Month: March 2015

Ubuntu OS တွင် Screenie ကိုထည့်သွင်း အသုံးပြုခြင်း

Ubuntu OS ပေါ်တွင် Screenshot ပြုလုပ်တတ် သူများအတွက် Screenshot တွေကို မည်သည့် Photo Editing Software မှ  အသုံးပြုရန်မလိုဘဲ အလင်းအမှောင် ချိန်ညှိပေးခြင်း၊ Reflection များပြုလုပ်ပေးခြင်း၊ သဘာဝကျ စေရန်အတွက် အရိပ်များကို ထည့်သွင်းပေးခြင်း အစရှိတာတွေကို ပြုလုပ်နိုင် စေရန်အတွက် စီစဉ်ဖန်တီးပေးထားတဲ့  Tool တစ်ခု ဖြစ်ပါတယ်။ Ubuntu OS မှာ Screenie ကိုထည့်သွင်း အသုံးပြုဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို  Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို […]

Read More

Windwos RT အသုံးမပြုထားသော Surface tablet သစ်တစ်ခုကို Microsoft ဖန်တီးနေ

Microsoft သည် Surface tablet သစ်တစ်မျိုးကို ဖြန့်ချိရန် စီစဉ်နေကြောင်း WinBeta သတင်းဌာနမှ ဖော်ပြခဲ့သည်။ အဆိုပါ Surface ထုတ်ကုန်သစ်သည် ဧပြီလတွင် ကျင်းပမည့် Microsoft ၏ Build conference မတိုင်မီ သို့မဟုတ် ပွဲအတွင်း ထွက်ရှိလာဖွယ်ရှိကြောင်း WinBeta ကဖော်ပြခဲ့သည်။ Microsoft အနေဖြင့် Surface 2 နောက်တွင် iPad များဖြင့်ယှဉ်ပြိုင်ရန် Surface 3 အားထုတ်လုပ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မထွက်ရှိခဲ့ဘဲ Surface Pro 3 ကိုသာ ထုတ်လုပ်ဖြန့်ချိခဲ့သည်။ Surface tablet သစ်တွင် Windows 8.1 full ဗားရှင်းဖြင့် တင်ပို့ရောင်းချ ဖွယ်ရှိကာ အောက်တိုဘာ လမှသာ တင်ပို့ရောင်းချခဲ့ပါက […]

Read More

အရှေ့တောင် အာရှ၏ တတိယအကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်လာသည့် ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှ၏ တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက် ဖြစ်လာကြောင်း သုတေသန ကုမ္ပဏီ IDC  မှဈေးကွက်ဆိုင်ရာ လေ့လာဆန်းစစ်သူ ဂျာရုန်းဒိုမင်ကွက်ဇ်က ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဖိလစ်ပိုင်သည် ဗီယက်နမ်ကို ကျော်ဖြတ်၍ အရှေ့တောင်အာရှ၏ တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက် ဖြစ်လာခြင်းဖြစ်ကြောင်းသိ ရသည်။ အရှေ့တောင်အာရှ၏ စမတ်ဖုန်း ဈေးကွက်တွင် ပထမနေရာ၌ အင်ဒိုနီးရှား၊ ဒုတိယနေရာ၌ ထိုင်းတို့ရှိပြီး ဗီယက်နမ်မှာ စတုတ္ထနေရာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် စမတ်ဖုန်းသုံးစွဲမှု မြင့်တက်လာပြီး ၂၀၁၄ ခုနှစ်၌ နိုင်ငံတွင်းသို့ မိုဘိုင်းဖုန်း တင်ပို့မှု ၂၆.၈ သန်းအထိ ရှိလာခဲ့ကြောင်း IDC ၏ အချက်အလက် များအရ သိရသည်။ အဆိုပါ စမတ်ဖုန်း တင်ပို့မှုသည် ၂၀၁၃ ခုနှစ်၌ ၂၄ […]

Read More

Musical Paint (iOS)

ကလေးငယ်များအတွက် ဆေးရောင်ခြယ်သည့် App အမျိုးအစားတစ်ခု ဖြစ်သည်။ သီချင်းသံဖိုင်များနှင့် ဆေးရောင်ခြယ်ထားသည်များကို ပေါင်းစပ်ပြီး အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App သည် ကလေးငယ်များအတွက် ရည်ရွယ်ထားပေမယ့် အနည်းငယ်အရွယ်ပိုကြီးသည့် ကလေးများလည်း နှစ်သက်သည့် App တစ်ခုဖြစ်သည်။ Musical Paint ကိုယခင်က iTunes တွင် ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါမှာတော့ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 6.0 နှင့် အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

Zombie 300

Zombie 300 ဂိမ်း App သည် လမ်းမတစ်လျှောက် ထွက်လာသည့် Zombie များကို မလွတ်စေရန်အတွက် ပစ်ခတ်နှိမ်နင်းရမည့် ဂိမ်းအမျိုးအစားဖြစ်သည်။ ပေါ့ပေါ့ပါးပါးနှင့် ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး၊ အခြားသော လက်နက်များကို အသုံးပြု ပြီး၊ ကစားနိုင်စေရန်အတွက်လည်း စီစဉ်ထားသည်။ Download ပြုလုပ်လိုသူများအနေဖြင့် ဖော်ပြပါ Download Link တွင် အခမဲ့ Download ပြုလုပ်နိုင်မည်ဖြစ်ပြီး ယခင်က Play Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ Android Version 2.3 နှင့်အထက်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Read More

မြန်မာ့နှစ်သစ်ကို ကြိုဆိုသောအားဖြင့် LG စမတ်ဖုန်းများကို ပရိုမိုးရှင်းပြုလုပ်၍ ရောင်းချ

မြန်မာ့နှစ်သစ်ကို ကြိုဆိုသောအနေဖြင့် LG ၏ နောက်ဆုံးထွက်ရှိထားသော စမတ်ဖုန်းများဖြစ်သည့် LG G3 Stylus, LG G3, LG L Bello တို့ကို မတ်လ ၂၀ ရက်မှစတင်၍ ဧပြီလ ၁၀ ရက် အထိ ဈေးနှုန်းလျှော့ ချ ရောင်းချပေးသွားမည်ဟု သိရသည်။ LG မှ ဈေးနှုန်းလျှော့ချ ရောင်းချပေးသွားမည့်အပြင် မော်ဒယ်တစ်ခုချင်းစီနှင့် သက်ဆိုင်သော ဖုန်းကာဗာ (Quick Circle Case) နှင့် ဖုန်းမှန်ကပ် (Screen Protection Film) တို့ကိုလည်း လက်ဆောင်အနေဖြင့် ထည့်သွင်းပေးသွားမည် ဖြစ်သည်။ LG  G3 Stylus ကို ၂၉၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ရာမှ ပရိုမိုးရှင်းကာလအတွင်း ၂၇၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ […]

Read More

OLTP (online transaction processing)

OLTP (online transaction processing) ဆိုသည်မှာ application များကို အင်တာနက်ပေါ်တွင် အရောင်းအဝယ် ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးထားသည့် စနစ်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် OLTP စနစ်များကို ငွေကြေးဆိုင်ရာ အရောင်းအဝယ် ပြုလုပ်ခြင်း၊ ပစ္စည်းမှာယူခြင်း၊ သုံးစွဲသူများနှင့် အပြန်အလှန်ဆက်ဆံခြင်း၊ လက်လီရောင်းချခြင်း တို့အတွက် အသုံးပြုကြသည်။ ၎င်းစနစ်များတွင် ကာလတို အရောင်းအဝယ် ပြုလုပ်သူ မြောက်များစွာ ပါဝင်သည်။ OLTP စနစ်၏ အရေးအကြီးဆုံး အချက်မှာ တစ်ပြိုနက်လုပ်ဆောင်နိုင်မှုကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။ Online Transaction Processing တွင် အလွယ်တကူအသုံးပြုနိုင်ခြင်းနှင့် အချိန်တိုအတွင်း အကျိုးရှိစေခြင်း ဟူသော အကျိုးအမြတ် နှစ်ခုကို ရရှိနိုင်သည်။ IBM ၏ CICS (Customer Information Control […]

Read More

Spoke နဲ့ Alloy ဘယ်ဘီး အမျိုးအစားကို ရွေးချယ်မလဲ အပိုင်း (၁)

အရင် ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဆိုင်ကယ်ဆိုရင် Spoke တွေနဲ့ပဲလာပြီး Alloy နဲ့ လာတယ်ဆိုတဲ့ ဘီးတွေကတော့ ရှားပါတယ်။ အထူးသဖြင့် ပုံမှန်ညှပ်ဘရိတ်စနစ်သုံး မော်ဒယ်တွေက Spoke ဘီးတွေနဲ့ပဲ ထုတ်လုပ်ကြတာလည်း ဖြစ်ပါတယ်။ ဒါကလည်း တခြားကြောင့်တော့ မဟုတ်ပါဘူး။ Spoke တွေမှာ ထိုင်ထားတဲ့ ညှပ်ဘရိတ်စနစ်က ဘရိတ်စနစ်ထဲမှာဆိုရင် မော်ဒယ်နိမ့်တာကြောင့် အခုလို မော်ဒယ် နိမ့် ဘရိတ်စနစ်တပ် ဆိုင်ကယ်မှာ မော်ဒယ်နိမ့်တဲ့ ဘီးစနစ်ဖြစ်တဲ့ Spoke စနစ်ကို သုံးကြတာပါ။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဆီဘရိတ် (လေဘရိတ်) လို့လည်း ခေါ်တဲ့ ဘရိတ်စနစ် အသုံးများလာတော့ ဘီးတွေကိုလည်း Alloy သားနဲ့ ထုတ်လုပ်အသုံးပြုလာကြပြီး ဒီဇိုင်းလည်း အမျိုးမျိုးနဲ့ထုတ်လုပ်လာတာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ ဒီတော့ အခုလက်ရှိ […]

Read More

Windows 10 browser သစ် Project Spartan ကို စမ်းသပ်အသုံးပြုနိုင်

သုံးစွဲသူများ စောင့်ဆိုင်းနေကြသည့် Microsoft ၏ browser သစ် Project Spartan ကို ယခုအခါ စမ်းသပ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ဖြန့်ချိထားသည့် Windows 10 build 10049 တွင် Project Spartan preview ဗားရှင်းပါဝင်လာသည်။ သို့သော်လည်း အဆိုပါ browser သစ်တွင် feature အချို့ ပါဝင်လာခြင်း မရှိသေးကြောင်း သိရသည်။ သို့ရာတွင် ၎င်း preview ဗားရှင်းတွင် Cortana, ink support, reading list/reading view နှင့် Spartan rendering engine သစ်တို့ ပါဝင်လာကြောင်း Microsoft မှ ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ အဆိုအရ Project […]

Read More

Silicon Power Ultima U30

Silicon Power Ultima U30 သည် USB 2.0 အမျိုးအစားဖြစ်ပြီး လက်မဖြင့် တွန်းလှည့်၍ အဖုံးကို ၃၆၀ ဒီဂရီ ဆုံလည်ဖွင့်၍ရသော ဒီဇိုင်းဖြင့်ပြုလုပ်ထားပြီး အရောင်တင်ထားခြင်းမရှိသော Metal ဖြင့် ဖွဲ့စည်းထားသည့် Flash Drive တစ်ခုဖြစ်သည်။ Ultima U30 ၏ အားသာချက်မှာ USB ချိတ်ဆက်သည့်အခါ  အပျက်အစီး ထိခိုက်မူမရှိစေရန် ချောင်သောဝင်ရိုးဖြင့် အနေအထား လေးမျိုးလှည့်၍ အဖုံးကို ဆုံလည်ဖွင့်၍ရသော နည်းပညာကို အသုံးပြုထားခြင်း ဖြစ်သည်။ အာမခံသက်တမ်းကို Lifetime ပေးထားပြီး 8GB- ကန်ဒေါ်လာ ၅.၅၊ 16GB – ကန်ဒေါ်လာ ၈.၉၊ 32GB – ကန်ဒေါ်လာ ၁၄.၇ ဖြင့် Golden Power […]

Read More