Day: December 3, 2014

MPT ဆင်းမ်ကတ်အား အရောင်းဆိုင်ပေါင်း ၂၇၀ ကျော်တွင် တိုက်ရိုက်ဝယ်ယူနိုင် ဟုဆို

MPT ဆင်းမ်ကတ်အား အရောင်းဆိုင်ပေါင်း ၂၇၀ ကျော်တွင် တိုက်ရိုက် ဝယ်ယူနိုင်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါ အရောင်းဆိုင်များမှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ရှိပြီး MPT ဆင်းမ်ကတ် အသုံး ပြုသူများ အလွယ်တကူ ဝယ်ယူနိုင်ရန်နှင့် မှောင်ခိုဈေးကွက် ပပျောက်အောင် ဆောင်ရွက်ထားခြင်းဖြစ်သည် ဟု ထုတ်ပြန်ထားသည်။ “အရင်ကလောက် ဈေးကွက်မတွင်ကျယ်တော့ပါဘူး။ ခြောက်ထောင်လောက်ကနေ အခုလေးထောင်ပဲ ရှိတော့တယ်။ မြို့တွင်း ဆူးလေနားနဲ့ လှည်းတန်းဝန်းကျင်မှာ လေးထောင်နဲ့ ရောင်းနေကြပါတယ်” ဟု MPT ဆင်းမ်ကတ်များ ပြင်ပဈေးကွက်နှင့် ပတ်သက်၍ မိုဘိုင်းအကျိုးဆောင် လုပ်ကိုင်ခဲ့ဖူးသူ ကိုဒေးဗစ်ကပြောသည်။ ဆက်သွယ်ရေးလုပ်ငန်းကို အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI ၊ Sumitomo ကော်ပိုရေးရှင်းတို့အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးသော အရောင်းဆိုင်ကို […]

Read More

Google Code 2014 ကို မြန်မာနိုင်ငံမှ အထက်တန်း အဆင့် ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်နိုင်ပြီဖြစ်

Open Source နှင့် ပတ်သက်သည့် နည်းပညာရပ်ကို လေ့လာသင်ကြားလိုသည့် နိုင်ငံတကာမှ ကျောင်းသားများအတွက် ပြုလုပ်ပေးနေကျ Google Code ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၊ ဆီးရီးယား၊ ကျူးဘား၊ အီရန်၊ ဆူဒန် စသည့်နိုင်ငံများနှင့်အတူ ပိတ်ပင်ခံခဲ့ရသော်လည်း ယခုကျင်းပမည့် Google Code 2014 တွင် ပြန်လည်ရရှိလာခြင်း ဖြစ်သည်။ ကျန် ခြောက်နိုင်ငံမှာမူ Google Code ပြိုင်ပွဲကို ယခုအချိန်ထိ ပါဝင်နိုင်ခွင့် မရရှိသေးကြောင်း သိရသည်။ Opern Source နှင့်ပတ်သက်၍ သင်ကြားလိုသူ၊ သင်ယူလိုသူများ ပါဝင်နိုင်မည့် Google Code 2014 တွင် အသက် ၁၃ နှစ်မှ […]

Read More

ဖုန်းနှင့် tablet များကို ပြန်လည် မရောင်းချမီ အချက်အလက်များ ဖယ်ရှားခြင်း

မိုဘိုင်းထုတ်ကုန် အဟောင်းများကို အခြားသူထံ ပြန်လည်ရောင်းချခြင်း မပြုမီ ၎င်းထုတ်ကုန်များအတွင်းရှိ အချက်အလက်များကို ဖယ်ရှားခြင်းသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များ မသမာသူများ၏ လက်ထဲ ကျရောက်သွားမည့် ဘေးအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ တစ်စစီ ကြေမွသွားသည့် သုံးစွဲသူ၏ မိုဘိုင်းထုတ်ကုန်မှ အချက်အလက်များကို မဖယ်ရှားခဲ့ပါက အခြားသူများအနေဖြင့် အဆိုပါ အချက်အလက်များကို tool များဖြင့် ရာနှုန်းပြည့် ပြန်လည်ရယူ သွားနိုင်သည်။ ထို့ကြောင့် မိုဘိုင်း ထုတ်ကုန်များကို အခြားသူ လက်ထဲ ရောင်းချခြင်း မပြုမီ အချက်အလက် ဖယ်ရှားနိုင်မည့် နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။ အချက်အလက်များ ဖယ်ရှားခြင်း မပြုမီ အောက်ပါ အချက်များကို ပြုလုပ်သင့်ပါသည်။ – contact များအပါအဝင် အချက်အလက် အားလုံးကို backup လုပ်ပါ။ – SIM […]

Read More

MPT ငွေဖြည့်ကတ်စနစ် ဖျက်သိမ်းမည်မဟုတ်

MPT က e top up ကတ်စနစ်ကို ဆောင်ရွက်လျက်ရှိပြီး လက်ရှိအသုံးပြုနေသော ငွေဖြည့်ကတ်စနစ် ဖျက်သိမ်းသွားမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါ e top up ကတ်စနစ်ဝန်ဆောင်မှုကို Elite Tech နှင့် Asia Mega Link အရောင်းဆိုင်များ တွင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလက်ရှိရောင်းချလျက်ရှိသော ငွေဖြည့်ကတ်များကိုပုံမှန် အတိုင်းပင် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှထုတ်ပြန်သည်။ “အသုံးပြုရတာတော့ ဈေးနှုန်းကလွဲရင် အဆင်ပြေပါတယ်၊ MPT ငွေဖြည့်ကတ်တွေရဲ့တန်ဖိုးက တစ်သောင်းတန်ဆိုရင် ၉၇၀၀၊ ငါးထောင်တန်ဆိုရင် ၄၈၀၀ အဲလိုဈေးနည်းနည်းလျှော့ပြီး ရောင်းတဲ့ဆိုင်တွေ ရှိတယ်၊ e top up ကတ်အသုံးပြုရင်တော့ တစ်သောင်းတန်ကို တစ်သောင်း ၊ ငါးထောင်တန်ကို ငါးထောင်ပေးရတာပေါ့” ဟု မရမ်းကုန်းမြို့နယ်ရှိ e […]

Read More

နာရီပုံစံ GSM ဖုန်းဟန်းဆက်

Smart watch  အမှတ်တံဆိပ် U Pro မော်ဒယ် နာရီပုံစံ ဟန်းဆက်တစ်မျိုး ဖြစ်သည်။ GSM ဆင်းမ်ကတ် ထည့်သွင်းကာ အသုံးပြုနိုင်မည်ဖြစ်ပြီး Touch Screen နှင့် ဖြစ်သည်။ ဒီဇိုင်းပုံစံ ဆန်းသစ်ပြီး ခရီးသွားခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကားမောင်းခြင်းများတွင် ဖုန်းကို ထုတ်ကြည့်စရာမလိုဘဲ အချိန်ပြည့် အဆက်အသွယ်မပြတ် အသုံးပြု နိုင်သည့် smart watch ဖြစ်သည်။ Built in camera နှင့် Micro SD Card Slot ပါဝင်သည်။ Bluetooth Function ကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အသုံးပြုလိုသူများ အနေဖြင့် Ko Beno Mobile, Game Sale & Service […]

Read More

MandalaySoft2014 & DevCon2014 Mandalay ၌ ကျင်းပမည့် Software Competition (Web Application) ပြိုင်ပွဲများအတွက် အချက်အလက်များ ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်နှင့် လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်း၍ MandalaySoft 2014 နှင့် Devcon Mandalay 2014 ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတွင် ပြုလုပ်မည့် Software Competition (Web Application) ပြိုင်ပွဲသို့ ပါဝင်လိုသူများအတွက် အချက်အလက်များ ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်လျှောက်ထားသူများသည် MCPA Member ဖြစ်ရမည်ဖြစ်ပြီး အဖွဲ့ ၁ ဖွဲ့လျှင် ၂ ဦး နှင့် ပြိုင်ပွဲဝင်အဖွဲ့ ၁၀ ဖွဲ့အထိသာ လက်ခံခွင့်ပြုသွားမည်ဖြစ်သည်။ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ […]

Read More

ဘေကျင်း ဘတ်စ်ကားများပေါ်တွင် အခမဲ့ Wi-Fi အသုံးပြုနိုင်မည်

တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ ဘတ်စ်ကား စီးနင်းသူများသည် mobile data ကို အသုံးပြုရန်မလိုဘဲ WeChat ပေါ်မှ သူငယ်ချင်းများနှင့် ဆက်သွယ်ခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ TechWeb မှ ဖော်ပြချက်အရ ဘေကျင်းရှိ ဘတ်စ်ကား ၁၂,၀၀၀ တွင် mobile WiFi ကွန်ရက်များကို တပ်ဆင်ထားပြီး ၎င်းတို့ကို ယခုအခါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွန်ရက်များသည် အမြန်နှုန်း 50 Mb/s ဖြင့် ထောက်ပံ့ပေးနိုင်သောကြောင့် ခရီးသည် ၄၀ ဦး တူညီသည့် စာမျက်နှာတစ်ခုကို တစ်စက္ကန့်အတွင်း ဖွင့်နိုင်မည် ဖြစ်သည်။ ထို့အပြင် အဆိုပါ ကွန်ရက်များသည် အွန်လိုင်းဗီဒီယိုများ ကြည့်ရှုရာတွင် လုံလောက်စွာ ထောက်ပံ့ပေးနိုင်ကြောင်း TechWeb […]

Read More

Android OS ဖုန်းများတွင် ဓာတ်ပုံများအား Background ပြောင်းလဲခြင်း

Android OS ဖုန်းတွေမှာ ဓာတ်ပုံနောက်ခံ Background တွေကို ပြောင်းလဲအသုံးနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ အသုံးပြုတဲ့ အခါမှာ ဓာတ်ပုံကို ကွန်ပျူတာတွေမှာ ဖိုတိုရှော့အသုံးပြုပြီး ဖြတ်ထားသလိုမျိုး နောက်ခံ Background တွေကို ဖျက်နိုင်ပြီး ကိုယ့်စိတ်ကြိုက် နောက်ခံပုံတွေကို ပြန်လည်ဖြည့်စွက် နိုင်မှာဖြစ်ပါတယ်။ ဒီလို အသုံးပြုနိုင်ဖို့အတွက် Photo Background eraser ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကိုတော့ Play Store, 1 Mobile Market တို့ပေါ်မှာ အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းမှာ အသုံးပြုနိုင်မယ့် စနစ်သုံးခု ရှိနေပါတယ်။ Gallery […]

Read More

ဖုန်းများကို ပြန်လည် အားဖြည့်နိုင်သော Star Wars Rechargeable Mini Speaker

Star Wars Rechargeable Mini Speaker သည်ဖုန်းကို ကြိုးတစ်ခုတည်းဖြင့် ချိတ်ဆက်ထားပါက အားသွင်းနိုင်သည့်အပြင် သီချင်းလည်း နားထောင်နိုင်မည် ဖြစ်သည်။ Star Wars ဇာတ်ကားများကို ကြိုက်နှစ်သက် သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ၎င်းစပီကာများကို အရောင်နှင့် ပုံသဏ္ဍာန် နှစ်မျိုးဖြင့် ထုတ်လုပ်ထားသည်။ စပီကာများကို Star Wars ဇာတ်ကားမှ Darth Vader ဗားရှင်း (အမည်း) နှင့် Jedi Master ဗားရှင်း(အဖြူ) ဟူ၍ခွဲခြား ထုတ်လုပ်ထားသည်။ တန်ဖိုး ၂၉.၉၉ ဒေါ်လာရှိသော အဆိုပါ Rechargeable Mini Speaker သည် အရွယ်အစား သေးငယ်ပြီး အသံထွက်အားလည်း ကောင်းမွန်သည်။ စပီကာတွင် ပါဝင်သည့် USB port မှာ မိုဘိုင်းထုတ်ကုန်ကို […]

Read More

သုံးစွဲသူများ download ပြုလုပ်သည့် app များကို Twitter ခြေရာခံမည်

သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ စမတ်ဖုန်းများတွင် download ပြုလုပ်ပြီး install ပြုလုပ်ထားသော app များ၏ အချက်အလက်များကို စုဆောင်းသွားမည် ဖြစ်ကြောင်း Twitter မှထုတ်ပြန် ကြေညာခဲ့သည်။ Twitter သည် သုံးစွဲသူဆိုင်ရာ အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် တည်ဆောက်လိုသောကြောင့် app များ download ပြုလုပ်သည့် အချက်အလက်များကို စတင်စုဆောင်း တော့မည်ဖြစ်ကြောင်း Recode တွင် ဖော်ပြထားသည်။ Twitter ၏ Security and Privacy ကဏ္ဍတွင် သုံးစွဲသူများ စိတ်ဝင်စားသည့် အကြောင်းအရာများ ပေးဝေနိုင်ရန် မိုဘိုင်းထုတ်ကုန်ရှိ install ပြုလုပ်ထားသော app စာရင်းကို စုဆောင်းသွားမည် ဖြစ်ကြောင်း ကုမ္ပဏီက ရေးသားထားခဲ့သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် Twitter ကို၎င်းတို့၏ အဆင့်သတ်မှတ် […]

Read More