၂၀၂၀ မှာ အရွယ်အကြီးမားဆုံးဖုန်းကို Apple ဖြန့်ချိနိုင်

Apple ဟာ ၂၀၂၀ ခုနှစ်အတွင်း အရွယ်အကြီးမားဆုံး iPhone ကိုဖြန့်ချိဖွယ်ရှိတယ်လို့ ကိုရီးယားသတင်းဝက်ဘ်ဆိုက် ETNews က ဖော်ပြခဲ့ပါတယ်။

Apple အနေနဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ဖုန်းမော်ဒယ် ၃ မျိုးကို ထုတ်ဖော်မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီသတင်းက အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်ရှိ iPhone မျက်နှာပြင် အရွယ်အစားကတော့ iPhone 11 က ၆.၁ လက်မ၊ iPhone 11 Pro က ၅.၈ လက်မနဲ့ iPhone 11 Pro Max ကတော့ ၆.၅ လက်မ ဖြစ်ပါတယ်။

ETNews ရဲ့သတင်းအရ အရွယ်အသေးငယ်ဆုံး မျိုးဆက်သစ် iPhone 12 က ၅.၄ လက်မ ဖြစ်ကာ အလယ်အလတ်မော်ဒယ်က ၆.၁ လက် ဖြစ်ပြီး အကြီးဆုံးကတော့ ၆.၇ လက်မ ရှိလာနိုင်ပါတယ်။ အရွယ်အကြီးဆုံး iPhone ကတော့ iPad Mini ထက် တစ်လက်မ သေးငယ်ဖွယ်ရှိပါတယ်။

အဲဒီ ဖုန်း ၃ မျိုးမှာ OLED မျက်နှာပြင် ပါဝင်လာဖွယ်ရှိပြီး 5G ကွန်ရက်အသုံးပြုနိုင်မယ့် ချစ်ပ်လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် မင်ချီကူကလည်း ၂၀၂၀ iPhone တွေမှာ 5G ပါဝင်လာမယ်လို့ ခန့်မှန်းထားခဲ့ဖူးပါတယ်။

စိုးထက်
Ref: Mashable