Day: November 7, 2014

ကမ္ဘာ့တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီဖြစ်လာသည့် Xiaomi

တရုတ်စမတ်ဖုန်း ကုမ္ပဏီ Xiaomi သည် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ကုန်ဆုံးမည့် သုံးလပတ် ကာလတွင် စမတ်ဖုန်း ၁၇.၃ သန်း တင်ပို့ရောင်းချ ခဲ့ပြီးနောက် Apple  နှင့်  Samsung တို့၏နောက် တတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့သည်။ IDC မှ ဖော်ပြချက်အရ Xiaomi ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ လကထက် ၂၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ Xiaomi ၏ သုံးလပတ် စမတ်ဖုန်းတင်ပို့ ရောင်းချမှု မြင့်တက်ခြင်းသည်  သြဂုတ်လက စတင်ရောင်းချခဲ့သော ကုမ္ပဏီ၏ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သည့် Mi4 ကြောင့်ဖြစ်ကြောင်း IDC မှဆိုခဲ့သည်။ Xiaomi ၏အောင်မြင်မှုသည် Apple […]

Read More

ကမ္ဘာ့အပါးဆုံး ၅.၃ လက်မအရွယ် display ကို LG မိတ်ဆက်

လာမည့်နှစ်တွင် ထွက်ရှိမည့် LG ၏ နာမည်ကျော် စမတ်ဖုန်းတွင် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ဖန်တီးမှုဖြစ်သော ဘေးအနားကွပ် ၀.၇ မီလီမီတာ (၀.၀၂၇ လက်မ) သာရှိသည့် 1080p HD ၅.၃ လက်မ  display   ပါဝင်လာဖွယ်ရှိကြောင်းသိရသည်။ Neo Edge နည်းပညာ အသုံးပြုထားသော LG ၏ display panel သစ်တွင် adhesive layer ကိုအသုံးပြု ထားသည့်အတွက် အနားပတ်လည်တွင် ပလတ်စတစ်ဘောင် တစ်ခုရှိရန် မလိုအပ်ပေ။ ထို့အပြင် ၎င်း display သည် ရေစိုဒဏ်ခံနိုင်သလို ဖုန်ဒဏ်များကိုလည်း ခံနိုင်ရည်ရှိသည်။ ၎င်းကို မည်သည့် LG ထုတ်ကုန်သစ်တွင် တွေ့မြင်ရမည် ဆိုခြင်းကို အသေအချာ မသိရသေးသော်လည်း G3 […]

Read More

INTERNATIONAL MYANMAR ICT EXHIBITION 2014

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှကြီးမှူး၍ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကျင်းပသည့် INTERNATIONAL MYANMAR ICT EXHIBITION 2014 ပြပွဲဖွင့်ပွဲ အခမ်းအနားကို ပြပွဲကျင်းပပြုလုပ်ရာ တပ်မတော်ခန်းမအတွင်း၌ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားနှင့်အတူ IT Business Plan Contest 2014 ဆုရရှိသူများအား ဆုများပေးအပ်သည့် အစီအစဉ်ကို ပူးတွဲကျင်းပခဲ့သည်။ အဆိုပါပြပွဲကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်မည်ဖြစ်သည်။      

Read More

ဟန်ဂေရီ နိုင်ငံတွင် အင်တာနက် အခွန်နှုန်းထား တိုးမြှင့်ရန် အဆိုပြုမှုအပေါ် လူပေါင်းထောင်ချီ ဆá‚

ပြီးခဲ့သည့် ရက်အနည်း ငယ်ခန့်က ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့တွင် အင်တာနက်အခွန် တိုးမြှင့်ကောက်ခံပြီး  လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူမှုကို တားဆီးရန် ကြိုးပမ်းသည့်  အဆိုပြုမှု အပေါ် လူထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြောင်း Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။ ထိုအဆိုပြု ချက်သည် ၂၀၁၅ ခုနှစ် အခွန်ဥပဒေ မူကြမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဟန်ဂေရီနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ဗစ်တာအိုဗန်၏ အစိုးရမှရေးဆွဲခဲ့ကာ ပြီးခဲ့သည် ရက်သတ္တပတ်ခန့်က ပါလီမန်သို့ တင်သွင်းခဲ့သည်။ ယခုအခါ ရာထူးဒုတိယ သက်တမ်းအတွင်း ရောက်ရှိနေသော အိုဗန်က ၎င်း၏အုပ်ချုပ်မှုကို အဆုံးသတ်ရန်  ဒီမိုကရက်တစ် ဆန့်ကျင်သူများ ပြုလုပ်နေကြကြောင်း စွပ်စွဲပြောကြားထားပြီး အင်တာနက် အခွန်ဥပဒေ ဝေဖန်ခံရစေရန် ပြုလုပ်နေကြကြောင်း Franc 24 သို့ ပြောကြားခဲ့သည်။ […]

Read More

Mac ကဲ့သို့ အသုံးပြုနိုင်သော trackpad အထောက်အပံ့ Windows 10 တွင် ပါဝင်လာမည်

Microsoft ၏ Windows 10 OS တွင် Mac ကွန်ပျူတာ၌ အသုံးပြုထားသော လက်ဟန်များစွာဖြင့် အသုံးပြုနိုင်သည့် trackpad အထောက်အပံ့ ပါဝင်လာကြောင်း သိရသည်။ အသစ်ထွက်ရှိ လာမည့် OS တွင် လက်သုံးချောင်းဖြင့် swipe ပြုလုပ်ရုံဖြင့် ဖွင့်ထားသော win-dow များအားလုံးကို ကျုံ့ခြင်းသို့မဟုတ် ချဲ့ခြင်းပြုလုပ်ခြင်း အပြင် swipe feature များစွာ ပါဝင်လာသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က TechEd ဥရောပ ကွန်ဖရင့်ပွဲ၌ မိတ်ဆက်ခဲ့သော Windows 10 Techincal  Preview  အတွင်း လက်ဟန်များစွာဖြင့် အသုံးပြုနိုင်သော trackpad သစ်ကို Microsoft ၏ ဒုဥက္ကဋ္ဌ ဂျိုးလ်ဖီအိုရီက စမ်းသပ်ပြခဲ့ပြီး မကြာမီအချိန်တွင် Windows 10 […]

Read More

Malware ကို အသုံးပြု၍ သတင်း အချက်အလက်များကို ရုရှားအစိုးရ စုဆောင်းနေ

ရုရှားအစိုးရသည် ထောက်လှမ်းရေး ကိစ္စရပ်များအတွက် malware ကို အသုံးပြု၍ ကုမ္ပဏီနှင့် အစိုးရများထံမှ အရေးပါသည့် သတင်း အချက်အလက် များကိုရယူနေကြောင်း FireEye သုတေသန ကုမ္ပဏီမ ပြောကြားခဲ့သည်။ အဆိုပါ အန္တရာယ် ပေးနိုင်သော software သည် လုပ်ငန်းနှင့် နိုင်ငံရပ်ခြား အစိုးရမှ သတင်းအချက်အလက်များ ခိုးယူရန်အတွက် ရုရှားနိုင်ငံတွင် ဖန်တီးထားခြင်းဖြစ်ပြီး ရုရှားအစိုးရမှ ထောက်ပံ့မှု ပေးထားကြောင်း သိရသည်။ ၎င်း software ကိုဖန်တီးသည့် အဖွဲ့မှာ APT28 ဖြစ်ပြီး မော်စကို အခြေစိုက် အစိုးရ ထောက်ပံ့မှု ရရှိထားသော အဖွဲ့ဖြစ်ကြောင်း FireEye ဒုဥက္ကဋ္ဌ ဒန်မတ်ဟော်တာက  blog post တွင် ရေးသားခဲ့သည်။ ထိုအဖွဲ့သည် အစိုးရ၊ စစ်တပ်နှင့် လုံခြုံရေးအဖွဲ့အစည်းနှင့် […]

Read More

သတင်း အတုအယောင်နှင့် ဆက်စပ်နေသည့် app ကို တရုတ်နိုင်ငံတွင် ပိတ်ပင်ခဲ့

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က တရုတ်အမျိုးသမီး တစ်ဦးသည် လိင်ကိစ္စ အလဲအလှယ်ပြု လုပ်ရန်အားလပ်ရက် အပန်းဖြေ ခရီးတစ်ခုသို့ ခေါ်ဆောင်သွားမည့် အမျိုးသားကို ရှာဖွေနေလျက်ရှိသည့် သတင်း Facebook တွင်ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းသတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းတစ်ပုဒ်သာ ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ InTouch Today မှဖော်ပြချက်အရ ကျူပန်အမည်ရသူ အမျိုးသမီးတစ်ဦးသည် ခရီးသွားဖော် ရှာဖွေရန်အတွက် Douban နှင့် Tianya ကဲ့သို့ ဒေသတွင်း ဖိုရမ်များတွင် post တင်ခဲ့သည်။ အဆိုပါ post တွင် ကျူသည် လိင်ပိုင်းဆိုင်ရာ ကိစ္စများကို ဖော်ပြထားခြင်း မရှိဘဲ စာဖတ်သူ အများစုက နားလည်မှု လွဲသွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ မိန်းကလေးကို ဆက်သွယ်သည့် သူများကို […]

Read More

၁၁ နှစ်အတွင်း ကြီးမားသည့် ဆိုက်ဘာတိုက်ခိုက်မှု တစ်ရပ် ဖြစ်လာနိုင်ကြောင်း နည်းပညာ ကျွမ်းကျငá€

၂၀၂၅ ခုနှစ်တွင် ဒေါ်လာဘီလီယံ ပေါင်းများစွာ ဆုံးရှုံးခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်စေနိုင်သည့် ကြီးမားသော ဆိုက်ဘာ တိုက်ခိုက်မှု တစ်ရပ်သည် ကမ္ဘာ့တစ်နေရာရာတွင် ဖြစ်ပေါ်လာနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူ သုံးပုံနှစ်ပုံက သုံးသပ်ထားကြသည်။ Pew Research Center မှ ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ လေ့လာဆန်းစစ် သူများသည် ဘဏ်လုပ်ငန်း၊ စွမ်းအင်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဲ့သို့သော အွန်လိုင်းစနစ်များသည် အနှောင့်အယှက်များနှင့် ကြုံတွေ့ရနိုင်ပြီး ၎င်းတို့ကြောင့် စစ်ပွဲနှင့် အကြမ်းဖက်မှုများ ဖြစ်လာနိုင်ကြောင်း ဆိုခဲ့သည်။ အဆိုပါ စစ်တမ်းကို နည်းပညာ ကျွမ်းကျင်သူ ၁,၆၀၀ ဦးထံမှ ကောက်ယူခဲ့ပြီး ၎င်းအနက် ၆၁ ရာခိုင်နှုန်းက နိုင်ငံ၏ လုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေနိုင်သည့် ဆိုက်ဘာတိုက်ခိုက်မှု တစ်ရပ်ဖြစ်လာနိုင်ကြောင်း […]

Read More

ဒီဇိုင်းပြင်ဆင် ထားသည့် Flipboard 3.0 ထွက်ပေါ်လာ

နာမည်ကျော် iPad app မှတစ်ဆင့် သုံးစွဲသူ သန်းပေါင်းများစွာ ရရှိခဲ့သည့် Flipboard social magazine သည် ဒီဇိုင်းပြင်ဆင်ထားပြီး feature သစ်များ ပါဝင်သော version 3.0 ကိုဖြန့်ချိခဲ့သည်။ အဆိုပါ app သည် ၂၀၁၀ ခုနှစ်တွင် iPad အတွက် ရည်ရွယ်ဖန်တီး ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင် Flipboard ပရိသတ် ၇၀ ရာခိုင်နှုန်းမှာ စမတ်ဖုန်းများမှ အသုံးပြုလျက် ရှိသောကြောင့် အရွယ်ကြီးမားသည့် ဖုန်းများအတွက် ဒီဇိုင်းပြင်ဆင်ထားသည့် Flipboard 3.0 ကိုဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ “အခုအချိန်မှာ ဖုန်းနဲ့ tablet တစ်လုံးရဲ့ ကွာခြားချက်ကို ပြောဖို့ခက်ခဲ လာပါပြီ။ လူအများစုက ဖုန်းတွေကို ပိုင်ဆိုင်ကြပါတယ်။ အခုဆိုရင် screen အရွယ်ကြီးတဲ့ […]

Read More