Day: October 29, 2014

ပညာဒါန အခြေခံတရုတ်ဘာသာစကား သင်တန်းဖွင့်လှစ်မည်

ပညာဒါနအနေဖြင့် အခမဲ့သင်ကြားသော အခြေခံတရုတ်ဘာသာစကား (4 Skills) သင်တန်းကို နိုဝင်ဘာလ ၁ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုဖွင့်လှစ်ခြင်းမှာ ၂၆ ကြိမ်မြောက်ဖြစ်ကြောင်း ကွမ်းရင်းစန်းတာ့ပိန် တရုတ်ဗုဒ္ဓဘာသာ ပရိယတ္တိစာသင်တိုက်မှ သိရသည်။ သင်တန်းကို အောက်တိုဘာလ ၂၂ ရက်မှ ၃၁ ရက်အတွင်း ရယူလျှောက်ထား နိုင်မည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားကြောင်းသိရသည်။ သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ နေ့လယ် ၁၂ နာရီ မှ မွန်းလွဲ ၁ နာရီခွဲ အထိနှင့် ညနေ ၃ နာရီ မှ ၄ နာရီခွဲအထိဖြစ်ပြီး သင်တန်းကာလ ၃ လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းတက်ရောက်မည့်သူများအနေဖြင့် လိုင်စင်ဓာတ်ပုံ ၂ ပုံ ယူဆောင်လာရမည်ဖြစ်ပြီး သင်တန်းနှင့် […]

Read More

Youth Card ဝန်ဆောင်မှုအား ကျောင်းများသို့ သွားရောက် စာရင်းဖွင့်ပေးခြင်းဖြင့် ဆောင်ရွက်မည်ဟုဆို

သမဝါယမဘဏ်မှ ဆောင်ရွက်ခဲ့သော Youth Card ဝန်ဆောင်မှုအား ကျောင်းများသို့ သွားရောက် စာရင်းဖွင့်ပေးသွားတော့မည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။ “ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဘဏ်ကိုလာဖွင့်လို့လည်း ရပါတယ်၊ မဖွင့်ချင်ရင် သက်ဆိုင်ရာ ကျောင်းများကို သွားရောက်ပြီး စာရင်းဖွင့်နိုင်အောင် လုပ်ထားပါတယ်” ဟု အဆိုပါဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ အဆိုပါ Youth Card ဝန်ဆောင်မှုပါဝင်သော CB Youth ဝန်ဆောင်မှုမှာ Product Package အနေဖြင့် ထုတ် ဝေခဲ့ခြင်းဖြစ်သည်။ သမဝါယမဘဏ်၏ ဒုတိယအထွေထွေမန်နေဂျာ ဦးဇေယျာကျော်က “မိုဘိုင်းဘဏ်စနစ်၊ eSaving၊ eAlert အားလုံး ထည့်သွင်းပေးထားပါတယ်” ဟု ပြောကြားသည်။ အဆိုပါကတ် ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် မွေးနေ့အထိမ်းအမှတ် လက်ဆောင်၊ ပညာရေးဂုဏ်ပြုလက်ဆောင်၊ စုဆောင်းငွေပမာဏအပေါ်တွင် […]

Read More

အွန်လိုင်းပေါ်မှ စာအုပ်များအား အလိုအလျောက် အသံထွက်ဖတ်နိုင်မည့် Myanmar Speech Engine ကို မျက်မမြင်များအတ

အွန်လိုင်းပေါ်မှ စာအုပ်များအား အလိုအလျောက် အသံထွက်ဖတ်နိုင်မည့် Myanmar Speech Engine ကို မျက်မမြင်များအတွက် လှူဒါန်းရန်စီစဉ်လျက်ရှိကြောင်း ကမ္ဘောဇဘဏ် Information & Communication Technology Dept) မှ ဒုတိယအထွေထွေမန်နေဂျာ (Project Management-Oracle Core Banking) ဦးသောင်းထိုက်ကျော်က ပြောသည်။ “မျက်မမြင်တွေက အင်တာနက်က e Book ကို ဖတ်ချင်တယ်။ အဲဒါကြောင့် အခုက အသံအလှူခံတယ်လေ။ သွားသွားပြီး ဖတ်ပြရတယ်။ အခု အဲဒီ e Book တွေကို အော်တိုမစ်တစ်ဖတ်ပေးမယ်။ ဇော်ဂျီဖောင့်နဲ့ပဲလာလာ ၀င်းဖောင့်နဲ့ပဲလာလာ မြန်မာဖောင့်နဲ့လာသမျှ ကိုဖတ်နိုင်တဲ့ Speech engine လိုအပ်တဲ့အတွက် လှူဒါန်းမှာဖြစ်ပါတယ်” ဟု ဦးသောင်း ထိုက်ကျော်ကပြောသည်။ ကမ္ဘောဇဘဏ်အနေဖြင့် အနာဂတ်အလင်းတန်းအမည်ရှိ ဖောင်ဒေးရှင်းပြုလုပ်ထားပြီး […]

Read More

Motors.com.mm က ပြည်တွင်း ဈေးကွက် အတွင်းရှိ အဆင့်မြင့် ဇိမ်ခံကားများ အကြောင်း အချက်အလက် အခြေပြု စာရá

Motors.com.mm က ပြည်တွင်းဈေးကွက် အတွင်းရှိ အဆင့်မြင့် ဇိမ်ခံကားများ အကြောင်း အချက်အလက် အခြေပြု စာရင်း ကောက်ယူမှုတစ်ခုပြုလုပ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည်။ အချက်အလက် ကောက်ယူရာတွင် ဇိမ်ခံကားဟု သတ်မှတ်သည့်စံနှုန်းမှာ နိုင်ငံတကာအဆင့်မြင့် သတ်မှတ်တိုင်းတာခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်းမော်တော်ယာဉ်ရောင်းဝယ်သူအများစုက ဇိမ်ခံ ကားအမျိုးအစားဟု သတ်မှတ် ထားလေ့ရှိသည့် ကားအမျိုးအစားများကို အချက်အလက် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ Motors.com.mm မှ ရရှိသောအချက်အလက်များအရ  မြန်မာ့ဇိမ်ခံကား (Luxury Car) ဈေးကွက်၏ အဆင့်(၁) မှ (၇) နေရာအထိကို ပြည်တွင်းကားဈေးကွက်၏ ဈေးကွက်ဝေစုအများဆုံးရရှိထားသော တိုယိုတာ (Toyota) အမှတ်တံဆိပ် ဇိမ်ခံကားအမျိုးအစား ခုနှစ်မျိုးက ရယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုယိုတာ မတ်ခ်တူး (Toyota Mark II) က […]

Read More

စီမံချက်ကာလပြီးဆုံးပြီး ကျန်ရှိနေသည့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား သက်ဆိုင်ရာ တá

စီမံချက်ကာလပြီးဆုံးပြီး ကျန်ရှိနေသည့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်၊ တရားမဝင် ထပ်မံ ဝင်ရောက်လျက်ရှိသည့် မော်တော်ဆိုင်ကယ်များကို စိစစ်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တိုက်ရိုက် တာဝန်ယူ ကြီးကြပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်အဖြစ် စိစစ်တွေ့ရှိပါက ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၎င်းတန်ဖိုးထက်မနည်းသည့် ဒဏ်ကြေးကို သက်ဆိုင်ရာ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် သတ်မှတ်ကောက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတ်မှတ်ဒဏ်ကြေးပေးသွင်းလျှင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများမှ မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ဒဏ်ကြေးပေးသွင်းမှုမပြုပါက လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ သိမ်းဆည်း၍ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သည့် အခြေအနေရှိသည့် မော်တော်ဆိုင်ကယ်များကို လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ကျင်းပရာမှ သိရသည်။ မော်တော်ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ပေးရာတွင် […]

Read More

ရန်ကုန်တက္ကသိုလ်နှင့် Kansai University of International Studies တို့ MoU ရေးထိုး

ရန်ကုန်တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ Kansai University of International Studies တို့ နှစ်ဦးသဘောတူ စာချွန်လွှာ MoU လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်က ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် အနေဖြင့် ပြည်ပတက္ကသိုလ်များနှင့် MoU ရေးထိုးခြင်းသည် ၁၉ ကြိမ်မြောက် MoU လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး ၎င်းတက္ကသိုလ်နှစ်ခု အနေဖြင့် MoU လက်မှတ်ရေးထိုးပြီးနောက် ကျောင်းသားများ ဖလှယ်ရေး၊ ပညာရေးနှင့် သုတေသနဆိုင်ရာ အချက်အလက်များနှင့် စာတမ်းများဖလှယ်ရေး၊ အခြားသော ပညာရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အခြေအနေပေါ်မူတည်ကာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More

Dance Rhythm ဂိမ်းသစ် Just Dance 2015 ထွက်ရှိ

Ubisoft ၏ ရောင်းအားအကောင်းဆုံး Dance Rhythm ဂိမ်းစီးရီးဖြစ်သော Just Dance ၏ version အသစ် Just Dance 2015 ကို Xbox360 ၊ PS3 ၊ Wii U နှင့် Wii ဂိမ်းစက်များအတွက် ဝယ်ယူကစားနိုင်ပြီဖြစ် ကြောင်း သိရသည်။ Xbox360 ဂိမ်းစက်တွင် Kinect Sensor ကို အသုံးပြုပြီး screen ပေါ်မှ dancer များကို လှုပ်ရှားမှုအတိုင်း ကနိုင်မည်ဖြစ်သည်။  PlayStation နှင့် Nintendo Version များတွင် PSMove နှင့် Wiimote တို့ကို အသုံးပြုပြီး ကစားရမည်ဖြစ်သည်။ ကစားသူလေးယောက် တစ်ပြိုင်တည်း ကစားနိုင်ပြီး မိမိ၏ ကကွက်များကို […]

Read More

PS3 Slim ODE ဂိမ်းစက်များကို ပရိုမိုးရှင်း စနစ်ဖြင့် ရောင်းချမည်

ODE Service ပြုလုပ်ပြီး Game Data ဖြင့် ဂိမ်းများခေါ်ယူကစားနိုင်မည့် PlayStation 3 Slim ဂိမ်းစက်များကို external hard disk နှင့် ဂိမ်းများကို ခေါ်ယူကစားရန် လိုအပ်သော မူရင်းဂိမ်းခွေတို့ကို တွဲဖက်ပြီး Bundle အဖြစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ PlayStation 3 Slim ဂိမ်းစက်များ အနေဖြင့် external hard disk မှ ဂိမ်းများကို ISO format ဖြင့် ကစားနိုင်မည်ဖြစ်ပြီး မူရင်း PlayStation 3 ဂိမ်း file များ ရှိပြီးသူများကိုလည်း ISO format အဖြစ် ကိုယ်တိုင် ပြောင်း လဲနိုင်ရန် လိုအပ်သော converter software များ […]

Read More

ALIEN ISOLATION

၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ Director James Ridley Scott ရဲ့ ALIEN ရုပ်ရှင်ဟာ လူကြိုက်အများဆုံး Science Fiction Thriller ရုပ်ရှင်အနေနဲ့ရော Classic ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ်ပါ ယနေ့ထက်တိုင် ရပ်တည်နေတာ တွေ့ရမှာဖြစ်သလို ALIEN ရုပ်ရှင်တွေထဲက Alien Xenomorph တွေရဲ့ ဇာတ်ကောင်ဒီဇိုင်းဟာလည်း စတင်ပေါ်ပေါက်လာချိန်မှ ယနေ့ရုပ်ရှင်၊ video game နှင့် comic book လောကမှာ လူကြိုက်အများဆုံး ဇာတ်ကောင်တွေအဖြစ် ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ALIEN ဂိမ်းတွေဟာ Atari 2600 နဲ့ Nintendo (NES) ဂိမ်းစက်တွေမှာ အဓိကစတင်ထွက်ရှိခဲ့ပြီးနောက်မှာ PC, PS3 နှင့် Xbox360 ဂိမ်းစက်အပြင် Nintendo DS ဂိမ်းစက်တွေနဲ့ […]

Read More