Day: December 19, 2014

B.Tech မှ B.E ပေါင်းကူးဝင်ခွင့်စာမေးပွဲ ကျင်းပမည်

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်ရှိ နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော B-Tech သင်တန်းများ၏ အတန်းတင် စာမေးပွဲများတွင် အောင်မြင်ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ ဆက်လက် တက်ရောက်ခွင့် မရခဲ့သော ကျောင်းသား၊ ကျောင်းသူများအားလုံး အတွက် ပေါင်းကူး ဝင်ခွင့်စာမေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများနှင့် မိမိတို့ ဖြေဆိုရမည့် ဘာသာရပ်အလိုက် Scope များကို မိမိတို့ B.Tech သင်တန်း အောင်မြင်ခဲ့သည့် နည်းပညာတက္ကသိုလ်၊ ကော လိပ်၊ သိပ္ပံများတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ စတင်ရယူနိုင်ပြီး B.Tech ဘွဲ့လက်မှတ်မူရင်း (သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ အကျင့် […]

Read More

Browser ballot screen ကို ရပ်ဆိုင်းခဲ့သည့် Microsoft

ဥရောပသမဂ္ဂသည် ၂၀၀၉ ခုနှစ်၌ Microsoft browser လွှမ်းမိုးထားချိန်တွင် သုံးစွဲသူများ browser များကို ရွေးချယ်အသုံးပြုနိုင်ရန် စီစဉ်ပေးခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ဥရောပသမဂ္ဂနှင့် Microsoft တို့၏ သဘောတူညီချက်သည် ပျက်ပြယ်သွားပြီ ဖြစ်သည်။ ၂၀၀၉ ခုနှစ်က ဥရောဂသမဂ္ဂတွင် Microsoft သည် Windows နှင့်အတူ Internet Explorer browser ကိုသာထည့်သွင်းထားပြီး browser ဈေးကွက်အတွက် မညီမျှမှုဖြစ်ပေါ်အောင် ပြုလုပ်နေမှုအပေါ် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက်ဆွေးနွေးမှု၏ ရလဒ်အဖြစ် ဥရောပသမဂ္ဂရှိ အဖွဲ့ဝင်များက “browser ballot ” ဟုခေါ်သည့် ဝက်ဘ်ဆိုက်ကို လွှင့်ခဲ့သည်။ Microsoft သည် ဥရောပသမဂ္ဂနှင့် အပြန်အလှန် သဘောတူညီချက်များအရ သုံးစွဲသူများသည် Windows တွင်ပါဝင်သော Internet […]

Read More

Language Learning Tablet လှူဒါန်းပွဲအခမ်းအနား

New Myanmar Channel Co.,Ltd မှ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် စာကြည့်တိုက်သို့ Language Learning Tablet လှူဒါန်းပွဲ အခမ်းအနားကိုတော့ ဒီဇင်ဘာလ ၁၀ ရက်က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် LRC 203 မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  

Read More

Telenor ၏ Call Waiting ၊ Call Hold စသည့် အခမဲ့ ဝန်ဆောင်မှုများ စတင်အသုံးပြုနိုင်ပြီ ဟုဆို

Telenor ဆင်းမ်ကတ်တွင် တစ်ပါတည်း ပါဝင်ပြီးဖြစ်သော Call Waiting ၊ Call Hold စသည့် အခမဲ့ ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ အဆိုပါဝန်ဆောင်မှု အသုံးပြုရန်အတွက် Phone Setting ချိန်ရမည်ဖြစ်ကြောင်း၊ Android ဖုန်းများဆိုပါက setting ထဲသို့ဝင်ရောက်ကာ Call Setting သို့ သွားရောက်ပြီး Addition Setting တွင် Select the Call waiting ကို ရွေးချယ်အသုံးပြုရမည်ဖြစ်ကြောင်း၊ iOS ဆိုပါက setting သို့ သွားရောက်ကာ Call Waiting နေရာ၌ open ပြုလုပ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှု စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းကို Telenor Myanmar […]

Read More

Gallant Training Centre ၏ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲအခမ်းအနား

Gallant Training Centre ၏ အင်္ဂလန်နိုင်ငံ City & Guilds  Institute မှ တိုက်ရိုက် ချီးမြှင့်သည့် Skill Proficiency Cerificate (Basic Motor Vehicle Engineering) အပတ်စဉ် ၁ ၏ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာလ ၉ ရက်က လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းရှိ SAARBRUKEN (Cafe & Snack) မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။  

Read More

Small Car Launch Event

Small Car Launch Event ကိုတော့ ဒီဇင်ဘာလ ၁၂ ရက်၌ အမှတ် ၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်ရှိ Capital Automotive ကား အရောင်းပြခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  

Read More

Samsung Galaxy Q6 Bluetooth headset

Samsung Galaxy Q6 မော်ဒယ် Bluetooth headset ဖြစ်သည်။ Bluetooth Function ပါရှိသည့် ထုတ်ကုန်မျိုးစုံဖြင့် တွဲဖက်အသုံးပြုနိုင်ပြီး ဒီဇိုင်းပုံစံဆန်းဆန်းဖြင့် ဖန်တီးပြုလုပ်ပေးထားသည်။ အသံထွက် ကြည်လင်ပြတ်သားမှု ရှိသည်။ အလေးချိန်မှာ 10 g သာရှိသည့်အတွက် ပေါ့ပေါ့ပါးပါးဖြင့် အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ Bluetooth version 3.0 ဖြစ်ပြီး တစ်ခါအားသွင်းထားပါက ၄ နာရီကြာအထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ဖုန်းနှစ်လုံးနှင့် တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၁၅,၀၀၀ ကျပ်ဖြစ်ပြီး Mighty Force ဖုန်း-၀၉၇၃၂၁၅၉၉၉ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

Read More

Concept တစ်စီးကို အသက်သွင်းထားတဲ့ Cadillac ATS 2014

အားလုံးသိကြတဲ့အတိုင်း Concept ကားတွေဆိုတာ လက်တွေ့ ကားပြပွဲတွေမှာ တဒင်္ဂလေးမိတ်ဆက်လိုက်၊ ပျောက်သွားလိုက်၊ နောက်ထပ်မော်ဒယ်သစ်တစ်မျိုး မိတ်ဆက်လာလိုက် ပျောက်သွားလိုက်နဲ့ ဈေးကွက် ကို၊ လမ်းပေါ်ကို ရောက်ရှိလာတယ်ဆိုတဲ့ မော်ဒယ်ဆိုတာရှားပေမယ့် အခု ကျွန်တော်ပြောမယ့်မော်ဒယ်ကတော့ Concept အဖြစ်နဲ့မိတ်ဆက်ပြီးမှ ဈေးကွက်ဝင်လာတာဖြစ်သလို  သူ့ရဲ့ ရုပ်ထွက်နဲ့ စွမ်းဆောင် ရည်တွေကလည်း Concept တစ်စီးလို့ ဆိုနိုင်မှာဖြစ်လို့ ကျွန်တော်က ခေါင်းစဉ်မှာ Concept တစ်စီးကို အသက်သွင်းထားတယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။ နောက်ပြီး ထူးခြားချက်အနေနဲ့ ပြောရမယ့် အားသာချက်လို အချက်တွေက ATS မှာ တော်တော်များများ တွေ့ ရပါတယ်။ အထူးသဖြင့် အမေရိကန်ကားတွေရဲ့ အစဉ်အလာမဟုတ်တဲ့ အချက်တွေနဲ့ အရင်လက်ဟောင်း Cadillac ရဲ့ မော်ဒယ်တွေနဲ့ပါ သူမတူတဲ့ အချက်တွေ တွေ့ […]

Read More

Disney Infinity 2.0

Disney Infinity 2.0 ဟာ ၂၀၁၃ အတွင်းက ထွက်ရှိခဲ့တဲ့ Disney ဇာတ်ကောင်တွေ ပါဝင်ထားကာ အရုပ်ကလေးတွေရဲ့ Video Game Data အချက်အလက်တွေကို ဂိမ်းအတွင်းထည့်သွင်းကစားနိုင်တဲ့ Disney Infinity ရဲ့ အဆက်ဖြစ်ပြီး Disney နှင့် Pixar Animation ဇာတ်ကောင်တွေရော Marvel Super Heroes တွေပါ တွဲဖက်ပါဝင်ထားတဲ့ ဂိမ်းသစ်ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းကတော့ console တွေအတွက် Disney Infinity: Marvel Super Heroes ဆိုပြီး အရင်ထုတ်ခဲ့ပြီး နောက်ပိုင်းထွက်လာတဲ့ PC နှင့် Next Gen Console Versions တွေမှာတော့ Marvel Comics ရဲ့ ဇာတ်ကောင်တွေကိုပါ ထပ်ပေါင်း ထည့်ပေးထားတာ […]

Read More

ခရစ္စမတ်အကြို Sony Playstation နှင့် Microsoft XBOX ဂိမ်းစက်များကို အထူးပရိုမိုးရှင်းဖြင့် ရောင်းချမည်

ခရစ္စမတ်အကြို Sony Playstation နှင့် Microsoft XBOX ဂိမ်းစက်များကို အထူးပရိုမိုးရှင်းအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ PS4 (500GB), PS3 Super Slim (500GB) ODE version, PSP 3000 (system 6.60 pro), PS Vita 2000(1GB) နှင့် XBOX 360 E with Kinect (500GB) RGH version များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂိမ်းစက်များကို ယခင်ရောင်းဈေးများထက် ဈေးလျှော့ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ PS4 မှလွဲ၍ ကျန် console များကို လက်ဆောင်ပစ္စည်းနှင့် ဂိမ်းခွေများပေးသွားမည်ဟု သိရသည်။ PHYO IT PLAZA […]

Read More