၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။

အစိုးရနည်းပညာကောလိပ် (မိုးညှင်း၊ မြင်းခြံ၊ ရွှေဘို) နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ ပူတာအို၊ လွိုင်ကော်၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ ရွှေပြည်သာ၊ အင်းစိန်၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ် စုစုပေါင်း (၂၇) ကျောင်းက ခေါ်ယူနေတာပါ။

လျှောက်ထားလိုသူတွေက တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများ ပါဝင်တဲ့ ဘာသာတွဲများနဲ့ အောင်မြင်ထားသူတွေဖြစ်ရမှာ ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲမှာ ရရှိခဲ့တဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာစုစုပေါင်း ရမှတ်အပေါ် မူတည်ပြီး ရွေးချယ်မှာဖြစ်ပါတယ်။ ဖွင့်လှစ်မယ့် သင်တန်းတွေက မြို့ပြအင်ဂျင်နီယာ ကျောင်းပေါင်း၂၆ ကျောင်း (ပြင်ဦးလွင် မပ)၊ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းပေါင်း၂၄ ကျောင်း၊ (ပူတာအို၊ သံတွဲ၊ ကျောက်ဖြူ မပါ) ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (ကျောင်းအားလုံး) ၊ စက်မှုအင်ဂျင်နီယာ ကျောင်းပေါင်း ၂၆ ကျောင်း (ကျောက်ဖြူမပါ) ၊ သုတနည်းပညာ အစိုးရနည်းပညာကောလိပ် (မိုးညှင်း၊ မြင်းခြံ၊ ရွှေဘို)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ၊ ကျောက်ဆည်၊ အင်းစိန်၊ ကန့်ဘလူ၊ မန္တလေး)၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်၊ မန္တလေး)၊ စက်မှုလယ်ယာနည်းပညာ (အစိုးရနည်းပညာကောလိပ် (ရွှေဘို) နှင့်အစိုးရ စက်မှုလက်မှု သိပ္ပံ (ဝါးခယ်မ၊ ကျိုက်လတ်)၊ မော်တော်ယာဉ်ပြုပြုင် ထိန်းသိမ်းမှုနည်းပညာ{ (အစိုးရ စက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)} တွေပဲ ဖြစ်ပါတယ်။

သင်တန်းကာလမှာ ၃ နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ရရှိမှာဖြစ်ပါတယ်။ AGTI (၃) နှစ် သင်တန်းများမှာ သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်တွေရဲ့ တတိယနှစ်သင်တန်းတွေကို ပေါင်းကူးတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဝင်ခွင့်လျှောက်လွှာတွေကို အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံတွေမှာ အောက်တိုဘာ ၉ ရက်မှ စတင်ထုတ်ယူနိုင်ပြီး အောက်တိုဘာ ၂၈ ရက် နောက်ဆုံးထား ကာ မိမိ တက်ရောက်လိုတဲ့ ကျောင်းကို ပြန်လည်တင်သွင်းရမှာပါ။ အသေးစိတ် အချက်အလက်တွေကို အစိုးရနည်းပညာကောလိပ်တွေနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွေကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။