Day: November 18, 2014

ကျန်ရှိသော ဆက်သွယ်ရေးဆိုင်ရာ နည်းဥပဒေများ သုံးလေးလအတွင်းပြီးနိုင် ဟုဆို

ကျန်ရှိနေသေးသော ဆက်သွယ်ရေးဆိုင်ရာ နည်းဥပဒေများ သုံးလေးလအတွင်း ပြီးစီးနိုင်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ “နည်းဥပဒေလေးခုက ဘယ်တော့ပြီးမလဲ သတ်မှတ်ထားတာကျတော့ အမြန်ဆုံးဖြစ်အောင်တော့ လုပ်နေတယ်။ သုံးလေးလအတွင်းတော့ပြီးမယ် ထင်ပါတယ်၊ ကျွန်တော်တို့ကလည်း အကြမ်းဖျင်းပဲ ပြောလို့ ရတယ်။ တချို့ကိစ္စလေးတွေက ကျွန်တော်တို့ဝန်ကြီးဌာနနဲ့တင် မပြီးတဲ့ကိစ္စလေးတွေ ရှိတယ်၊ တခြားနဲ့ ညှိနှိုင်းရပြီး လုပ်ရတဲ့ဟာတွေ ရှိတယ်၊ လိုင်စင်နည်း ဥပဒေတုန်းကလည်း ခဏခဏ ပြောရတယ်လေ၊ တစ်ပတ်နှစ်ပတ်လောက်ဆို ထွက်တော့မယ်၊ အဲဒါနဲ့ကို ရွှေ့နေတာများပြီဆိုတော့ ကျွန်တော်တို့ အဲဒီဟာရဲ့အတွေ့အကြုံလည်းရှိနေတော့ သိပ်တော့ ကြာမယ်တော့မထင်ပါဘူး၊ အမြန်ဆုံးတော့ ပြီးအောင်လုပ်မှာပါ” ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန်းထွန်းအောင်က ပြောသည်။ လက်ရှိတွင် လိုင်စင်နှင့် ပတ်သက်သော နည်းဥပဒေထွက်ရှိခဲ့ပြီးဖြစ်ကာ ဆက်သွယ်ရေးဆိုင်ရာ နည်းဥပဒေလေးမျိုး ထွက်ရှိရန် ကျန်နေသေးကြောင်းသိရသည်။   […]

Read More

Viewsonic 42” Digital eposter

Viewsonic မှ အသစ်ထွက်ရှိလာသည့် 42” Digital ePoster သည် Free Standing dynamic adventising (ဥပမာ- ရွေ့လျားသွားလာနေသော အရောင်းကားများမှ ကြော်ငြာခြင်း) အတွက် အသုံးတည့်မည့် ပစ္စည်းတစ်မျိုး ဖြစ်သည်။ မိမိ အသိပေးချင်သည့် သတင်းအချက်အလက်များကို ဖန်သားပြင်၏ အတွင်းပိုင်း media player မှတစ်ဆင့် ဒါမှမဟုတ် မိမိတို့၏  media ကို HDMI (သို့) VGA input  ဖြင့် ချိတ်ဆက်ပြီး ကြေညာနိုင်မည် ဖြစ်သည်။ အဆိုပါ eposter ကို လူသွားလာမှုများသော retail settings၊ hotel lobbies ဘဏ်များနှင့် တက္ကသိုလ်များတွင် အသုံးပြုပါက အထူးသင့်တော်မည် ဖြစ်သည်။ Display အနေဖြင့် 20.6” […]

Read More

မန်းမိုဘိုင်းဈေးကွက်အတွင်း ဆင်းမ်ကတ်များရောင်းအား ကျဆင်းနေ

မန်းမိုဘိုင်းဈေးကွက် အတွင်းရှိ အရောင်းဆိုင်အချို့မှ ပြောကြားချက်များအရ ယခု  ရက်ပိုင်း အတွင်း မိုဘိုင်းဆင်းမ်ကတ် အမျိုးမျိုးရောင်းအား ကျဆင်းလျက်ရှိကြောင်း သိရသည်။ “ဒီရက်ပိုင်းမှာ၁၅၀၀ကျပ် တန် WCDMA MPT ဆင်းမ်ကတ်တွေဟာ ပြင်ပပေါက်ဈေးကျပ် ၇,၀၀၀ သာ ရှိပါတယ်။ ယခင် ရက်သတ္တပတ်ထက် ဈေးနှုန်းကျဆင်းလာပေမယ့် ဝယ်လိုအား သိသိသာသာ တက်မလာပါဘူး။ ဈေးကွက်အတွင်းမှာ Ooredoo ဆင်းမ်ကတ်တွေဆိုရင်လည်း ၁,၅၀၀ ကျပ် ဖြင့် ဝယ်ယူရရှိနိုင်ပေမယ့် Ooredoo ဆင်းမ်ကတ် သီးသန့်ဝယ်ယူသူ နည်းပါးလာပါတယ်ဟု” မန္တလေးမြို့ ၈၃ လမ်းရှိ မိုဘိုင်းဆိုင်ကြီး တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Telenor ဆင်းမ်ကတ်များကို ခွဲတမ်းရရှိမှု နည်းပါးသောကြောင့် ရောင်းချပေးရန်ပင် မရှိကြောင်း၊ Ooredoo ဆင်းမ်ကတ်များမှာလည်း ယခင်ကထက် ရောင်းအား တဖြည်းဖြည်းကျလာသလို […]

Read More

အမြင်အာရုံချို့တဲ့သူများအတွက် နည်းပညာသုံး ကိရိယာများ

နည်းပညာခေတ်လို့ ပိုင်ပိုင်နိုင်နိုင် ကြွေးကြော်လာချိန်မှာ သုတေသန ပညာရှင်တွေက အမြင်အာရုံချို့တဲ့သူတွေကို အထောက်အကူ ပြုပေးနိုင်စေမယ့် နည်းလမ်းတွေကို ရှာဖွေကြိုးပမ်းပြီး အဖြေထုတ်ပေးကြတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးရဲ့ စစ်တမ်းကောက်ယူချက်အရ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမြင်အာရုံချို့တဲ့သူပေါင်း ၂၈၅ သန်းလောက် ရှိမယ်လို့ ခန့်မှန်း သိရှိရတယ်။ အမေရိကန်ရဲ့ မျက်မမြင်များ ဖယ်ဒရေးရှင်း ကတော့ အမေရိကန် နိုင်ငံတစ်ဝှမ်းလုံးမှာ အမြင်အာရုံချို့တဲ့သူ ၇ သန်း ခန့်ရှိတယ်လို့ ဆိုတယ်။ လူသားချင်းစာနာမှုဆိုတဲ့ အရင်းခံ စေတနာအပြင် အခက်အခဲ ပြဿနာတစ်ခုခုကို မဖြစ်မနေ ကျော်လွှားယူနိုင်ဖို့ ကြိုးစားလေ့ရှိတဲ့ အလေ့အကျင့်ကြောင့် အမြင်အာရုံချို့တဲ့သူများအတွက် အထောက်အကူပြုစေမယ့် နည်းပညာသုံး ကိရိယာတွေကို ထုတ်လုပ်ကြတယ်။ အချိန်နဲ့ အမျှ တိုးတက်ဖွံ့ဖြိုး လာတဲ့ နည်းပညာတွေ ရဲ့ အခွင့်အလမ်းကို အရယူဖို့ ကြိုးစားကြတယ်။ […]

Read More

နယူးယောက်စီးတီးရှိ အများပြည်သူသုံးဖုန်းများကို အလွန်လျင်မြန်သည့် Wi-Fi hub များ အဖြစ် ပြောင်းလဲ

နယူးယောက်စီးတီးရှိ အာဏာပိုင်များသည် မြို့တော်ရှိ အများပြည်သူသုံး ဖုန်းများကို ကမ္ဘာပေါ်ရှိ အကြီးဆုံးနှင့် အမြန်ဆန်ဆုံး အခမဲ့ Wi-Fi ကွန်ရက်အဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေကြောင်း သိရသည်။ LinkNYC ဟုအမည်ရသည့် ၎င်းစီမံကိန်းသည် ဒေါ်လာသန်း၂၀၀ ကုန်ကျနိုင်ကြောင်း မြို့တော်အာဏာပိုင်များက တနလာင်္နေ့တွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။ ၎င်းစီမံကိန်းသည် အများပြည်သူသုံး ဖုန်းအဟောင်းများနေရာတွင် တစ်စက္ကန့်လျှင် 1 gigabit မြန်နှုန်းဖြင့် အင်တာနက် အသုံးပြုနိုင်သော အရွယ်အစား ၉.၅ပေ ရှည်လျားသည့် Big Apple မှ ထုတ်လုပ်သော hub ထောင်ပေါင်းများစွာဖြင့် အစားထိုးသွားမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းကို ပူးပေါင်းလုပ်ဆောင်ရန်အတွက် CityBridge အဖွဲ့အစည်းမှ ရရှိထားပြီး မြို့တော်ဘုတ်အဖွဲ့ဝင်များ အနေဖြင့် စီမံကိန်း တည်ဆောက်မှု မစတင်မီ စီမံကိန်း အတည်ပြုမှုများ […]

Read More

Cherry Mobile Amber2

အားသာချက် ဈေးနှုန်းအရ သက်သာတဲ့ ဖုန်းဖြစ်ပါတယ်။ GSM 2G/ 3G ကွန်ရက်စနစ်တွေ အားလုံးမှာ အသုံးပြုနိုင်တဲ့အပြင် တန်ဖိုးနည်း ဖုန်းဖြစ်ပေမယ့်  ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ OS ကလည်း မြင့်မားပါတယ်။ ဒါ့အပြင် တန်ဖိုးနည်း စမတ်ဖုန်းတစ်ခုအနေနဲ့ ဂရပ်ဖစ် စနစ်အတွက် GPU အထောက်အပံ့ ပါဝင်တဲ့အပြင် အသုံးပြုထားတဲ့ CPU ဟာလည်း Quad-core CPU ဖြစ်တဲ့အတွက် Hardware စနစ်ပိုင်းမှာလည်း မြင့်မားတယ်လို့ ဆိုနိုင်တဲ့ဖုန်းပါ။ အွန်လိုင်းအသုံးပြု စနစ်တွေမှာလည်း ပြည့်ပြည့်စုံစုံ ပါဝင်တာတွေ့ရမှာပါ။ မြန်မာစာစနစ်လည်း တစ်ပါတည်း ပါဝင်မှာ ဖြစ်ပါတယ်။ အားနည်းချက် တန်ဖိုးနည်း ဖုန်းတစ်လုံး ဖြစ်တဲ့အတွက် အချို့အစိတ်အပိုင်းတွေမှာ လျော့ချထားမှုတွေတော့ အနည်းငယ် ရှိနေပါတယ်။ ဖုန်းရဲ့ မှတ်ဥာဏ် စနစ်မှာတော့ RAM […]

Read More

Huawei မှ အရှေ့တောင် အာရှဒေသတွင်း ခြေလှမ်းသစ်အဖြစ် Ascend Mate 7 ဖြင့်စတင်

Huawei သည် ၎င်းတို့၏ စမတ်ဖုန်း အသစ်ဖြစ်သော Ascend Mate 7 ကို အရှေ့တောင် အာရှဒေသတွင် မိတ်ဆက်မှုအဖြစ် ဘန်ကောက်မြို့ရှိ W Hotel တွင်စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ယခု စမတ်ဖုန်းသစ်တွင် ကျယ်ပြန့်သော ၆ လက်မ အရွယ်အစားရှိ FHD အမျိုးအစား display ကိုသုံးစွဲထား ခြင်းကြောင့် ဖျော်ဖြေရေးအတွက် ကောင်းမွန်ပြီး 7.9 mm သာရှိသည့် ပါးလွှာသော ဖုန်းကိုယ်ထည်၊ octa-core chipset ကြောင့် စွမ်းဆောင်ရည် ကောင်းများနှင့် တာရှည်ခံနိုင်သော 4100 mAh အမျိုးအစား ဘက်ထရီတို့ကို ပေါင်းစပ်ထည့်ပေးထားကြောင်း သိရသည်။ သုံးစွဲသူတို့ကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် နည်းပညာ သစ်များအဖြစ် fingerprint Technology […]

Read More

Xbox One တင်ပို့ရောင်းချမှု အလုံးရေ ၁၀ သန်းအထိ ရှိလာ

ပြီးခဲ့သည့် ရက်အနည်းငယ်က Microsoft သည် လက်လီဆိုင်များသို့ Xbox One ဂိမ်းစက်အလုံးရေ ၁၀ သန်းခန့် တင်ပို့ရောင်းချ နိုင်ခဲ့ကြောင်း ထုတ်ပြန်သွားခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်သည် ပြီးခဲ့သည့် သုံးလက Sony က Play Station 4 ဂိမ်းစက် ၁၀ သန်း ရောင်းချခဲ့ရကြောင်း ပထမဆုံးအကြိမ် ထုတ်ပြန်ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ Microsoft သည် Xbox One ဂိမ်းစက်ကို ဝယ်ယူသူများသို့ တိုက်ရိုက်ရောင်းချသည့် အရေအတွက်ထက် လက်လီဆိုင်များသို့ ရောင်းချမှုနှုန်းကိုသာ တွက်ချက်ထားခြင်း ဖြစ်သည်။ PS4 ဂိမ်းစက်များသည် ၉ လဆက်တိုက် Xbox One ကိုကျော်လွန်၍ အလုံးရေ ၁၃.၅ သန်း ရောင်းချခဲ့ရသည်။ သို့သော် […]

Read More

Gear VR အတွက် 3D ရုပ်ပုံများ ရိုက်ကူးနိုင်သည့် ကင်မရာကို Samsung မိတ်ဆက်

Samsung သည် အသစ်ထုတ်လုပ်မည့် Gear VR အတွက် content များဖန်တီးရာတွင် အသုံးပြုမည့် ကင်မရာတစ်လုံးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ ကင်မရာသည် လက်ရှိတွင် ရောင်းချခြင်း မရှိသည့်အပြင် ၃၆၀ ဒီဂရီ 3D ဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကူးနိုင်သည်။ ၎င်း Project Beyond ကင်မရာ အရွယ်အစားသည် ဟော်ကီရာ ဘာဒိုးပြားအရွယ်ရှိပြီး Samsung Gear VR headset နှင့်အတူ ထွက်ရှိလာမည့် hardware တစ်ခုဖြစ်သည်။ ထိုကင်မရာသည် 3D ရုပ်ပုံများကို  တစ်စက္ကန့်လျှင် 1 gigapixel နှုန်းဖြင့် ရိုက်ကူးပေးသည်။ ထိုကဲ့သို့ ရိုက်ကူးနိုင်ရန် 3D ရုပ်ပုံများ ပေါင်းစပ်ပေးသည့် နည်းပညာနှင့် အနီးအဝေးတို့ကို ထည့်သွင်းပေးနိုင်သော ရိုက်ချက်တို့ကို အသုံးပြုထားသည်။ […]

Read More

အခကြေးငွေဖြင့် အသုံးပြုရသော music streaming ဝန်ဆောင်မှုကို YouTube မိတ်ဆက်

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က YouTube သည် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း အခကြေးငွေဖြင့် အသုံးပြုနိုင်သော YouTube Music Key ကိုစတင် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုကို invite ပြုလုပ်ခံရမှသာ စတင်အသုံးပြု နိုင်မည်ဖြစ်ပြီး  စတင်အသုံးပြုခွင့် ရသူများအနေဖြင့် ၆ လအခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ YouTube အနေဖြင့် ၎င်းဝန်ဆောင်မှု၏ beta ဗားရှင်းစတင် ဖြန့်ချိသည့် အချိန်တွင် လျှော့ဈေးအဖြစ် လစဉ်ဒေါ်လာ ၇.၉၉ ကောက်ခံသွားမည်ဖြစ်သည်။  နောင်အနာဂတ်တွင်မူ ပုံမှန်နှုန်းထား တစ်လလျှင် ၉.၉၉ ဒေါ်လာ ကောက်ခံသွားမည် ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် ကြော်ငြာမပါဝင်ဘဲ သီချင်းများကို နားဆင်နိုင်မည့်အပြင် လက်ရှိ YouTube ၏ iPhone နှင့် […]

Read More