Day: December 13, 2014

သုံးစွဲသူ၏ လက်ကို touchscreen တစ်ခုအသွင် ပြောင်းလဲအသုံးပြုနိုင်စေမည့် Cicret လက်ပတ်

ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ဈေးကွက် အတွင်းသို့ နည်းပညာ ကုမ္ပဏီများအပြိုင်အဆိုင် ဝင်ရောက်လာချိန်တွင် အလွန်သေးငယ်သည့် built-in projectorတစ်ခုကို အသုံးပြုထားပြီး သုံးစွဲသူ၏ အရေပြာအားtouchscreen တစ်ခုအသွင်ပြောင်းလဲနိုင်မည့် လက်ပတ်တစ်ခုကိုလည်း မကြာမီ မြင်တွေ့ရဖွယ်ရှိသည်။ Cicret ဟုခေါ်သည့် အဆိုပါလက်ပတ်ကို ဝတ်ဆင်သုံးစွဲသူသည် အရေပြားကိုtouchscreen တစ်ခုအသွင် ပြောင်းလဲကာ email စစ်ဆေးခြင်း၊ ဗီဒီယိုကြည့်ခြင်းစသည်တို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။အဆိုပါ လက်ပတ်ကိုထုတ်လုပ်ရန်အတွက် Cicret ဝက်ဘ်ဆိုက်တွင် မတည်ငွေ ကောက်ခံလျက်ရှိပြီး ၎င်းကိုမည်သည့်ဖုန်း၊ tablet နှင့်မဆို အလုပ်လုပ်နိုင်ကြောင်းနှင့် Cicretလက်ပတ်ကို ဝတ်ဆင်သူများသည် email ဖတ်ရှုခြင်း၊အင်တာနက် သုံးခြင်း၊ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းတို့ကိုပြုလုပ်နိုင်စေမည် ဖြစ်သည်။လက်ပတ်တွင် ပါဝင်သည့် အလွန်သေးငယ်သောprojector သည် ပုံရိပ်တစ်ခုကို အရေပြားပေါ်တွင် ဖော်ပြပေး နိုင်ပြီး swipe,tap နှင့် […]

Read More

Sar Lone Keyboard

iOS အသုံးပြုသူများအတွက် Developer ကိုထိန်လင်းရွှေ ထုတ်ဝေဖြန့်ချိပေးသည့် Myanmar Zawgyi Keyboard ဖြစ်သည်။ Keyboard ၏ အရောင်ကို ငါးမျိုးပြောင်းလဲ၍အသုံးပြုနိုင်မှာဖြစ်ပြီး၊ ပြောင်းလဲ အသုံးပြု နိုင်သည့် အရောင်များမှာ အနီ၊ အပြာ၊ အ၀ါ၊ အဖြူ နှင့် ပန်းရောင်တို့ဖြစ်သည်။ အဆိုပါ Sar Lone Keyboard ကို iTunes Store တွင် အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး၊ ဖိုင်အရွယ်အစားမှာ 0.6 MB ခန့်ရှိမည်ဖြစ်သည်။ iOS Version 8.0 နှင့်အထက် တွင်သာအသုံးပြုနိုင်မည့် Keyboard တစ်ခုဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာ ကိုနှိပ်ပါ။

Read More