Day: November 24, 2014

Ubuntu OS ပေါ်တွင် Play Store မှ App များကို Download ပြုလုပ်ခြင်း

Play Store မှ App တွေကို Ubuntu OS ပေါ်မှာ Download ပြုလုပ်ချင်သူတွေအနေနဲ့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။  Ubuntu OS ပေါ်မှ Play Store ကို Download ပြုလုပ်လိုတယ် ဆိုရင် အောက်ဖော်ပြပါ အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည့်သွင်းမယ့် Ubuntu OS ဟာ 14.04 သို့မဟုတ် 14.10 ဆိုပါက ndg-httpsclient ဆိုတာကို Install ပြုလုပ်ပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ndg-httpsclient ကို Run ဖို့အတွက်ဆိုရင် Terminal မှာ python-ndg-httpsclient ဆိုတာကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ Play Store Downloader ကို Ubuntu […]

Read More

Firefox ၏ default search engine ကို Yahoo အဖြစ် Mozilla ပြောင်းလဲ

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Mozilla သည် ၎င်း၏ Firefox browser တွင် default search engine အဖြစ် Yahoo သို့ ပြောင်းလဲခဲ့ကြောင်း blog ၌ထုတ်ပြန် သွားခဲ့သည်။ အဆိုပါ blog တွင် Google သည် ၂၀၀၄ ခုနှစ်မှ စတင်၍ Fire-fox ၏ကမ္ဘာလုံးဆိုင်ရာ default search engine ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ရာ ကုမ္ပဏီအနေဖြင့် ယှဉ်ပြိုင်မှုများ ပြုလုပ်နိုင်မည့် နည်းဗျူဟာနှင့် အခြားရွေးချယ်မှုများကို ရှာဖွေသုံးသပ်ရန် အခွင့်အရေးအဖြစ် မှတ်ယူခဲ့ကြောင်း Mozilla မှထုတ်ပြန်ခဲ့သည်။ ထိုသို့ ကုမ္ပဏီ အနေဖြင့် မူဝါဒပိုင်းဆိုင်ရာ သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် Yahoo ကို ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ […]

Read More

iOS တွင် Beats သီချင်း ဝန်ဆောင်မှုကို ပေါင်းစပ် ထည့်သွင်းရန် Apple စီစဉ်

Apple သည် လာမည့်နှစ် အစောပိုင်းတွင် iPad နှင့် iPhone များတွင် အသုံးပြုထားသော iOS operating system တွင် Beats သီချင်း ဝန်ဆောင်မှုကို ထည့်သွင်းရန် စီစဉ်နေကြောင်း Financial Times မှဖော်ပြသွားခဲ့သည်။ Apple သည် Spotify နှင့် Rhapsody ကဲ့သို့ သီချင်း ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်ရန် iOS အတွင်း ထည့်သွင်းသွားမည့် ဝန်ဆောင်မှုကို Beats ဟူသည့် အမည်အသုံးပြုဖွယ် မရှိကြောင်းသိရသည်။ အဆိုပါ ဝန်ဆောင်မှုသည် ဝင်ငွေလမ်းကြောင်း သစ်များရရှိရန် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး သုံးစွဲသူများ အနေဖြင့်လည်း Apple ၏ စီးပွားရေးစနစ်တွင် ရှိနေစေမည် ဖြစ်သည်။ ထို့အပြင် Apple သည် ယခုသတင်းနှင့် […]

Read More

Groups ဟု အမည်ရသည့် သီးသန့် app တစ်ခုကို Facebook ဖြန့်ချိ

Facebook သည် group သုံးစွဲသူများ စီစဉ်ပူးပေါင်း ဆောင်ရွက်မှုများကို အကူအညီ ပေးသွားရန် သီးသန့် မိုဘိုင်း Groups app ကို ဖြန့်ချိခဲ့ကြောင်း သိရသည်။ Facebook သည် ၎င်း၏ ဝက်ဘ်ဆိုက် အတွင်းရှိ feature များကို ခြားနားမှုရှိသော app များအဖြစ် အသွင်ပြောင်းလဲ နေလျက်ရှိသည်။ အဆိုပါ သီးသန့် app ကိုလစဉ် ဝက်ဘ်ဆိုက်အတွင်း အခြားသူများ ဆက်သွယ်ခြင်းနှင့် ဓာတ်ပုံများကဲ့သို့ အရာများကို ဝေမျှနိုင်ရန် groups feature ကို သုံးစွဲနေသူ သန်း ၇၀၀ အတွက် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ၎င်း app ကို Apple ၏ iOS နှင့် Google ၏ […]

Read More

၁၅၀၀ ကျပ်တန် GSM ဆင်းမ်ကတ်များ ရန်ကုန်မြို့လယ်လူသွားစင်္ကြင်္ံန်တွင် ၅,၀၀၀ ကျပ်အထိပေါက်ဈေး ရှိနေ

MPT, Telenor နှင့် Ooredoo ဆင်းမ်ကတ်များ လက်ရှိအချိန်တွင် ကျပ် ၁၅၀၀ ဖြင့်ရောင်းချပေးလျက်ရှိသော် လည်း ရန်ကုန်မြို့လယ်ရှိ လူသွားစင်္ကြံများပေါ် တွင်အဆိုပါ ဆင်းမ်ကတ်များဈေး နှုန်းမှာ ကျပ် ၅,၀၀၀ ခန့်ထိပေါက် ဈေးရှိနေကြောင်း ဈေးကွက်အတွင်း မှစုံစမ်းသိရှိရသည်။ ရန်ကုန်မြို့မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းမှတ်တိုင်အနီး လူသွား စင်္ကြံပလက်ဖောင်းများပေါ်တွင် MPT, Telenor, Ooredoo တံဆိပ် GSM ဆင်းမ်ကတ်များအား ဈေးနှုန်း မြင့်မားစွာဖြင့် တစ်ဆင့် ပြန်လည် ရောင်းချမှုများ ရှိလာကြောင်း သိရသည်။ အဆိုပါဈေးကွက်အတွင်း၌ MPT ဆင်းမ်ကတ် တစ်ကတ်လျှင် ၆,ဝဝဝ ကျပ် ဝန်းကျင်၊ Telenor နှင့် Ooredoo ဆင်းမ်ကတ်တစ်ကတ်လျှင် ၅,ဝဝဝ ကျပ် ဝန်းကျင် တန်ဖိုးဖြင့် ဝယ်ယူနိုင်လျက်ရှိပြီး ယင်းသို့ […]

Read More

နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက် မြင့်တက်နေမှုကြောင့် ကွန်ပျူတာနှင့်နည်းပညာဆိုင်ရာ သွငá€

အမေရိကန်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်နေခြင်းကြောင့် ပြည်တွင်းသို့ တင်သွင်းရောင်းချလာကြသည့် နည်းပညာထုတ်ကုန်ပစ္စည်းများနှင့် ကွန်ပျူတာထုတ်ကုန်များ၏ ဈေးနှုန်းများလည်း လိုက်ပါမြင့် တက်လျက်ရှိနေပြီး တစ်ချိန်တည်းမှာပင် ရောင်းအားအနည်းငယ် ကျဆင်းနေကြောင်း  ရန်ကုန်အခြေစိုက် ကွန်ပျူတာဈေးကွက်မှစုံစမ်း သိရသည်။ ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းများမြင့်တက်လာသည်မှာ ရက်သတ္တပတ်လေးပတ်ကျော် ကြာမြင့်လာပြီ ဖြစ်ပြီး အမေရိကန် ငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် တစ်ထောင်နှင့်အထက် စတင် ပြောင်းလဲ လာသည့် အချိန်မှစတင် ၍ နည်းပညာဆိုင်ရာနှင့်  ကွန်ပျူတာနှင့်ဆက်စက် ပစ္စည်းသွင်းကုန် များ၏တန်ဖိုးများ သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါပြည်ပမှ တင်သွင်းလာသည့် ကွန်ပျူတာ ဆိုင်ရာသွင်းကုန်ပစ္စည်းများ၏ ဝယ်လိုအားများ လည်း ရက်သတ္တပတ် နှစ်ပတ်ကျော်သည်အထိ ဆက်လက်နည်းပါးနေဆဲဖြစ်ကြောင်း ကွန်ပျူတာ လုပ်ငန်းရှင် အချို့နှင့် မိုဘိုင်းဖုန်းလုပ်ငန်းရှင်အချို့ကပြောကြားသည်။ “Apple ပစ္စည်းတွေဈေးတက် နေတာကြာပြီ။ ဒေါ်လာဈေးတက် နေတာနဲ့အမျှ နည်းနည်းချင်းစီ […]

Read More

ခြင်ဖမ်းစက်

မြို့ပြပတ်ဝန်းကျင်တွင် နေနေရသော်လည်း ပတ်ဝန်းကျင်အခြေအနေကြောင့် ခြင်အန္တရာယ်မှ မကင်းဝေးကြသေးသူများ အဆင်ပြေစေမည့် အစွမ်းထက်ခြင်ဖမ်းစက်တစ်မျိုးဖြစ်သည်။ ခြင်ဆေးခွေ၊ ခြင်ဆေးဘူးများကဲ့သို့ အငွေ့မထွက်၊ အနံ့မရှိတာမို့ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ဆေးနံ့၊ ဆေးငွေ့ကြောက်တတ်သူတွေအတွက် သင့်တော်မည်ဖြစ်သည်။ အိမ်မီး AC 220 V ဖြင့် တိုက်ရိုက်သုံးနိုင်ပြီး ခြင်ဖမ်းစက် ဟုခေါ်ဆိုသော်လည်း ယင်၊ ဖြုတ် အပါအဝင် ပျံသန်းတတ်သည့် အင်းဆက်ပိုးမျိုးစုံကိုလည်း ရှင်းလင်းပေးနိုင်မည် ဖြစ်သည်။ အင်းဆက်ပိုးများ ကြိုက်နှစ်သက်သော Infrared ရောင်ခြည်မီးချောင်းဖြင့် စက်ရှိရာသို့လာအောင်ညှို့ခေါ်ပေးပြီး စက်ရှေ့ရောက်သည်နှင့် မည်သို့မျှပျံပြေးလို့မရအောင် လေစုပ်ပန်ကာဖြင့် စက်ထဲသို့ စုပ်သွင်းလိုက်ပြီး လျှပ်စစ်ဓာတ်ဖြင့် ခြင်၊ ယင်များကို ချေမှုန်းပစ်လိုက်ခြင်းဖြစ်သည်။ သုံးစွဲရလွယ်ကူပြီး အန္တရာယ်မဖြစ်စေသော ပလတ်စတစ်အိမ်ဖြင့် ပြုလုပ်ပေးထားသည်။ တန်ဖိုးမှာ ကျပ် ၁ဝ,ဝဝဝ ကျော်ဖြစ်ပြီး Newlife ဖုန်း […]

Read More

Learn Chinese Characters 1

တရုတ်ဘာသာစာလုံးများကို ရွေးချယ်ပြီး ဆော့ကစားရမည့် ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ အဆိုပါဂိမ်းသည် အချိန်နှင့်ဆော့ကစားရမည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး သတ်မှတ်ထားသည့်အချိန်အတွင်းတွင် အမှတ်အများဆုံးရရှိစေရန် ဆော့ကစားရမည့် ဂိမ်းတစ်ခုလည်းဖြစ်သည်။ Learn Chinese Characters 1 Game App ကို အသုံးပြုခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၁၄.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အချိန်အတိုင်းအတာဖြင့် အခမဲ့ Download ပြုလုပ်ခွင့် ပေးထားသည်။ iOS Version 4.3 နှင့်အထက် Device များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 1.3 MB ခန့်သာရှိမည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More