၂၀၁၉-၂၀၂၀ တက္ကသိုလ်ပညာသင်နှစ် အတွက် ပထမနှစ်ဝင်ခွင့် ရရှိသူများ ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထား ကျောင်းအပ်ရမည်

ပညာရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်များမှာ ပထမနှစ် ဝင်ခွင့် ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ စတင်ပြီး ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထားပြီး မိမိကိုယ်တိုင် ကျောင်းအပ်နှံရမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းရွှေ့ပြောင်းလိုသူတွေ အနေနဲ့ မူလဝင်ခွင့်ရရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်များမှ ကျောင်းအပ်နှံတက်ရောက်ခြင်း မရှိကြောင်း ထောက်ခံစာကို ရယူကာ ကျောင်းပြောင်းရွှေ့ရေးမူများအတိုင်း ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူတွေအနေနဲ့ သက်ဆိုင်ရာတက္ကသိုလ်ရဲ့ သင်တန်းရေးရာဌာနသို့ ဆက်သွယ် မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ