက်က မိတ်ဆက်ခဲ့ပါတယ်။

-ဒီဂျစ်တယ်အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် Microsoft ရဲ့ Modern Office 365 ဝန်ဆောင်မှုများကို စတင်အသုံးပြုတော့မှာဖြစ်တယ်လို့ စက်တင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရုံးမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်းက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ

– မတူညီသော ဘဏ်နှစ်ခုအကြား ဘဏ်တစ်ဘဏ်၏ MPU ကတ်မှ အခြားဘဏ်တစ်ခု၏ MPU ကတ်(သို့) Bank Account သို့ ATM စက်ကို အသုံးပြုပြီး အချိန်မရွေး လွယ်ကူလျင်မြန်စွာ ငွေလွှဲပြောင်းဆောင်ရွက်နိုင်မယ့် ဘဏ်အချင်းချင်း ငွေလွှဲဝန် ဆောင်မှု (Inter Bank Fund Transfer- IBFT) ကို အောက်တိုဘာ ၁ ရက်ကမိတ်ဆက်ခဲ့ပါတယ်။

-မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းအသုံးပြုခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိမြန်မာအ ပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗ ဟိုဌာန-၂ မှာကျင်းပခဲ့ပြီး eGovernment ဦးဆောင်ကော်မ တီနာယက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ ပါတယ်။

-The Institute of Chartered Accountants in England and Wales (ICAEW )နဲ့ The Institute of Singapore Chartered Accountants (ISCA) တို့မှ အာဆီယံဒေသတွင်း ဘဏ္ဍာရေး ကဏ္ဍ၏ ဒီဂျစ်တယ် တိုးတက် ပြောင်းလဲမှုများအပေါ် သုတေသ န အစီရင်ခံစာကို ပူးတွဲထုတ် ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ

-Myanmar Information Security Association (MISA), Fortinet တို့ရဲ့ ဦးဆောင်မှုဖြင့် Pancific InTech နဲ့ VST ECS တို့ပူးပေါင်းကျင်းပတဲ့ CYBER RANGE 2019 ကို နိုဝင်ဘာ ၂၁ ရက်က Pan Pacific ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲရည် ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ Cyber Security ကို စိတ်ပါ၀င်စားတဲ့ လူငယ်လူရွယ်တွေအတွက်နိုင်ငံ တကာမှာ လက်ရှိ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ နောက် ဆုံးပေါ် Cyber Attacking Incident တွေ
အကြောင်းကိုလေ့ လာသိရှိရန်ဖြစ်တယ်လို့ သိရပါတယ်။

– Mytel နဲ့မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက် ရေးပရဟိတအဖွဲ့(MBAPF) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၄ ခုရှိ ကျောင်းသား၊ ကျောင်းသူတွေကို ဒီဂျစ်တယ်စာ တတ်မြောက်မှု ပရိုဂရမ်များပြု လုပ်ပေးရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂၇ ရက်၊ နေ့လယ် ၂ နာရီက နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီဇင်ဘာ

-Myanmar’s Digital Development Workshop ကို ဒီဇင်ဘာ ၅ ရက်က နေပြည်တော် ရှိရုံးအမှတ် (၂)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ World Bank နှင့် Korea-World Bank Partner-ship Facility (KWPF) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ E-procurement နဲ့ People-Centric Public Services လုပ်ငန်းစဉ်တွေကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်နိုင်ရန်၊ နိုင်ငံတကာရဲ့ အတွေ့အကြုံနဲ့ အလေ့အကျင့်ကောင်းများကိုမျှဝေပေးနိုင်ရန်ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

-ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး “မိုဘိုင်းဆက်သွယ် ရေးတာဝါများနှင့်သင့်ကျန်းမာ ရေး” ခေါင်းစဉ်ဖြင့်လက်ကမ်းစာ စောင်ကိုထုတ်ဝေခဲ့ပါတယ်။

-လျှပ်စစ်မီတာခများ ကောက်ယူရာမှာ လူအားနဲ့မီတာ ဖတ်ခြင်းကြောင့်ဖြစ်ပေါ်လာမယ့် အားနည်းချက်တွေကို ရှောင်ရှားရန် SMART METER စနစ်အတွက် ဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင် နိုင်ငံတကာနည်းတူကြိုတင် ငွေပေးချေထားရတဲ့ Pre Paid စနစ်ကိုပါ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောပါတယ်။