Day: November 11, 2014

Selfie ရိုက်ကူးမှုများကို အလွယ်ကူပြုလုပ်နိုင်မည့် Nixie မောင်းသူမဲ့ယာဉ်

လက်ပတ်တစ်ခုကဲ့သို့ လက်ကောက်ဝတ်တွင် ဝတ်ဆင်သွားနိုင်သည့်အပြင် Selfie ရိုက်ကူးနိုင်သည့် ကင်မရာ ပါဝင်သော မောင်းသူမဲ့ယာဉ် Nixie ထုတ်ကုန်ထွက်ရှိလာ ပြီဖြစ်သည်။ Nixie  သည်သာမန် အချိန်တွင် လက်ပတ်အဖြစ် ဝတ်ဆင်ထားနိုင်ပြီး အသုံးလိုသည့်အခါတွင် မောင်းသူမဲ့ ယာဉ်အဖြစ် အသွင်ပြောင်း လုပ်ဆောင်ပေးနိုင်သည်။ အဆိုပါယာဉ်မှ လေထဲတွင်ပျံသန်းရင်း ဗီဒီယိုရိုက်ကူးနိုင်သကဲ့သို့ ဓာတ်ပုံများကိုလည်း လျှပ်တစ်ပြက် ရိုက်ကူးနိုင်မည် ဖြစ်သည်။ ရွေ့လျားမှုခန့်မှန်း တွက်ချက်လုပ်ဆောင်သည့် အယ်ဂေါ်ရီသမ်များ (motion-prediction algorithms) နှင့် အာရုံခံကိရိယာများ (sensors) ကိုအသုံးပြုသည့် နည်းလမ်းကို Nixie မှ ၎င်းတို့၏ နည်းလမ်းများဖြင့် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း Wired မဂ္ဂဇင်း၏ အဆိုအရသိရသည်။ အဆိုပါ ကိရိယာတွင် ၃၆၀ ဒီဂရီရိုက်ကူးနိုင်သော panorama နည်းပညာပါရှိသည်။ အဆိုပါ ထုတ်ကုန်မှာ ဝတ်ဆင်နိုင်သော […]

Read More

Shoot The Zombirds

Zombie တွေကို ပစ်ခတ်ဆော့ကစားရသည့် Shoot The Zombirds ဆိုသည့် ဂိမ်းသည် iOS ပေါ်တွင် ဆော့ကစားနိုင်သည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ ဖရုံသီးကို လာရောက်တိုက်ခိုက်မည့် ဌက်များကို ကာကွယ်ရမည်ဖြစ်ပြီး၊ ဌက်များကို ပစ်ချရမည့် ဂိမ်းအမျိုးအစား တစ်ခုဖြစ်သည်။Challenge ပေါင်းများစွာ ကို ထည့်သွင်းပေးထားသည့်အတွက် စိတ်လှုပ်ရှားဖွယ် ဆော့ကစားရမည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ အဆိုပါဂိမ်းကို ဆော့ကစားခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပြီး ယခုအခါမှာတော့ အခမဲ့ဆော့ကစားခွင့်ရရှိမည်ဖြစ်သည်။ iOS Version 5.0 နှင့် အထက်တွင် ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Web designer များအတွက် open-source text editor ဖြစ်သည့် Brackets v1.0 ကို Adobe ဖြန့်ချိ

HTML, CSS နှင့် JavaScript အတွက် အခမဲ့ open-source text editor တစ်ခုဖြစ်သည့် Brackets version 1.0 ကို Adobe ကဖြန့်ချိပေးခဲ့သည်။ Windows, Mac နှင့် Linux အတွက် ဖြန့်ချိထားသည့် Brackets ကို Web designer များနှင့် developer များအတွက် ရည်ရွယ်ထားပြီး ၎င်းတွင် browser မြင်ကွင်းနှင့် source code တို့အကြား အလွယ်တကူ ပြောင်းလဲနိုင်မည့် Live Pre- view ကဲ့သို့သော feature များပါဝင်သည်။ ထို့အပြင် သုံးစွဲသူများသည် ၎င်းတို့၏ လုပ်ငန်းစဉ်များကို အထောက်အကူ ဖြစ်စေမည့် Gitintegration နှင့် JSHint support ကဲ့သို့သော […]

Read More

Motorola ဝက်ဘ်ဆိုက်တွင် Nexus 6 စမတ်ဖုန်းများအားလုံး ရောင်းချနိုင်ခဲ့

Nexus 6 စမတ်ဖုန်းများကို Google Play နှင့် Motorola ဝက်ဘ်ဆိုက်များ ပေါ်တွင်ရောင်းချခဲ့ရာ ဟန်းဆက်အားလုံး ရောင်းကုန်ခဲ့ကြောင်း သိရသည်။ Motorola မှထုတ်လုပ်ပေးခဲ့သော Nexus 6 စမတ်ဖုန်း၏ hardware အသေးစိတ် အချက်အလက်နှင့် feature များသည် လူအများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ Nexus 6 စမတ်ဖုန်းသည် ယခင်ထွက်ရှိထားခဲ့သော ဟန်းဆက်များကဲ့သို့ မဟုတ်ဘဲ ဈေးနှုန်းမြင့်မားသလို စွမ်းဆောင်ရည်မြင့်သည့် ဖုန်းတစ်လုံးဖြစ်သည်။ HTC Nexus 9 tablet သည်လည်း Nexus 6 ကဲ့သို့ ဝယ်ယူမှု မြင့်မားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း tablet သည်ဝယ်လိုအား မြင့်မားမှုများကို ထိန်းသိမ်းရန်အတွက် HTC မှထုတ်လုပ်မှုများ တိုးချဲ့နေပြီဖြစ်ကြောင်း သိရသည်။ […]

Read More

Google Calendar ဗားရှင်းသစ်တွင် event နှင့် appointment များကို အလိုအလျောက် ဖန်တီးနိုင်

Google သည် ၎င်း၏ နာမည်ကျော် Calendar app ဗားရှင်းသစ်ကို Android Lollipop OS သုံးစွဲသူများအတွက် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြန့်ချိပေးခဲ့ကြောင်း သိရသည်။ အဆိုပါ Calendar app အတွင်းရှိ feature သစ်သည် အီးမေးလ်များကို စစ်ပေးနိုင်ပြီး ဝင်ရောက်လာသည့် message သစ်များပေါ်မူတည်၍ event သစ်များကို အလိုအလျောက် ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဖျော်ဖြေပွဲ လက်မှတ်များ သို့မဟုတ် လေယာဉ်လက်မှတ်များ ဝယ်ယူနိုင်ရန် သုံးစွဲသူ၏ ပြက္ခဒိန်ပေါ်တွင် ဖော်ပြပေးမည်ဖြစ်သည်။ အကယ်၍ အီးမေးလ်များ ထပ်မံရောက်ရှိလာသည့်အခါ သုံးစွဲသူ၏ ပြက္ခဒိန်ပေါ်တွင် update ပြုလုပ်ပေးမည် ဖြစ်သည်။ Calendar app သစ်သည် ပြီးဆုံးသွားသော event များအပေါ် အခြေခံ၍ […]

Read More

Home Depot ကုမ္ပဏီ အချက်အလက် ပေါက်ကြားမှုအတွင်း အီးမေးလ် ၅၃ သန်း ခိုးယူခံခဲ့ရ

ယခုနှစ် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ ရောင်းချသည့်  Home  Depot ကုမ္ပဏီ၏ အချက်အလက်များ ပေါက်ကြားမှုတွင် အကြွေးဝယ်ကတ် နံပါတ်များနှင့် အီးမေးလ် ၅၃ သန်းခိုးယူ ခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ အာဏာပိုင် အဖွဲ့အစည်းနှင့် HomeDepot ကုမ္ပဏီမှ ပူးတွဲစုံစမ်းခဲ့သည့် အချက်အလက် ပေါက်ကြားမှုတွင် password နှင့်ကတ် အချက်အလက်ဆိုင်ရာ ငွေပေးချေမှု သို့မဟုတ် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များအပြင် ဈေးဝယ်သူများ၏ အီးမေးလ်လိပ်စာများ ပါဝင်သော ဖိုင်များခိုးယူခံခဲ့ကြောင်း လုံခြုံရေး ဆန်းစစ်သူများ တွေ့ရှိခဲ့သည်။ အဆိုပါ စုံစမ်းစစ် ဆေးရေးဆိုင်ရာ အစီရင်ခံစာတွင် အချက်အလက်များ ခိုးယူခံခဲ့ရပုံ အသေးစိတ်ကို ဖော်ပြထားခဲ့သည်။ Home Depot ကုမ္ပဏီ၏ အချက်အလက် ပေါက်ကြားမှုသည် ၂၀၁၃ […]

Read More

Siri ကဲ့သို့ digital assistant Echo ထုတ်ကုန်ကို Amazon မိတ်ဆက်

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Amazon သည်မိုဘိုင်း app နှင့်အတူ အသုံးပြုနိုင်ပြီး Alexa ဟုအမည်ရသည့် စကားလုံးကို အသုံးပြု၍ activate ပြုလုပ်ရသော Echo ကိုမိတ်ဆက် ပြသခဲ့သည်။ ၎င်း digital assistant များသည် Apple ၏ Siri, Microsoft ၏ Cortana သို့မဟုတ် Google ၏ Google Now တို့နှင့်ဆင်တူသည်။ Amazon ၏ Echo သည် မေးခွန်းများ မေးမြန်းသည့်အခါ  ဝက်ဘ်ဆိုက်၏ အကူအညီကိုရယူပြီး အချိန်များ ဖြေကြားခြင်း သို့မဟုတ် ရာသီဥတုကို စောင့်ကြည့်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် Echo နှင့်ပါဝင်သည့် မိုဘိုင်း app ပေါ်တွင် ဝယ်ယူရမည့် ပစ္စည်းစာရင်း များကိုလည်း […]

Read More

Sir! I'd Like To Report a Bug!

Android OS အသုံးပြုထားသည့် Device များတွင် အသုံးပြုနိုင်သော Game App တစ်ခုဖြစ်သည်။ အဆိုပါ App တွင် ကစားသူသည် အခက်အခဲ အတားအဆီးများစွာကို ကျော်ဖြတ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသည့်နေရာသို့ ရောက်အောင် သွားရမည်ဖြစ်သည်။ အဆိုပါ ဂိမ်းမှာ 2D Graphic ကို အသုံးပြုထားပေးတာကိုလည်း တွေ့ မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဂိမ်းကို Play Store တွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး၊ Android Version 3.2 နှင့်အထက်တွင် ထည့်သွင်းဆော့ကစားနိုင်မည်ဖြစ်သည်။ ဖိုင်အရွယ်အစားမှာ 12MB ခန့်သာရှိမည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Apple Watch စမတ်နာရီကို နွေဦးကာလ မတိုင်မီအထိ ရောင်းချဖွယ် မရှိဟုဆို

Apple လက်လီစတိုးနှင့် အွန်လိုင်းစတိုး၏ စီနီယာဒုဥက္ကဋ္ဌဖြစ်သူ အိန်ဂျယ်လာအာရန်း၏ ကုမ္ပဏီဝန်ထမ်းများထံ ပေးပို့ခဲ့သော ဗီဒီယိုမက်ဆေ့ခ်ျတွင် ဖော်ပြထားချက်အရ Apple Watch စမတ်နာရီကို နွေဦးကာလ မတိုင်မီအထိ ရောင်းချဖွယ် မရှိကြောင်း သိရသည်။ အဆိုပါ ဗီဒီယို မက်ဆေ့ခ်ျတွင် အာရန်းက ကုမ္ပဏီအနေဖြင့် အားလပ်ရက်များနှင့် တရုတ်နှစ်သစ်ကူး အလွန် နွေဦးကာလမှသာ စမတ်နာရီသစ်ကို မိတ်ဆက်ပေးမည်ဟု ဆိုခဲ့သည်။ Apple သည် စမတ်နာရီသစ်ကို မိတ်ဆက်ခဲ့စဉ်က ၂၀၁၅ ခုနှစ် အစောပိုင်းကာလတွင် ရောင်းချမည်ဟု ဆိုခဲ့သည်။ ထို့နောက် Apple အနေဖြင့်  ချစ်သူများနေ့အမီ စမတ်နာရီသစ်ကို ရောင်းချဖွယ် ရှိကြောင်း ခန့်မှန်းသတင်းများ ထွက်ပေါ်လာခဲ့သည်။ တရုတ်နှစ်သစ်ကူးသည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စတင်မည်ဖြစ်ပြီး နွေဦးကာလမှာ မတ်လ ၂၀ […]

Read More

Messenger ကိုသီးသန့် download ပြုလုပ်ရခြင်း ကိစ္စကို Facebook အမှုဆောင် အရာရှိချုပ် ရှင်းလင်း

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Facebook အမှုဆောင် အရာရှိချုပ် မာ့ခ်ဇူကာဘတ်က အဓိက Facebook app မှ messaging ကိုဖယ်ရှားခဲ့ခြင်းမှာ သုံးစွဲသူများကို သီးသန့်  messaging  app  အတွေ့အကြုံကို ခံစားစေလို၍ ဖြစ်ကြောင်း ပရိသတ်များနှင့် အမေးအဖြေ ပြုလုပ်သည့် ကဏ္ဍတွင် ပြောကြားခဲ့သည်။ Facebook အဖွဲ့အနေဖြင့် အခြား messaging app များကို လေ့လာသည့်အခါ ၎င်းတို့သည် သီးသန့် messaging app ကိုအာရုံစိုက်၍ လုပ်ကိုင်နေခြင်းကို တွေ့ရှိခဲ့ကြောင်း ဇူကာဘတ်က ရှင်းလင်းခဲ့သည်။ Facebook သည် အဓိက app အတွင်း message တစ်စောင်ပေးပို့ရာတွင် အဆင့်များစွာ ပါဝင်ရပြီး NewsFeed တစ်ခုအတွင်း လုပ်ဆောင်မှု များစွာရှိနေသည်။ ထို့ကြောင့် Facebook […]

Read More